Sunday, September 22, 2019

မရဏအသိ-ကုသိုလ်အသိ

မရဏအသိ-ကုသိုလ်အသိ

(သေခြင်းတရားကို မမေ့ပါနဲ့၊ မကြောက်ပါနဲ့)
★ မရဏလို့ပြောရင် သေခြင်းလို့ပြောရင် သူကကြောက်စရာကြီး၊ ကြောက်စိတ်က ကုသိုလ်လား? အကုသိုလ်လား? (အကုသိုလ်ပါ.. ဘုရား။) အကုသိုလ်စိတ် ဒေါသပဲ။ အဲ့ဒီဒေါသစိတ်နဲ့ ကြောက်တဲ့စိတ်နဲ့ စားတယ်ဆိုရင် ဒါ ကုသိုလ်နဲ့စားတာလား? အကုသိုလ်နဲ့စားတာလား? (အကုသိုလ်နဲ့ စားတာပါဘုရား။)

★ မိသားစုနဲ့ ထမင်းစာနေတယ်၊ ပင်ပင်ပန်းပန်းရှာထားတဲ့ ပိုက်ဆံနဲ့ တခါ မိသားစုနဲ့ ထမင်းစားတယ် စားတဲ့အချိန်မှာ မရဏတရား သေခြင်းတရားကို ကြောက်တဲ့စိတ်က ခေါင်းထဲမှာ အင်္ဂလိပ်စကားလိုပြောရင်တော့ at the back of your mind ဆိုတာ ဦးဏှောက်ရဲ့တစ်နေရာ၊ မှောင်မိုက်နေတဲ့ ဦးဏှောက်ရဲ့ တစ်နေရာထဲမှာ သေခြင်းတရားကို ကြောက်တဲ့စိတ်က အဲ့မှာနေပြီးတော့ remote control နဲ့ televison ကို control လုပ်သလို remote control နဲ့ ကိုယ့်အပြုအမူအားလုံးကို control လုပ်တယ်ဆိုရင် အဲ့ဒါ ကုသိုလ်အသိမဟုတ်ဘူး။ အကုသိုလ်ဖြစ်တယ်။
★ ဒါပေမဲ့ သေခြင်းတရားက မလွဲမရှောင်သာ လူတိုင်းကြုံတွေ့ရမယ့်အရာ။ ဒီကြုံတွေ့ရမဲ့အရာကိုလည်းပဲ လူသားတွေအနေနဲ့ သူ့ကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်တဲ့ လူသားရှာတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အကြောင်းမသိလို့ အထူးသဖြင့် ကြောက်စိတ်အကြောင်းမသိလို့။ ကြောက်စိတ်အကြောင်းကို မသိလို့ ဒီကြောက်စိတ်ကြောင့် မိမိလိုတာထက် ပိုစုဆောင်းမိလာတာ၊ လိုတာထက်ပိုစုဆောင်းခြင်း မလုံလောက်မှာစိုးလို့ တခါတည်း ရှာတယ် ရှာတယ်။
★ လူတိုင်း iphone တို့ samsung တို့ ကိုင်ကြတယ်။ iphone တီထွင်တဲ့ Steve Job ဆိုတဲ့ ပုဂ္ဂိုလ်က စျာန်ဗုဒ္ဓဘာသာဝင်ပါပဲ။ ဒါပေမဲ့ သူက တရားတော့အများကြီးကျင့်တဲ့ ပုဂ္ဂိုလ်တော့ မဟုတ်ပါဘူး။ သူငယ်ငယ်တုန်းကကတော့ ဟိန္ဒူတရားတွေ ကျင့်တယ်။ အောင်မြင်လာတဲ့ အခါကျတော့ အဲ့ဒါတွေကို မေ့သွားတယ်။ သေခြင်းတရားအကြောင်းလည်းမေ့တာ မေ့ပြီးတော့ သူရဲ့ အလုပ်ထဲမှာ စိတ်နစ်မြှုပ်နေတာ။
★ အလုပ်အရမ်းကြိုးစားတာ။ အရမး်ကြိုးစားလို့ပဲ Telephone ဒီလို Touch ဖုန်းလို့ ခေါ်တဲ့ လက်နဲ့ပွတ်ရုံနဲ့ အမိန့်ပေးနိုင်တဲ့ တယ်လီဖုန်း တီထွင်တယ်။ မကောင်းဘူးလားဆိုတော့ ကောင်းတာပေါ့ လူတွေရဲ့ဘဝ လူတိုင်းရဲ့ဘဝကို လွယ်ကူအောင် သူလုပ်ပေးတာ။
★ သူ့မိသားစုကို သူအချိန်လုံလုံလောက်လောက် မပေးခဲ့ဘူး။ ဒါပေမဲ့သူသေခါနီးမှာ ဘာနောင်တရတုန်းဆိုတော့ တနေ့ကျရင် သေရမှာကိုမေ့ပြီးတော့ သူ့မိသားစုကို သူအချိန်လုံလုံလောက်လောက် မပေးခဲ့ဘူး။ သူ့သားသမီးတွေကို အချိန်လုံလုံလောက်လောက် မပေးခဲ့ဘူး။ မေတ္တာ မပေးခဲ့ဘူး။ ပိုက်ဆံရှိရင်လိုတာ အကုန်ဝယ်ရင်ရတယ် အကုန်ပြီးတယ် အဲ့ဒီစိတ်ဝင်သွားတာ မာနစိတ်ဝင်သါားတာ။
★ အဲ့ဒါနဲ့ ဆေးရုံပေါ်မှာ သေခါနီး သူ့သားသမီးတွေကိုခေါ်ပြီး တောင်ပန်းတယ်။ သူတို့ကို အချိန်ကျကျနန မပေးခဲ့ဘူး လုံလုံလောက်လောက် မပေးခဲ့ဘူး။
★ ကလေးငယ်လေးက ပိုက်ဆံလိုတာ မဟုတ်ဘူး။ မိဘရဲ့ မေတ္တာ နွေးထွေးမူကို လုတာ အချိန်ကို လိုတာ Attention ဆိုတဲ့ ဂရုစိုက်မှုကို လိုတာ။ တချို့မိကတွေက မသိတဲ့အခါကြတော့ ကလေးတွေကို တခြားသူတွေနဲ့ အပ်ထားပြီးတော့ အထိန်းတွေကပဲ ထိန်းသွားတယ်။ အထိန်းကပေးတဲ့ ဂရုစိုက်မှုနဲ့ မိဘကပေးတဲ့ ဂရုစိုက်မှုမတူဘူး။
★ တချို့ကအပြင်မှာ အလုပ်သွားတယ် သားသမီးလေးတွေ (၂)နှစ်ခွဲ (၃)နှစ်လောက်တည်းက မူကြိုကျောင်းမှာ သွားကစားခိုင်းတယ်။ အနောက်နိုင်ငံမှာဆို အဲ့ဒါမျိုးဖြစ်နေတယ်။ အဲ့လိုဖြစ်တဲ့အခါကျတော့ မိဘနဲ့နီးနီးကပ်ကပ် မနေရတဲ့ကလေး မိဘနဲ့မနေရပဲနဲ့ ကြီးလာတဲ့ကလေးက သူ့စိတ်ထဲမှာ နွေးနွေးထွေးထွေး မရှိဘူး။
★ ဘုန်းဘုန်း အသုံးပြုနေကြ စကားလုံနဲ့ပြောရင် စိတ်ခံ စားမှု အသိဉာဉ် EQ ခံစားမှုဆိုတဲ့ အသိဉာဏ် ဖွ့့ံဖြိုးမှု နည်းတယ်။ EQ လို့ခေါ်တယ် အင်္ဂလိပ်လို။ ဒါ နုလုံးရဲ့အသိပေါ့။ နွေးထွေးတဲ့ အသိ အဲ့ဒီအသိမရဘဲနဲ့ သူကကြီထွားရတယ်။ အဲ့ကလေးဆို သူကကြောက်တတ်တယ်၊ အေးစက်စက်နေတတ်တယ်။
★ ဘေးကလူတွေနဲ့ ဆက်ဆံလို့ မရ ဆက်သွယ်လို့ မရ သူများရဲ့ခံစားမှုကိုလည်း သူတို့မသိဘူး။ သူတို့ ခံစားမှုကိုလည်း သူများပြောမပြေတတ်ဘူး။ ကျောက်တုံးကြီးလို ရေခဲတုံးကြီးလို အဲ့လို အေးစက်နေတဲ့ အေးတိအေးစက် ဖြစ်တတ်တယ် ကြီးလာတတ်တယ်။
★ အပြင်ကိုအလုပ်သွားလုပ်တဲ့ မိဘတွေလည်းပဲ အိမ်ပြန်လာရင် ကလေးကို ဒီတိုင်း သူများနဲ့ပဲ ပစ်ထားတယ်ဆိုတော့ စိတ်ထဲမှာ နောင်တရတဲ့စိတ်တွေ တချက်တချက်တော့ ပေါ်တယ်။ အဲ့နောင်တရတဲ့စိတ် စိတ်မကောင်းတာနဲပ အဲ့ဒါတွေကို ဖြေဖျောက်ခို့ ကလေးကို ပစ္စညး်တွေ ဝယ်ပေးတယ်။ ကလေးက လိုလို့မဟုတ်ဘူး။
★ ကစားစရာဆိုရင် တခုမကဘူး မကြာမကြာ ဝယ်ပေးတယ် ကလေးကလိုလို့ မဟုတ်ဘူး၊ ပေးတဲ့ပုဂ္ဂိုလ်က ပေးဖို့လိုအပ်လို့။ စိတ်ထဲမှာ မလုံမလဲဖြစ်နေလို့ ကလေးကို စောင့်ရှောက်ရမယ်တာဝန် မေတ္တာမေးရမယ်တာဝန် အဲ့ဒီတာဝန်မေ့နေခဲ့တယ်။ မေ့နေတဲ့အခါကြတော့ ကလေးမြင်လည်းမြင်ရော စိတ်ထဲမှာမလုံမလဲတွေ ဖြစ်ပြီးတော့ ကစားစရာဝယ်ပြေးပြီး ဖုံးဖိထားတယ်။
★ ကစားစရာတခုဆို ကလေးကပြသနာမရှိသေးဘူး ဒီကစားစရာလေးကို ဒါသူ့ဟာဆိုပြီးတော့ ကလေးက အလွယ်တကူ သူသိနိုင်တယ်။ သိစိတ်ကရော မသိစိတ်ကရော ဆက်စပ်ယူလို့ရတယ် relate ယူလို့ရတယ်။ ကစားစရာ ၂ခုဖြစ်လာတယ်ဆိုရင် ဘယ်ကစားစရာဟာ သူရဲ့ဟာတကယ်ဖြစ်တယ်၊ သူတကယ်ပိုင်ဆိုင်တယ်။ ကစားစရာ ၂ခုဆိုရင် ဘယ်တခုနဲ့ ဆက်ဆံရေးနဲအောင် တည်ဆောက်ရမယ်ဆိုတာ ဒီကလေး ဆုံးဖြတ်ရခက်တယ်။
★ ကလေးက ငယ်ငယ်လေးပဲ ရှိသေးတာ (၂)နှစ် (၃)နှစ်ပဲ ရှိသေးတာ အဲ့ဒီကလေးကို အဲ့ဒီလို ဆုံးဖြတ်ချက် ဆုံးဖြတ်ဖို့ တာဝန်ကို ပေးတာ ဒါက ရက်စက်တာ။ ကစားစရာ (၃)ခု (၄)ခုဆိုရင် ကလေးက ဘယ်ကစားစရာတခုနဲ့မှ သူရဲ့ relationship အဆက်သွယ် ခိုင်မြဲအောင်ဖွဲ့စည်းဖို့ ခံစားမူ သံယောဇဉ်တွေ ထားဖို့၊ အဲ့သံယောဇဉ်ရှိမှ သူနွေးထွေးတာကိုး၊ သူပိုင်ဆိုင်တယ်။
★ အဲလို့ ထားဖို့အတွက် သူ့မှာ အချိန်မရှိဘူး အချိန်မရှိတာတက် မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေ ကလေးပေါ်မှာ ဖြစ်တယ်။ ဒီလေးခုထဲမှာ ဘယ်တစ်ခု အဲ့ဒီမှာ ကလေးကထွေသွားတယ်။ အဲ့ဒီကလေးတွေကြီးလာရင် သူငယ်ချင်းတွေရှိလာတဲ့အခါမှာ သူငယ်ချင်းတွေနဲ့ပေါင်းသင်းလာတဲ့အခါမှာ သူငယ်ချင်းတွေနဲ့ လေးလေးနက်နက် ပေါင်းပြီးတော့ အေးတူပူအမျှ အဲ့ဒီလိုစိတ်ထားမိုး ထားနိုင်ဖို့ ခဲယဉ်းသွားတယ်။
★ ဘာလို့ ခဲယဉ်းလဲဆိုရင် ငယ်ငယ်တုန်းက သူ့မှာ နွေးထွေးမှု မရခဲ့ဘူး၊ တည်မြဲတဲ့ခိုင်မြဲတဲ့ ဆက်ဆံရေးကို သူအရုပ်နဲ့သူ မတည်ဆောက်ခဲ့ရဘူး။ မိဘနဲ့ခိုင်မြဲတဲ့ ဆက်ဆံရေးမတည်ဆောက်ရုံတင်မကဘူး သူရှိတဲ့ပစ္စည်း သူ့ကစားစရာ အဲ့ဒါနဲ့လည်း ခိုင်မြဲတဲ့ ဆက်ဆံရေး မတည်ဆောင်နိုင်ဘူး။
★ မိဘက အလုပ်ခဏခဏပြောင်းလို့ အိမ်ခဏခဏပြောင်းလို့ ကျောင်းခဏခဏ ပြောင်းရတဲ့ ကလေးတွေ သူငယ်ချင်းတွေ ခိုင်မြဲအောင် သူငယ်ချင်းတွေနဲ့ ခိုင်မြဲတဲ့ဆက်ဆံရေးရှိအောင် မတည်ဆောက်နိုင်ခဲ့ဘူး၊ ပြောင်းပြောင်းသွားလို့။
★ အဲတော့ သူ့တို့ဘေးနားမှာရှိတဲ့ လူတွေနဲ့တွေ့တဲ့အခါမှာ အဲ့ဒီဆက်ဆံရေးတွေကို တန်ဖိုးထားတတ်တဲ့ အလေ့အကျင့်မရခဲ့ဘူး။ မရခဲ့ရင် သူများကလည်းပဲ သူ့တို့ကို တန်ဖိုးရှိတဲ့ သူငယ်ချင်းလို့ သတ်မှတ်ချင်မှ သတ်မှတ်မယ် တန်ပြန်သက်ရောက်မှု ရှိတာကိုး။
★ အဲ့တော့ Steve Job က သူ့ iPhone ကိုတည်ထောင်တဲ့ ပုဂ္ဂိုလ်ကြီး ... သူ ပြောသွားတယ် ကုတင်တွေဘယ်လောက်ပဲ စျေးကြီးစျေးကြီး တချို့ခရီးသွားဟိုတယ်သွားအိပ်တယ်ဆိုရင် တစ်ညတည်းနဲ့ သုံးလေးသောင်း ကုတင်တစ်လုံး။ တချို့ကြတော့ သိန်းနဲ့ချီတယ် သိပ်စျေးကြီးတယ်။
★ ဒါပေမဲ့ အဲ့ဒီထဲမယ် စျေးအကြီးဆုံးကုတင်ကတော့ ဘာကုတင်တုန်းဆိုရင် သေရာညောင်စောင်းကုတင်တဲ့ သေခါနီးမှာ အိပ်ရတဲ့ကုတင် ဆေးရုံကုတင်။ အရမး်စျေးကြီးတယ်။ ဒီဟာကို တွေးပြီးတော့ ဒီသေခြင်းတရားအကြောင်းကို တွေးပြီးတော့ လူအများစု (၉၉)ရာခိုင်နှုန်းက ကြောက်စိတ်တွေဖြစ်တယ်။
★ ဘုန်းဘုန်းတို့ မြတ်စွာဘုရားက လူတွေကြောက်တာကို ကြည့်ပြီးတော့ ကရုဏာဖြစ်တယ်။ မဟာကာရုဏိကော ... ကရုဏာဖြစ်တယ်၊ သနားတယ်။ သနားတဲ့စိတ်နဲ့ နည်းပေးထားတယ်။ ဘာနည်းပေးထားတုန်းဆိုတော့ သေခြင်းတရားကို မှန်မှန်ကန်ကန် ကြည့်တတ်ရင် ကိုယ်ရဲ့သဘောထားအမြင် အမြင်ကမှန်ကန်တယ်ဆိုရင် ဒီ သေခြင်းတရား ဒီလောက်ထိကြောက်ဖို့ မလိုဘူး။ သူ့ကိုကြောက်တဲ့ စိတ်နည်းသွားတယ်။
★ သေခြင်းတရားကို ကြောက်တဲ့စိတ် နည်းသွားရင် မိသားစုနဲ့ နေရတဲ့ဘဝ၊ တူတူထမင်းစားတယ်၊ ရတဲ့အချိန်လေးမှာ စကားပြောကြတယ် အိမ်နီးနားချင်းတွေနဲ့ စကားပြောကြတယ် သူ့ကိုကူညီတယ် ကိုယ့်ကို သူကူညီတယ် အေးအတူပူအမျှ နေကြတယ်။ အဲ့ဒီလိုနေနိုင်တာ ဘာလို့နေနိုင်တုန်းဆို သေခြင်းတရားကို ကြောက်တဲ့စိတ်နည်းလို့။
★ သေခြင်းတရားကို မေ့ရင်တော့ ကြောက်တဲ့စိတ်ကို အနိုင်ယူနိုင်တယ် ဒါကြောင့် သေခြင်းတရားကို မကြောက်ရဘူး။ ဒုက္ခကို မကြောက်ရဘူး။ ဒုက္ခကိုကြောက်ပြီးတော့ ထွက်ပြေးရင် ဒုက္ခက ကိုယ်သွားမယ့်နေရာမှာ ထိုင်စောင့်နေတယ်။
ကျေးဇူးတော်ရှင်Oxfordဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏
“မရဏအသိ-ကုသိုလ်အသိ (၁၉.၁.၂၀၁၈)” တရားတော် မှ ကောက်နှုတ်ဖော်ပြပါသည်။
credit to #ThazinHteik