ဘုန်းကံဆိုတာ အလိုအလျှောက် ရှိနေတာလား?
ဘုန်းကံဆိုတာ အလိုအလျောက်ပေါ်ပေါက်လာတာတော့ မဟုတ်ပါဘူး။
မိမိအတိတ်ဘဝက ပြုလုပ်ခဲ့သောကုသိုလ်ကံကြောင့်လည်းပေါ်ပေါက်လာပါတယ်။
ယခုလက်ရှိဘဝပြုလုပ်သော ကုသိုလ်ကံကြောင့်လည်း ပေါ်ပေါက်လာပါတယ်။
အနည်းငယ်ရှင်းပြပါရစေ။
.
အတိတ်ဘဝကံကြောင့် ဘုန်းကံပေါ်ပေါက်လာသူတွေ အများကြီးထဲက
ဂေါတမမြတ်စွာဘုရား လက်ထပ်တော်၌ ဇမ္ဗူဒိပ်ကျွန်းလုံးဝယ်ကျော်စောထင်ရှားသော
ဇောတိက, ဇဋိလ, မေဏ္ဍက, ကာကဝလိယနှင့်ပုဏ္ဏတို့သူဌေးကြီး ငါးဦးအကြောင်း
ပြောပြပါရစေ။
ဇဋိလသူဌေးကြီးသည် အတိတ်က ကဿပမြတ်စွာဘုရား၏ ဓာတ်တော်စေတီဌာပနာ
တိုတ်တွင် တစ်ထွာစီမြင့်သော ရွှေပန်းခိုင်သုံးခုကိုလှူဒါန်းပြီး ထိုစေတီ၌ ရွှေတစ်ဖျာစာ
မလောက်မငှဖြစ်နေသည်ကို လှူဒါန်းပူဇော်ခဲ့သည့် ကောင်းမူကြောင့် ဇဋိလသူဌေးဘဝ
တွင် အိမ်တံခါးဝ၌ အတောင်ရှစ်ဆယ်မြင့်သော ရွှေတောင်ကြီးပေါက်လာ၏။
ဇောတိကသူဌေးကြီးသည် ၀ိပဿီမြတ်စွာဘုရား လက်ထပ်တော်တွင် ဗန္တ္တုမတီပြည်၌
အပရာဇိတအမည်ဖြင့် သူကြွယ်ဖြစ်ခဲ့၏။
ထိုသူကြွယ်သည် ၀ိပဿီဘုရားရှင် သီတင်းသုံးရန် ဂန္ဓကုဋိတိုတ်ကို ရတနာခုနှစ်ပါးဖြင့်
ထူးထူးခြားခြား တည်ဆောက်လှူဒါန်းခဲ့၏။
ဤကုသိုလ်ကံကြောင့် ဇောတိကသူဌေးဘဝတွင် သူနေထိုင်ရန် ရတနာဗိမာန်ကြီး
မြေမှ ပေါက်လာရ၏။
အပရာဇိတ သူကြွယ်သည် တူတော်စပ်သည့် သူဌေးကဝိပဿီမြတ်စွာ
ဘုရားနှင့် သံဃာတော်များ စည်းဝေးရန် ဆိတ်ရုပ်ခံသည့်ဇရပ်တစ်
ဆောင်ကို ရတနာခုနှစ်ပါးဖြင့် မွမ်းမံတည်ဆောက်ခဲ့၏။
ဤတူ-သူဌေးက မေဏ္ဍကသူဌေးကြီး ဖြစ်လာသည့်အခါ ရှစ်မင်းပယ်
စာမျှရှိသော မြေပြင်တွင် ဆင်ကြီးမြင်းကြီး အရွယ်မျှရှိသော ရွှေဆိတ် ရုပ်များ ကျောချင်းထိကာ ပေါ်ပေါက်လာကြ၏။
(သူဋ္ဌေးကြီး ပုဏ္ဍ အကြောင်းကို ရှာမရတဲ့အတွက် ခွင့်လွှတ်ပါ)
အထက်ပါ အချက်များသည် မိမိအတိတ်ဘဝက ပြုလုပ်ခဲ့သော ကုသိုလ်ကံ၏ဘုန်းကံများပင်ဖြစ်ပါတယ်။)
ဘုန်းကံသည် ယခုဘဝမှာလည်း ဆိုင်ပါတယ်။
ဘုန်းကံနဲ့ ပတ်သက်လို တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက
ဘုန်းကံဆိုတာ ရှေးက ပါခဲ့ပေမဲ့ ယခုဘဝကြိုးစားမှု့ ကလည်းရှိရတယ်။
စင်စစ်တော့ ကံဆိုတာ ရေလာမြောင်ပေးလုပ်မှာလည်း ကောင်းကျိုးရှိရာ ကောင်းကျိုးလာပြီး မကောင်းမှု ရှိရာမကောင်းကျိုးလာမှာပဲလို့ မိန့်တာလေးကို မှတ်သားဖူးပါတယ်။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီကလည်း ကုဋေရှစ်ဆယ်ကြွယ်ဝချမ်းသာတဲ့
မဟာဓနသူဌေး ခွက်လက်ဆွဲတောင်းစားနေတာကိုကြည့်ပြီး ဒီသူဌေးသည်
ပထမအရွယ်မှာ တရားအားထုတ်ရင် ရဟန္တာဖြစ်နိုင်တယ်။ဒုတိယအရွယ်မှာ
တရားအားထုတ်ရင် အနာဂါမ်ဖြစ်နိုင်တယ်။
တတိယအရွယ်မှာ တရားအားထုတ်ရင် သကဒါဂါမ်ဖြစ်နို်င်တဲ့လို ့မိန် ့ကြားတော်
မူတာလေးကိုလည်း မိမိတို့ သတိမူသင့်တယ်။
နောက်ပြီးအခန်း(၁၃) လောကတရားစု- လောကဝဂ်)မှာလည်း
"ယောစ ပုဗ္ဗေ ပမဇ္ဇိတွာ၊
ပစ္ဆာ သော နပ္ပမဇ္ဇတိ၊
သောမံ လောကံ ပဘာသေတိ၊
အဗ္ဘာမုတ္တောဝစန္ဒိမာ။ "
"ရှေးက ကုသိုလ်ကောင်းမှု၌ မေ့လျော့ခဲ့သော်လည်း
နောင်အခါ ကုသိုလ်ကောင်းမှု၌ မမေ့လျော့သောသူသည်
တိမ်တိုက်မှလွတ်သော လမင်းကဲ့သို့ ဤလောကကို ထွန်းလင်းစေ၏ "
လို ့ဟောထားပါတယ်။
ဒီနေရာမှာ--
ဘုန်းကံဆိုတာ ရှေးဘဝ နောက်ဘဝနဲ ့ဆိုင်တာကို မသိတဲ့လူတွေသုံးတဲ့
စကားပုံလေး ဗဟုသုတအဖြစ်ပြောလိုက်ပါရစေ။
ဘာလိုလည်းဆိုတော့တစ်ချို ့လူတွေအကုသိုလ်လုပ်ပြီး
ဘာလို ့ကြီးပွားနေတာလဲ အမေးခံရလို ့ပါ။
ဗောဓိပင်ပျိုးလို့ ခြေကျိုးရ၊
ဗောဓိကိုင်းချိုးလို့ရွှေအိုးရ။”
ဟူသောစကားလေး ကြားဖူးမယ်ထင်ပါတယ်။
တစ်ကယ်တော့ဗောဓိပင်ပျိုးလို့ခြေကျိုးတာ မဟုတ်ပါဘူး။
ဗောဓိပင်ပျိုးသူသည် သေရမယ့် ကံပါလာသောလည်း ဗောဓိပင်ပျိုးလိုက်သော
ကုသိုလ်ကောင်း မှုကြောင့်သေရမည့်ကံက လွတ်ပြီးခြေကျိုးတာကို ဆိုလိုတာပါ။
ထိုအတူပါပဲရွှေအိုးပေါင်းများစွာရရှိရမည့် ကုသိုလ်ကံပါသော်လည်းဗောဓိကိုင်းချိုးသော
အကုသိုလ်ကံကြောင့် ရွှေအိုတစ်အိုးသာ ရရှိတာကိုဆိုလိုတာပါ။
ထိုသို့မသိဘဲ့ အကုသိုလ်လုပ်လည်း ကြီးပွားတာပဲလို့ တွေးလိုက်ရင်တော့ မှားယွင်းသော အသိဉာဏ် (wrong view) ဖြစ်သွားပါပြီ။
" ဒီလောက်ဆိုရင် ဘုန်းကံဆိုတာ အလိုအလျောက်ရှိနေတာလား " ဆိုတဲ့
မေးခွန်းရဲ့အဖြေရလောက်ပါပြီ။
သတ္တဝါခပ်သိမ်း တရားကိန်း အေးငြိမ်း ချမ်းသာရှိပါစေ။
.
အရှင်ဝိစက္ခဏ
( မဟာလယ်တီ)