ပဏာမ နှင့် ဝန်ခံချက်


နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။


      ပစ္စုပ္ပန်နှင့် သံသရာ နှစ်ဖြာကောင်းကျိုး တိုးထက်တိုးဖို့ မြတ်နိုးဖွယ်ရာ ကိုးကွယ်ရာအစစ်ဖြစ်တော်မူသော ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့အား ရိုသေစွာ ရှိခိုးပါ၏။
      မြင်းမိုရဆယ်ဆနှိုင်းမရသည့် အနန္တဂုဏ်အင် ထာဝရကျေးဇူရှင် အစစ်ဖြစ်ကြသော ခမည်းတော် နှင့် မယ်တော်၊ ဆရာရင်းဖြစ်တော်မူသော ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ ၊ အမှတ်(၃) ရပ်ကွက် ၊ အင်းတောင်ကျောင်းဆရာတော်၊ ဆရာရင်းမဟုတ်သော်လည်း ဆရာရင်းနှင့်မခြားဘဲ မိမိအပေါ်ကျေးဇူးကြီးမားသည့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့၊ ရှုခင်းသာရပ်ကွက်၊ ရဝိမဉ္ဇူ(ပါရမီ)စာသင်တိုက် ဆရာတော် နှင့် ဆရာလည်းဖြစ် နောင်တော်ကြီးလည်း ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲကျေးရွာ၊ ဓမ္မရိပ်သွင်(ဓမ္မရိပ်သာ)ဆရာတော်တို့အား ဂရုဂါရဝပြုအပ်ပါသည်။
      ဤရွေ့ဤမျှ တတ်သိနားလည်အောင် သွန်သင်ဆုံးမ လမ်းညွှန်ပြသပေးခဲ့ကြသည့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းတို့အားလည်း ဤအရှင်မှ ဂရုဂါရဝ ပြုအပ်ပါသည်။
      ဤဘလော့ဆိုဒ်သည်  အရှင်၏ ဓမ္မအသိ မျှဝေရာနေရာတစ်ခုဖြစ်ပါသည်။ တရားတော်များကို ယူနီကုတ်စနစ်ဖြင့် ဖတ်ရှုနိုင်သည်။ မူလက ဇော်ဂျီဖောင့်ဖြင့် ရေးသားခဲ့သော ပို့စ်များကို ယူနီကုတ်ပြန်ပြောင်းရာတွင် အချို့စာလုံးများမှာ သတ်ပုံမှားယွင်းမှုများ ရှိနိုင်ပါသည်။ နောက်ပိုင်းပို့စ်များကိုလည်း ယူနီကုတ် စနစ်ဖြင့်သာ ရေးသားဖော်ပြပါတော့မည်။ 

ဦးကဝိ(ပါရမီ)
ရဝိမဉ္ဇူ(ပါရမီ)စာသင်တိုက်
ရှုခင်းသာ၊ သာကေတ။