လှေတစ်စင်းနဲ့ လူသုံးယောက်
လောကကြီးမှာ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်မူတွေ ရှိတယ်ဆိုတာနဲ့ ပတ်သတ်ပြီးတော့ ပုံပြင်လေး တစ်ပုဒ် ပြောချင်တယ်။တစ်ခါတုန်းက လူသုံးယောက် လှေတစ်စင်းနဲ့ ရေလမ်းခရီး သွားကြသတဲ့။တစ်ယောက်က လှေရဲ့ ဦးပဲ့ပိုင်းမှာ ထိုင်တယ်။ တစ်ယောက်က လှေရဲ့ ဦးပိုင်းမှာ ထိုင်တယ်။ ကျန်တစ်ယောက်က လှေရဲ့ အလယ် လှေဝမ်းဗိုက်ထဲမှာ ထိုင်တယ်တဲ့။
အဲဒီလို လှေကလေး လှော်ပြီး သွားကြရင်းနဲ့ ရေလယ်ခေါင်ရောက်တော့ လှေရဲ့ အလယ် လှေဝမ်းဗို်က်ထဲ ထိုင်လိုက်လာတဲ့ လူက သူ့ရဲ့ လွယ်အိတ်ထဲက လွန်ပူ တစ်ချောင်း ထုတ်ပြီး တော့ သူထိုင်နေတဲ့ လှေရဲ့ ဝမ်းဗိုက်ကို အဲဒီ လွန်ပူ နဲ့ ဖောက်တယ်တဲ့။ရေထဲမှာ ကိုယ်စီး နေတဲ့ လှေရဲ့ ဝမ်းဗိုက်ကို ဖောက်နေတာဟာ ဘယ်လောက် အန္တရာယ်ကြီး သလဲဆိုတာ လူတိုင်း သိပါတယ်။
အဲဒီလို ဖောက်နေတာကို ကျန်တဲ့လူနစ်ယောက် က မြင်တော့ အလန့်တကြားပေါ့---
'ဟေ့လူ ၊ မင်း ဘာလုပ်တာတုံး၊ ဘာလုပ်တာတုံး၊ မလုပ်နဲ့'လို့ ဆိုကြတော့ အဲဒီဖောက်နေတဲ့ လူက ဘာပြန်ပြောလဲဆိုတော့ --
'ငါ့နေရာ ငါ ဖောက် တာ၊ မင်းတို့နဲ့ ဘာဆိုင်လို့လဲ' လို့ ပြန်ပြောတယ်တဲ့။ စဉ်းစားသာ ကြည့်ကြ ပေတော့။
ငါ့နေရာ ငါဖောက်တာ မင်းတို့နဲ့ ဘာဆိုင်လို့ လဲတဲ့ဗျာ။ အဲဒီလို လူမျိုးတွေ လောကကြီးမှာ အများကြီး ရှိတယ်။
ငါ့ဟာငါ အရက်မူးပြီး ငါ့အိမ် ငါ ဆူနေတာ ဆဲနေတာ မင်းတို့နဲ့ ဘာဆိုင်လဲဆိုတဲ့ လူတွေ မရှိဘူးလား။ရှိတယ်။ ဒါလောက် ပြောလိုက်ရင် ပရိသတ်တို့အားလုံး နားလည်ပါတယ်။
အဲဒီတော့ လောကလူသားတွေဟာ တစ်လှေ တည်း စီးပြီးတော့ တစ်ခရီးတည်း သွားနေကြ တာလို့ သဘောပေါက်ပြီးတော့ ကု်ယ့်ကိုယ့်ကို အကောင်းဆုံးဖြစ်အောင် နေထိုင်းရင်းနဲ့ လောက ကို စောင့်ရှောက်နိင်ဖို့ လိုပါတယ်။ အကောင်းဆုံး ဖြစ်အောင် နေထိုင်နိင်ဖို့ ဆိုတာကလည်း သတိ ပဋ္ဌာန်တရား မပါဘဲနဲ့ မဖြစ်ပါဘူး။ သတိပဋ္ဌာန်နဲ့ နေတာဟာ ကိုယ့်ကိုယ် အကောင်းဆုံး ဖြစ်အောင် နေထိုင် နေတာပါ။
သတိပဋ္ဌာန်ပွားများခြင်းအားဖြင့် မိမိကိုယ်ကို အကောင်းဆုံး စောင့်ရှောက်ပြီးသား ဖြစ်တယ်။ တစ်ပြိုင်နက်တည်းမှာလည်း သူတစ်ပါးကို စောင့်ရှောက်ပြီးသား ဖြစ်တယ်ဆိုတဲ့ အချက်ကို တွေ့ရမှာ ဖြစ်ပါတယ်။
သစ္စာရွှေစည်ဆရာတော်၏"သတိပဋ္ဌာန် ဂုဏ်ရည်"တရားတော်မှ ကူးယူ ပူဇော်သည်။
Posted by/ဓမ္မဆီမီးအိမ်