Tuesday, September 24, 2019

"စိတ်ထားတွေပြောင်းပြီး ကျောင်းတက်ကြ "

"စိတ်ထားတွေပြောင်းပြီး ကျောင်းတက်ကြ "

ဒီကနေ့ မုံရွာတက္ကသိုလ် ကိုဘာပြောမလဲဆိုတော့ ။ ကျောင်းသားကျောင်းသူတွေ ၁ရနှစ် ၂၀ ပတ်ဝန်းကျင် ကျောင်းသားကျောင်းသူတွေရဲ့လက်ထဲကို နှောင်နှစ်ပေါင်း-၂၀လောက်ရောက်ရင် ဒီတိုင်းပြည်ကို အပ်ရမှာ။
တစ်နိုင်ငံလုံးက တာဝန်တွေဟာ ဒီကျောင်းသားကျောင်းသူတို့ရဲ့ ပုခုံးပေါ်ကို မကြာခင် ရောက်လာတော့မယ်ဆိုတာကို အားလုံးစဉ်းစားထားဖို့လိုတယ်။

မင်္ဂလာအတွေးများ (၁)

မင်္ဂလာအတွေးများ (၁)

အသေဝနာစ ဗာလာနံ ဧတံမင်္ဂလမုတ္တမံ ။
လူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်းသည်
မြတ်သော မင်္ဂလာမည်၏ ။
လူမိုက်ဆိုလျှင်၊ ရှောင်သွေလွှဲလို့ ၊
မမှီဝဲနဲ့ ကင်းအောင်နေ။

ရုပ်လှချင်ရင် ဂုဏ်တော်ပွားပါ

ရုပ်လှချင်ရင် ဂုဏ်တော်ပွားပါ

တစ်ကယ်တော့ ဂုဏ်တော်ပွားရင် စိတ်ချမ်းသာရုံတင် မကပါဘူး။ ရုပ်ကိုလည်းလှစေတာပါ။
ဂုဏ်တော်ကို နေ့စဉ်ပွားနေရင် စိတ်သဘောထားတွေ မွန်မြတ်လာမယ်။ စိတ်သဘောထားတွေ မွန်မြတ်လာရင် စိတ်သဘောထားတွေ ပြောင်းလဲကြည်လင်လာမယ်။

Monday, September 23, 2019

ဒိဋ္ဌိ၏အထင်

ဒိဋ္ဌိ၏အထင်

★ ဒိဋ္ဌိမညနာ - ဒိဋ္ဌိမညနာ ကျတော့ သူမြင်ပုံက တစ်မျိုး၊ ဘာနဲ့ ဥပမာတူတုန်း ဆိုလို့ရှိရင် ကိုယ့်ခန္ဓာကိုယ်ကို မှန်ကြည့်လို့ မှန်ထဲမှာပေါ်လာတဲ့ အရိပ်ကို ငါလို့ထင်မှတ်သလို ဖြစ်နေတယ်၊ တကယ်တော့ မှန်ထဲမှာ ပေါ်လာတဲ့အရိပ်ကို ငါလို့ ထင်မှတ်သလို ဖြစ်နေတယ်။
★ တကယ်တော့ မှန်ထဲမှာ ပေါ်လာတဲ့အရိပ်ဟာ လှမ်းကိုင်ကြည့်လို့လည်း မရဘူး၊ တကယ်လည်း ရှိတာမဟုတ်ဘူး၊ တကယ်မရှိပေမယ့် ရှိတယ်လို့ ထင်နေတယ်ပေါ့။

မာန၏အထင်

မာန၏အထင်

★ "မာနမညနာ" - ဘဝတစ်ခု ရလာပြီဆိုရင် လူတွေရဲ့ သက်တမ်းက ဘယ်လောက်ပဲရှိရှိ သေမယ့်ရက်ကို ဘယ်သူမှ မစဉ်းစားနိုင်ကြဘူး၊ သိလည်း မသိကြဘူး၊ ဘဝ ရလာတာနဲ့ လူတိုင်း လူတိုင်းဟာ နိစ္စထာဝရ မသောတော့မယ့်ပုံမျိုးပဲ နေကြတယ်။

ပိဏ္ဍောလဘာရဒွါဇနှင့်ဥဒေနမင်း

ပိဏ္ဍောလဘာရဒွါဇနှင့်ဥဒေနမင်း

တစ်ချိန်က ပိဏ္ဍောလ လို့ ခေါ်သော ဘာရဒွါဇမထေရ် ဘုန်းကြီးတို့ ဗုဒ္ဓဘာသာ လူတိုင်း လူတိုင်း နားလည်လွယ်အောင် ပြောရလို့ရှိယင် ရာဇဂြိုဟ် သေဋ္ဌေးရဲ့ စန္ဒကူးသပိတ်ကို ကောင်းကင်က တန်ခိုးဣဒ္ဓိပါဒ်ဖြင့် ယူတော်မူတဲ့ ပိဏ္ဍောလဘာရဒွါဇ လို့ခေါ်သော မထေရ်သူမြတ် ကောသမ္ဗီပြည်ရဲ့ အနီး ဃောသိသာရုံ ဃောသိတသေဋ္ဌေး= ဃောသကသေဋ္ဌေး ဆောက်လုပ် လှူဒါန်းတဲ့ ဃောသိသာရုံ ခေါ်သော ကျောင်းတိုက်ကြီးမှာ သီတင်းသုံး နေထိုင်တော်မူတဲ့ အခိုက် ဖြစ်ပါတယ်။

Sunday, September 22, 2019

သတိဆိုသည့်ဓမ္မစေတီ

သတိဆိုသည့်ဓမ္မစေတီ

★ နေ့တိုင်းနေ့တိုင်း ကိုယ့်အိမ်မှာနေရင်းနဲ့လဲပဲ ဓမ္မစေတီတည်ဆောက်လို့ရတယ် ကရုဏာနဲ့လုပ်နေတာ။ ကိုယ်ကပိုက်ဆံရှိလို့သုံးနိုင်တယ် ဒီရေသုံးနိုင်တယ် သွားတိုက်ရင် ရေဖွင့်ထားတယ်တခါတည်း သွားတိုက်ရင်းရေကကျနေတယ်။ မသုံးနိုင်တဲ့ပုဂ္ဂိုလ်အတွက်က ဒီရေသိပ်မရှိတော့ဘူး ဒီမှာများများသုံးလိုက်ရင် ဟိုဘက်မှာနည်းသွားမှာပေါ့ ရေကအကန့်အသတ်ရှိတယ်။