Tuesday, September 24, 2019

"စိတ်ထားတွေပြောင်းပြီး ကျောင်းတက်ကြ "

"စိတ်ထားတွေပြောင်းပြီး ကျောင်းတက်ကြ "

ဒီကနေ့ မုံရွာတက္ကသိုလ် ကိုဘာပြောမလဲဆိုတော့ ။ ကျောင်းသားကျောင်းသူတွေ ၁ရနှစ် ၂၀ ပတ်ဝန်းကျင် ကျောင်းသားကျောင်းသူတွေရဲ့လက်ထဲကို နှောင်နှစ်ပေါင်း-၂၀လောက်ရောက်ရင် ဒီတိုင်းပြည်ကို အပ်ရမှာ။
တစ်နိုင်ငံလုံးက တာဝန်တွေဟာ ဒီကျောင်းသားကျောင်းသူတို့ရဲ့ ပုခုံးပေါ်ကို မကြာခင် ရောက်လာတော့မယ်ဆိုတာကို အားလုံးစဉ်းစားထားဖို့လိုတယ်။

ဝတ္တရားကျေရုံကလေး ဘွဲ့လေးချိတ်ထားပြီးတော့ ငါဘယ်ဘွဲ့ရခဲ့တယ်ဆိုတဲ့ ဂုဏ်ယူဝင့်ကြွားစရာ စကားလေးတစ်ခွန်းပြောဖို့လောက် အဲ့ဒီလောက်လေးမှန်းပြီးတော့ ကျောင်းတက်တာမျိုး မဖြစ်သင့်ဘူး။
နောက်တစ်ခုက ဘွဲ့လေးတစ်ခုခုရရင် ဘယ်ကုမ္ပဏီမှာ ဘယ်ဋ္ဌာနမှာ ဝန်ထမ်းသွားလုပ်မယ် တစ်နပ်စာလောက်လေးပဲ စဉ်းစားတဲ့စိတ်ထားတွေလည်းပဲ အကုန်လုံးလျှော့ထားရမှာ ဖျောက်နိုင်ရင် ဖျောက်ပစ်ရမှာ။
ကျနော်ကျမတို့ ဒီလောက်သင်ထားလို့ ဒီဘွဲ့ရပါတယ်ဗျာ စေခိုင်းတော်မူကြပါလို့ အလုပ်သွားတောင်းတာဟာ
စဉ်းစားကြည့်ရင် ဘယ်လောက်များ အောက်ကျနောက်ကျ နိုင်သလဲလို့။
အဲ့ဒါကို ရှင်းရှင်းလင်းလင်းနားလည်ချင်ရင် ဒီကနေ့ ထိုင်းနိုင်ငံကိုလှမ်းကြည့်လိုက်။ ဗမာပြည်က အလုပ်သမား (၄)သန်းကျော်ရှိတယ်။ ဒီတော့ မျှော်မှန်းချက်က ဘာလဲဆိုတော့ ဒီတရားပွဲဖိတ်စာမှာ ပရဟိတအသင်း-ဆိုတာ စိတ်ဝင်စားဖို့ကောင်းတယ်။
တိုင်းပြည်ရဲ့အကျိုးကို ဒို့သယ်ပိုးမယ်ဆိုတဲ့  စိတ်ဓာတ်မွေးပြီးတော့ ကျောင်းတက်ဖို့လိုတယ်။
_/\_ ရုက္ခာ ဖလန္တိ ပရောပကာရတ္ထာယ- _/\_ သစ်ပင်တွေမြေကြီးပေါ်ပေါက်လာတာ အလကားပေါက်လာတာမဟုတ်ဘူး။ အသီးသီးပြီးတော့ ဒီလူတွေ စားပြီးဖို့ သူတို့ ပေးတာပဲ။ သူတစ်ပါးကို ကျေးဇူးပြုတာဟာ အသက်မရှိ စိတ်မရှိသော်လည်း သစ်ပင်ပေါင်းများစွာဟာ ကျေးဇူးရှင်တွေ။ သစ်ပင်တစ်ပင် ဖျက်မယ် ခုတ်လှဲမယ် လုပ်ရင်ငါ့ကျေးဇူးရှင် ငါဖျက်ဆီးတာပဲလို့ သဘောပေါက်ရင် တိုင်းပြည်ဟာ သိပ်လှမှာ။
_/\_ ဂါဝေါ ဒုဟန္တိ ပရောပကာရတ္ထာယ- _/\_
-နွားမတွေ နို့ရေတွေ တဒီးဒီးပေးနေတာ ။ အဲ့ဒီ နွားမ တစ်ခါမှ သူ့နို့သူမသောက်ဘူး။ ဒီလူတွေ အကုန်ဝိုင်းသောက်တာ။သူ့သားလေးတောင် ကောင်းကောင်းမသောက်လိုက်ရဘူး။ သူတစ်ပါးအကျိုးဆောင်တဲ့နေရာမှာ သစ်ပင် နွားမ ။ နွားထီး ပုခုံးပွန်းအောင် ရုန်းလို့ ထွက်လာတဲ့ ဆန်စပါး အဲ့ဒီနွားကြီး မစားပါဘူးဗျာ။ရိုးပြတ် ကောက်ရိုးပဲ စားပါတယ်။ ကိုယ်ကျိုး စွန့်ပြီးတော့ သူတစ်ပါးအကျိုး ဆောင်ရွက်ချင်တဲ့စိတ်ဟာ အဲ့ဒီ နွားကြီးတွေလို မွေးတတ်ရမယ်။ ဒါမှ ဒီတိုင်းပြည်ဟာ ကမ္ဘာရဲ့နောက်မှာ ခြေလှမ်းတစ်ရာလောက် နောက်ကျကျန်ရစ်တာ။ ခြေးလှမ်းတစ်ရာလောက် နောက်ကျကျန်ခဲ့တဲ့တိုင်းပြည်ကို ၁၀ ၊၂၀ လောက် မှီအောင်လိုက်နိုင်ဖို့က
ခုနက စိတ်မျိုးတွေ မွေးရမယ်။
အဲ့ဒီတော့ ပညာရေးစနစ်မှာလည်း အဲ့ဒီလိုစိတ်ဓာတ်မျိုးတွေ ဖွံ့ဖြိုးတဲ့ပညာရေးစနစ်တွေ ဒီတိုင်းပြည်မှာ ပြဋ္ဌာန်းဖို့လိုပြီ။ ဥပမာ - ဟင်နရီဒူးနန့်-ကြက်ခြေနီ အသင်းကြီးထောင်သွားတာ တစ်ကမ္ဘာလုံး ဒီကနေ့
လိုက်ပြီးတော့ ကြက်ခြေနီတွေ လုပ်ကြတာ။ စစ်ကြီးတွေဖြစ်နေတဲ့ စစ်ပွဲကြီးတွေ ထဲမှာတောင်မှ
ကြက်ခြေနေကြီးတွေ ကြောကပ်ပြီးတော့ မျက်နှာမလိုက်ဘူး။ငါ့ဘက်က သူ့ဘက်က။ငါကြည်ညိုတဲ့ပါတီ မကြည်ညိုတဲ့ပါတီ မျက်နှာမခွဲဘူး။လူနာတိုင်းကို ပြုစုတာ။ဒါပရဟိတ စိတ်ဓာတ်ဆိုတာ။
မာသာထရီသာ-တို့။ ခရစ်ယာန်ပဲ။ ဟန်နရီဒူးနန့်-ဆိုတာလည်း ခရစ်ယာန်ပဲ။ အဲ့ဒီလို ပရဟိတစိတ်တွေ မွေးဖို့ရန် ဘုန်းကြီးတို့ရဲ့ ဗုဒ္ဓစာပေမှာလည်း ဆုံးမထားတာတွေရှိသားပဲ။
ရုက္ခာ ဖလန္တိ ပရောပကာရတ္ထာယ-
ဂါဝေါ ဒုဟန္တိ ပရောပကာရတ္ထာယ-
သစ်ပင် မြစ်ချောင်း၊ နို့ကောင်း နွားမ၊ ဤ ကာယကား သီးခံတန်သီး စီးမြဲ စီးလျှက်၊ဒီးဒီးယိုကျ ကျိုးဆောင်ရ၏။ ဆရာကြီး ဦးဆန်းထွန်းရေးထားခဲ့တာ။ အဲ့ဒါကြောင့် ပရဟိတအသင်းတို့ ဗုဒ္ဓဘာသာအသင်းတို့ရဲ့ ဒီလုပ်ငန်းတွေဟာ  တိုင်းပြည်ရဲ့အကျိုး ဗုဒ္ဓဘာသာရှု့ထောင့်ကပြောရင်တော့ ၊ဗုဒ္ဓသာသနာခိုင်မြဲရေး တည်တံ့ရေးပေါ့။
ဒါပေမယ့်နိုင်ငံတော်အစိုးက ဖွင့်လစ်တဲ့ ဒီဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ ကောလိပ်တွေ ဘာသာရေးနဲ့ဆိုင်တဲ့ ကောလိပ်တွေ တက္ကသိုလ်တွေ ဗမာပြည်မှာ ထွန်းကားဖို့နေနေသာသာ စိတ်ကူးတောင် မရကြသေးဘူး။
၁၉၈၂-ခုနှစ်က - ၁ နှစ် နီးနီး။၁၉၉၂ နဲ့ ၉၃- တုန်းက ၊ (၂)နှစ် နီးပါး။ဘုန်းကြီးတို့ အမေရိကန်ပြည်ထောင်စုမှာ နေတယ်။ ဘာသွားလုပ်တာလဲ-လို့ ဆိုရင် အင်္ဂလိပ်စာသွားသင်တာ။
ဘုန်းကြီးတို့ ရိုးရိုး ဓမ္မစရိယတန်းပဲ အောင်တယ်။ ဘယ်တက္ကသိုလ်မှာမှ တက္ကသိုလ်ကျောင်းသားအဖြစ်
ဗမာနိုင်ငံမှာ မတက်ဖူးဘူး။ နိုင်ငံခြားလည်း မတက်ဖူးပါဘူး။ သံဃာ့တက္ကသိုလ်မှာ(၃)နှစ် ဆရာဖြစ်သင်တန်း
Diploma ဆိုတာလေးတော့ ဘုန်းကြီးတို့ အဲ့ဒီလောက် တက်ဖူးတယ်။ Matriculation Standard လောက်ပဲရှိပါတယ်။ငါအင်္ဂလိပ်စာကောင်းကောင်းတက်ချင်တယ် ငါဘယ်လို လုပ်မလဲ။ ၈၂-ခုနှစ်မှာ အင်္ဂလန်သွားတယ်။
အင်္ဂလိပ်စာ နိုင်ငံခြားသားတွေကို သင်ပေးတဲ့ ဋ္ဌာနတစ်ခု ဘာမန်ဂန်မှာ ရှိတယ်။အဲ့ဒီမှာ သွားတက်တယ်။၆-လလောက်ကြာတယ်။ တကယ်တတ်လားလို့ဆိုတော့ မတတ်ဘူး။
ဘာဖြစ်လို့မတတ်တာလဲလို့ဆိုတော့ ဗမာကျောင်းမှာ ဒေါက်တာ ရေဝတ-က ဘာမင်ဂန်မှာ ကျောင်းထောင်ထားတယ်။ အဲ့ဒီမှာနေပြီးတော့ ကျောင်းတက်တာ ဒါ့ကြောင့် မတတ်တာ။
ဗမာတွေချည်း ဝိုင်းနေတာ။ချဉ်ပေါင်ဟင်းနဲ့ ငပိတော့ အင်္ဂလန်မှာ ကောင်းကောင်းစားရတယ်။
အဲ့ဒါကြောင့် မတတ်တာနဲ့ တူတာပဲ။ ဗမာမရှိတဲ့နေရာ ငါသွားမယ်ကွာဆိုပြီး အမေရိကန်ပြည်ထောင်စု
Tennessee - တင်နက်ဆီပြည်နယ်ရဲ့ မြို့တော် Nashville- နက်ရှ်ဗီး-ကို ရှာပြီး ရောက်သွားတယ်။ ဗမာက နှစ်ယောက်ပဲ ရှိတယ်။ တစ်ယောက်က ထမင်းဆိုင် အကြီးအကျယ်ဖွင့်တယ်။ သေချာပြီ ငါဆွမ်းမပူရဘူး။အချိန်တန် ထမင်းဆိုင် သွားစားလိုက်ရုံပဲ။
သူတို့ကလည်း ဖိတ်ထားတယ်။ဦးဝင်းဆွေတဲ့ အခုထိရှိသေးတယ်။ မန်ဆန်ချူးဆက်မှာ- တစ်ယောက်က ဦးဝင်းမြင့် ကျောက်ဆည်သား။ နယူးယောက်တက္ကသိုလ်မှာသွား ပညာသင်ရင်း သင်္ချာဘာသာရပ်နဲ့ PhD ရပြီးတော့။ အမေရိကန်မနဲ့ ညားပြီး ဗမာပြည်ပြန်မလာဘူး။
Scolarship - အစိုးရကပေးပြီး ပညာတော်သင်လွတ်လိုက်တာ ပြန်မလာဘူး။ အဲ့လိုလူတွေ အများကြီးပဲ။
သူက နက်ရှ်ဗီးမှာ တင်နက်ဆီ state university ရဲ့ သင်္ချာဋ္ဌာနမှာ Professor လုပ်ရင်းနဲ့ ပိုက်ဆံစုပြီးတော့ နှစ်(၈၀)လောက် အိုပြီး ဟောင်းနေတဲ့ Church ခရစ်ယာန်ကျောင်း အဟောင်းကြီးကို Cross ရဲ့နေရာမှာ ဓမ္မစကြာဝိုင်းကြီးတင်လိုက်ပြီး Buddhist Center -ဆိုပြီး ဖွင့်တာ။ အဲ့ဒီ ရောက်သွားတာ။ဗမာက နှစ်ယောက်ပဲရှိတယ်။ဒီတော့ ပရိတ်သတ်စဉ်းစားကြည့်စမ်း နှစ်(၈၀)လောက် သက်တမ်းရှည်ပြီဖြစ်တဲ့ ခရစ်ယာန် Church ကို ခရစ်ယာန်ဘုန်းကြီးတွေက ရောင်းတယ်။ ဝယ်တာက ဗုဒ္ဓဘာသာက ဝယ်တာ။
ဘယ်သူကမှ ဘာမှ မပြောဘူး ဝေဖန်တာတွေ ဖေ့ဘွတ်တင် ဆဲတာတွေ မရှိဘူး။ ရန်လည်းမဖြစ်ဘူး။
အေးအေးဆေးဆေးပဲ အရောင်းအဝယ်ဖြစ်သွားတယ်။ သဘောထားကြီးကြဖို့ အရေးကြီးတယ်။ ဘုန်းကြီးတို့ တိုင်းပြည်က  Very Sensitive တစ်ခုဆိုရင် အော်ဆဲမယ် ရန်တွေ့မယ်။ သဘောထား မကြီးတဲ့ကာလပတ်လုံး
သဘောထားကြီးတဲ့ ပညာရပ်တွေကို မသင်ကြားနိုင်သမျှ ကာလပတ်လုံး ဖွံံ့ဖြိုးတိုးတက်ဖို့ မလွယ်ဘူး။
အဲ့ဒီChurch -ကို ဗုဒ္ဓစင်တာ လုပ်တာ  ဘုန်းကြီးက အဲ့ဒီကိုရောက်သွားတာ။ မနက်(၁၀)နာရီဆို ဦးဝင်းဆွေ
ထမင်းဆိုင်သွားပြီး ဆွမ်းစား။ အဲ့ဒီတော့ ပြောမှာက ဘာလဲဆိုတော့ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ပါးပါး လက်တွဲနေတဲ့ သဘောလေးကိုပြောချင်တာ။တိုင်းပြည်ရဲ့ လိုအပ်ချက် ဒီကနေ့။
မည်သည့်ဘာသာနဲ့ မည်သည့်ဘာသာမဆိုငြိမ်းချမ်းစွာ အေးချမ်းစွာ လက်တွဲနေနိုင်ကြဖို့
အရေးကြီးတယ်။
Peacefully Collaboration and Peaceful Co-existence it is very essential in this country today.သိပ်လိုတယ်။ အဲ့ဒီတော့ ဆက်ပြောမှာက ဘာပြောမှာလည်းဆိုတော့ စွန့်လွတ်စွန့်စားချင်တဲ့ စိတ်ထား။
The Sense of Adventure -ကျောင်းသားတွေ ရှိရမယ်။ အစဉ်အလာလေးနဲ့ သင်ပြီးတော့ အောင်သွားပြီးတော့မှ ကျတော် ကျမတို့ကို ခိုင်းပါဆိုပြီး အလုပ်သွားလျှောက်တာမျိုး-ဆိုတာ စွန့်လွှတ်ချင်တဲ့ စိတ်ဓာတ်မရှိတဲ့ သူတွေ။
The Sense of Adventure- စွန့်လွှတ်ချင်တဲ့ စိတ်ဓာတ်ရှိရမယ်။ ဘယ်က Schollar ရလဲ ဘယ်က Support ရှိလဲ ။ဘုန်းကြီးက အဲ့ဒီ ဗုဒ္ဓစင်တာကြီး ရောက်သွားတယ်။ ဗုဒ္ဓဘာသာကျောင်းအဖွဲ့ ဗမာမှာတော့ ဂေါပကအဖွဲ့။ဟိုမှာတော့ Board of the Trustry ဖွဲ့တယ်။ပရောဖက်ဆာ ဦးဝင်းမြင့်က ဥက္ကဋ္ဌ။၃၄ ကျန်တာတွေ အကုန် အမေရိကန်တွေချည်းပဲ ဗုဒ္ဓဘာသာအဖွဲ့ထဲမှာ ဘုန်းကြီး မှတ်မိနေတာ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ရှေ့နေကြီး ဂျွန်ဂျိုးစတန့်။သူက အတွင်းရေးမှူး။ နောက် ပရော်ဖက်ဆာကြီး ဒေါက်တာ ချားလ်ဟန်ဘရစ်။ သူက ခရစ်ယာန်ဘုန်းကြီး ကြီး။Baptistဘုန်းကြီး ကြီး။ ဘုန်းကြီးနဲ့ အရင်းနှီးဆုံးက အဲ့ဒီနှစ်ယောက်။
ဂျွန်ဂျိုးစတန့်- ဘုန်းကြီးတို့ နေရေးထိုင်ရေး ကျန်းမာရေး ဗီဇာကိစ္စ၊အဲ့ဒါတွေ သူက အကူအညီပေးတယ်
ရှေ့နေကြီးကိုး။ Immigration နဲ့ ပြောပြီး Visa  Extension လုပ်တာ သူလုပ်ပေးတာ။ ပရော်ဖက်ဆာ- ချားလ်ဟန်ဘရစ်ကဘာလုပ်ပေးလဲဆိုတော့ သောကြာနေ့ တနေ့ ညနေစောင်းမှာ သူလာတော့
I want to learn Meditation
Technique under the guidance of the Sayardaw. ဆရာတော်ဆီမှာ တရားထိုင်တာ သင်ချင်တယ်ဆိုတာနဲ့ အာနာပန-လေးပါးထဲ ညပိုင်းလေးမှာ တနေ့ တနည်း သင်ပေးလိုက်တာ ၂ -လလောက်သင်တော့ ကုန်သွားတယ်။ သောကြာနေ့ တစ်ညလုံး ကျောင်းမှာ အိပ်ပြီးတော့ အဲ့ဒီ ခရစ်ယာန်ဘုန်းကြီး ကြီးတရားအားထုတ်တာ။ စနေနေ့ ရောက်ပြီဆိုတော့ သူ့တက္ကသိုလ်ကကျောင်းသားတွေ ခေါ်လာတယ်။
တက္ကသိုလ်ကြီး နာမည်က Vanderbilt University ဘန်ဒါဘစ်-နှစ်ပေါင်း(၂၀၀) ကျော်သွားပြီ။
အဲ့ဒီ တက္ကသိုလ်ကြီးက ။သက်တမ်း သိပ်ရှည်တယ်။
အကောင်းစား တက္ကသိုလ် (၇)ခုထဲမှာ ပါတယ်။ဘန်ဒါဗစ် တက္ကသိုလ်ရဲ့ The Department of the Religious Study -ဘာသာရေးကိုလေ့လာတဲ့ဋ္ဌာနရဲ့ သူက Director ။ သူ့မှာ Class လေးခု ရှိတယ်။ Zen Buddhism class ရယ်။ Meditation class ရယ်။ Comparative study of Religions  ဆိုတဲ့ Class ရယ်။The Survey of Eastern Religions ဆိုတဲ့ Class ရယ် လေးခု။အဲ့ဒီလေးခုရဲ့ သူက Director။ ဟေး မစ်စတာ ချားလ်-မင်းလိုချင်တဲ့ Meditation လေးတော့ ငါသင်ပေးပြီးပြီ။
ငါလိုချင်တာလေး မင်းသင်ပေးပါဦး။ ငါ အင်္ဂလိပ်စာ ကောင်းကောင်းဖတ်ချင်တယ်။ အင်္ဂလိပ်စကားလည်း ကောင်းကောင်းပြောချင်တယ်မင်းအဲ့ဒါ ကူညီပေးပါလို့ - ဆိုတော့ ဟာကောင်းတာပေါ့တဲ့ ဒါ Give and Take ပဲတဲ့။ အပြန်အလှန် အပေးအယူ လုပ်ကြရအောင်။ သောကြာနေ့ညတိုင်း သူ့ကို ဗုဒ္ဓဘာသာအကြောင်းသင်ပေး တစ်ယောက်တည်း။စနေနေ့ကျတော့ ကျောင်းသားတွေ ခေါ်လာတယ် သင်ပေး။တနင်္ဂနွေနေ့နား ဗုဒ္ဓဘာသာတွေအတွက် အချိန်ပေး အဝေးက မိုင် ၃၀၀ လောက်က လာတာ။
ဆိုတော့ တနင်္လာကနေ့ သောကြာနေ့အထိ (၆)ရက်။ အဲ့ဒီကျောင်းတက်ရက် -၆ရက်မှာတော့ တနင်္လာကနေ သောကြာ ငါးရက် မှာတော့ သူစာပြတဲ့ အတန်းတိုင်းမှာ ကျောင်းသားတစ်ယောက်လို တက်ပါဆိုတော့။
အဲ့ဒါဆို မင်း အသိအမှတ်ပြုတဲ့ ကဒ်ပြားလေး ငါ့ပေးထားဆိုတော့ သူက သူ့Sign လေးနဲ့ လုပ်ပေးထားတော့
ကျောင်းသားမဟုတ်ပဲနဲ့ ကျောင်းသားလို ကျောင်းတက်ခွင့်ရသွားတယ်။  Vanderbilt University ဘန်ဒါဗစ်-တက္ကသိုလ်မှာ။သူသင်တဲ့ အတန်းတိုင်းရဲ့နောက်မှာကျောင်းသားတွေရဲ့နောက်မှာ ထိုင်ပြီး ဘုန်းကြီး နားထောင်တယ်။
ပြီးတော့ သူက ထပ်မံပြီးတော့ သူက Request လုပ်တယ်။တစ်ပတ်(၁) ရက် (သို့) နှစ်ပတ် (၁) ရက်
the Survey of Eastern Religions မှာ တက်ပြီးတော့ Lecture တစ်ခုပေးပါ။
အဲ့ဒီတော့ ဘုန်းကြီးက ၂-ပတ်၊ တစ်ကြိမ် သူ့အတန်းထဲမှာ စာတက်ပြတယ်။ တစ်ပတ်ကို ၄ရက် -၅ ရက် သူ့အတန်းမှာ ကျောင်းတက်တယ်ဆိုတော့ ကျောင်းသားတစ်လှည့် ဆရာတလှည့် အဆင်ပြေသွားတယ်။
အဲ့ဒီတော့ ကျောင်းသားတွေ ကျောင်းသူတွေ အားလုံးပြောချင်တာက ဘာလဲ။ Sense of Adventure - စွန့်လွှတ် စွန့်စားချင်တဲ့ စိတ်ဓာတ်တွေမွေးကြ။ ပိုပြီးတော့ လေးလေးနက်နက် ပြောရရင် Sense of the Scrifice ။ ကိုယ့်ဘဝကိုယ် မြုပ်နှံချင်တဲ့ စိတ်ဓာတ်တွေ မွေးကြ။ နောက်တစ်ခုပြောဦးမယ် Sense of the Inventor ။ တီထွင် ဆန်းသစ်လိုတဲ့ စိတ်ထားတွေ မွေးကြ။

(ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး
၂၅.၈.၂၀၁၇- နေ့က မုံရွာတက္ကသိုလ်တွင် မိန့်ကြားတော်မူသောသြဝါဒမှ)
Crd#