လူတိုင်းက လူတိုင်းကိုသနားရမယ်
★ သနားတယ်ဆိုတာက ဘယ်သူ့ကဘယ်သူ့ကို သနားတယ်၊ အရမ်းချမ်းသာတဲ့ ပုဂ္ဂိုလ်က ဆင်းရဲတဲ့သူကို သနားတာ အထက်ကလူက အောက်ကလူကို သနားတယ် ဒီလို narrow definition မဟုတ်ဘူး။
★ လူတိုင်းက လူတိုင်းကို သနားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သနားစရာအကြောင်းက လူတိုင်းမှာ ရှိလို့။ ဘုန်းဘုန်းက ဒီနေ့ Presenter အနေနဲ့လာတယ်၊ တရားဟောဖို့ ဆရာတော်အနေနဲ့လာတယ်၊ တကယ်လို့ ဘုန်းဘုန်းက ပြောတာ တခုခုလိုသွားတယ်ဆိုရင် ကရုဏာနဲ့ ကြည့်တတ်ရင် အိမ်ပြန်သွားတဲ့အခါမှာ စိတ်ဒဏ်ရာဒဏ်ချက်နဲ့ မပြန်သွားဘူး၊ စိတ်ဒဏ်ရာဒဏ်ချက် ယူမသွားဘူး ကောင်းတာပဲ ယူသွားတယ်။
★ ပြောတဲ့နေရာမှာ shortcoming ရှိတယ် လိုအပ်တယ်ဆိုလည်း အဲ့ဒါကိုကြည့်ပြီး တွေးပြီးတော့ တနေကုန် regret (နောင်တ) ဖြစ်နေတယ်ဆိုရင် မနက်ဖြန် performance မကောင်းတော့ဘူး၊ မနက်ဖြန်လည်း ရှိသေးတယ် ဟုတ်တယ်မို့လား။ သဘက်ခါလည်း ရှိသေးတယ်၊ ဖိန်းနွှဲခါလည်း ရှိသေးတယ်၊ သူက journey လိုဖြစ်နေတာကိုး သူကရပ်လို့ မရဘူး အဲတော့ ဒီလိုဖြစ်ဖို့အတွက် ကိုယ့်ကိုယ်ကို Healing မြန်မြန်ဖြစ်အောင် လုပ်ဖို့လိုအပ်တယ် ဒါတော့ ကရုဏာပဲ။
★ တကယ်လို့ ဘုန်းဘုန်း ဒီနေ့ ပြောချင်တဲ့ဟာ မပြောမိဘူး တခါတခါလေ တရားသွားဟောတာလေ တွေးထားတာနဲ့ ဟောဖြစ်တာ တခြားစီပဲ ဒီတရားထဲမှာ လူတွေနားလည်းအောင် ဒီပုံပြင်လေးသွားပြောမယ် သွားဟောတဲ့အခါကြ အဲ့ပုံပြင် မပြောဖြစ်ဘူး။ တခါတခါကြတော့ အဲ့ပုံပြင်မေ့သွားတယ် တခါကြတော့ မမေ့ဘူး တခြားအကြောင်းတွေ ပြောရင်းပြောရင်းနဲ့ အချိန်တွေက ကုန်သွားတဲ့အခါကြတော့ တရားနာပရိတ်သတ်ကို အားနာပြီး မပြောဖြစ်ဘူး။
★ ကျောင်းပြန်တဲ့အခါကြ နောင်တရတယ်၊ အဲဒီ နောင်တ ရတာလေးကို ကိုယ့်ဟာကိုယ် ကရုဏာနဲ့ ပြန်ကြည့်ရတယ် မဟုတ်ရင် အိပ်ယာဝင်တဲ့အခါ အဲ့နောင်တနဲ့ အိပ်တယ်၊ နောက်တစ်နေ့ နောင်တနဲ့ ထမှာလေ။
★ ဘုန်းဘုန်း တရားပွဲတွေမှာ မကြာမကြာဟောဖူးပါတယ် မနှစ်က စင်္ကာပူမှာ ခြေထောက်ခွဲတဲ့အခါကြတော့ ခွဲခန်းထဲဝင်ခါနီး ခွဲခန်းထဲမှာရှိတဲ့ ပစ္စည်းတွေကို ကြည့်ပြီး ဘုန်းဘုန်း မုဒိတာ ဖြစ်တယ်။
★ အဲ့ဒီဟာတွေကို တီထွင်တဲ့ အင်ဂျင်နီယာတွေ oxford တက္ကသိုလ်မှာ အဲ့ဒီဟာလေးတွေကို တီထွင်တဲ့ အင်ဂျင်နီယာလေးတွေက တရားလာထိုင်တော့ တချို့က လူနာရဲ့ လည်ပင်းမှာ အသုံးပြုဖို့အတွက် ကျီးပေါင်းဖြစ်ရင် အသုံးပြုဖို့အတွက်၊ တချို့ကြတော့ heart disease ရှိတဲ့သူတွေ အသုံးပြုဖို့ ပစ္စည်းတွေ တီထွင်တာ ကျောင်းသားနှစ်ယောက်သုံးယောက် professor နဲ့ အဲ့ဒါကို လုပ်ရတယ် ပို်က်ဆံလည်း အများကြီးကုန်တယ်။
★ ဘုန်းဘုန်းက အဲ့ဒါတွေ သိထားတဲ့အခါကြတော့ ခွဲခန်းထဲမှာရှိတဲ့ပစ္စည်းတွေကြည့်ပြီး စိတ်ထဲမှာ လူတွေရဲ့လုံ့လဝီရိယ သူများအတွက် လုပ်တဲ့ဟာ ဒုက္ခရောက်တဲ့လူတွေအတွက် ကူညီချင်တဲ့ဟာ အဲ့ဒါကြည့်ပြီးတော့ I feel wonderful စိတ်ထဲမှာ မုဒိတာ ဖြစ်တာပေါ့။
★ ကိုယ်လိုအပ်တဲ့အချိန်မှာ ခွဲတတ်တဲ့ဆရာဝန် ဒီမှာရှိနေတယ်၊ ကျကျနန train လုပ်ထားတဲ့ Nurse ဒီမှာရှိတယ်၊ အဲ့ဒါတွေ တစ်ယောက်တည်း တစ်ခုစီ တစ်ခုစီ လျှောက်တွေး မုဒိတာ ဖြစ်တယ်၊၊ ဖြစ်နေတဲ့အခါကြတော့ စင်္ကာပူမှာခွဲတာ စျေးကြီးတယ်ဆိုတာ မေ့သွားတယ် မုဒိတာ။
★ သတိပြန်လည်လာတဲ့အခါကြတော့ ဘုန်းဘုန်းကို အခန်းထဲပို့တော့ သတိမရတရမှာ ဘုန်းဘုန်းက သူတို့ကို ပြောတယ် ခွဲခန်းထဲပြန်ပို့ပေးပါ ဘုန်းဘုန်းက မမှတ်မိပါဘူး ဒကာတွေ ပြန်ပြောလို့၊ ဘာဖြစ်လို့လဲ “အရှင်ဘုရား ဒီမှာ သိပ်နေမကောင်းသေးဘူး ဒီထဲမှာထားတာ” မဟုတ်ဘူး ဆရာဝန်တွေကို Thank you မပြောရသေးလို့ Positive emotion ပဲဖြစ်နေတာ၊ ကြောက်စိတ်မဖြစ်ဘူး။
★ နောက်ပြီးတော့ စျေးကြီးလိုက်တာ စျေးကြီးလိုက်တာ ဆိုပြီး အဲ့ဒါကြီးကို တွေးနေတယ်ဆိုရင် negatvie emotion နဲ့ negative ဟောမုန်း တွေပဲ ထွက်ပြီးတော့ Recoveryအတွက် healing အတွက် အန္တာရယ်ဖြစ်တာ။
★ ပိုက်ဆံပေးရတာ ပေးရတာပဲ ဒီလောက်ပေးရတာ ပေးရတာပဲ စျေးဆစ်လို့မရဘူး၊ ရတဲ့ဟာရပေါ့ မရတဲ့ဟာ မရဘူး၊ ပေးရတာ ပေးရတာပဲ ဒါပေမဲ့ ပေးပြီးတော့ တခါ နောက်မှာ နောင်တတွေရနေတယ်ဆိုရင် ကိုယ့်ဟာကိုယ် ကရုဏာမဖြစ်တာလေ။
ကျေးဇူးတော်ရှင်Oxfordဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏
“Mindfulness for Organization and Development (ပထမအချိန်) (၄.၃.၂၀၁၈ ရန်ကုန်)” တရားတော် မှ ကောက်နှုတ်ဖော်ပြပါသည်။
Credit to #ThazinHteik