"ကြံဖန်သာကျေးဇူးတင်လိုက်"
ကိုယ့်ကို အရေးမလုပ်သူတစ်ချို့ကြောင့်တစ်ယောက်တည်း ခပ်အေးအေးနေတတ်သွားတယ်..
စွန့်ခွာသွားတဲ့သူတစ်ချို့ကြောင့်
မတည်မြဲခြင်းဆိုတဲ့ ဓမ္မအသိနဲ့ တရင်းတနှီးဖြစ်လာတယ်..
စကားကို ဗလောင်းဗလဲပြောတတ်သူတစ်ချို့ကြောင့်
စကားမမှားရအောင် ဆင်ဆင်ခြင်ခြင်ပြောတတ်တဲ့ အကျင့်တစ်ခုရလာတယ်..
အပြစ်မြင်လွယ်တတ်သူတစ်ချို့ကြောင့်
ခံစားဖို့ တုန့်ပြန်ဖို့ မလိုအပ်တာတွေကို သိမြင်လာရတယ်..
တာဝန်မဲ့သူတစ်ချို့ကြောင့်
ကိုယ့်ကြောင့် လောကကြီး အကျည်းမတန်အောင် ပိုသတိထားဖြစ်သွားတယ်..
ရှုံ့ချတတ်သူတစ်ချို့ကြောင့်
လူကဲ့ရဲ့စရာမဖြစ်အောင် ကိုယ့်ကိုကိုယ် ပိုဆင်ခြင်မိသွားတယ်..
အနိုင်ကျင့်လွန်းသူတစ်ချို့ကြောင့်
တော်ရုံနဲ့သိပ်မဖြုံပဲ ကိုယ့်ရဲ့စိတ်ဓာတ်တွေ ပိုမာကျောလာတယ်..
ကိုယ့်အပေါ်အခွင့်အရေးယူလွန်းသူတစ်ချို့ကြောင့်
လိမ္မာပါးနပ်ဖို့ မဖြစ်မနေသင်ယူတတ်လာတယ်..
တစ်ကယ်ပါ သူတို့ကြောင့်ပဲ ပိုရင့်ကျက်လာတယ်..
သူတို့ကြောင့်ပဲ ဆင််ခြင်တုံတရား ပိုရှိလာတယ်..
သူတို့ကြောင့်ပဲ ပိုသတိရှိလာတယ်..
သူတို့ကြောင့်ပဲ လူတွေအကြောင်းကို ပိုသိလာတယ်..
အပြစ်မြင်ရတာ အပြစ်တင်ရတာ စိတ်ပင်ပန်းပါတယ်..
ကြံဖန်ကျေးဇူးတင်လိုက်တာ ကောင်းပါတယ်လေ..။
ယောဆရာတော်ကြီး
စေတနာမေတ္တာအရင်းခံဖြင့် မျှဝေပူဇော်ပါသည်..။
credit>original uploader