Friday, June 1, 2018

ဝီရိယ

 ဝီရိယ 

 ❖ မနက်လင်းကတည်းက အလုပ်လုပ်ရတယ်.. ညနေမိုးချုပ်သည်ထိအောင် အလုပ်တွေလုပ်တယ် အဲ့ဝီရိယမျိုးကို ပြောတာလားလို့ဆိုရင်မဟုတ်ဘူး။ တကယ်အရေးကြီးတဲ့ ၀ီရိယကဘာလဲ?
 ❖ လူတွေရဲ့ သန္တာန်မှာ မကောင်းတဲ့ စိတ်နေသဘောထားတွေ ဖြစ်မလာအောင် ဆို့ပိတ်ဖို့ကြိုးစားရမယ်။ ဆိုပါစို့ စိတ်မဆိုးမိအောင်၊ သူများပစ္စည်းကို လိုချင်တဲ့စိတ်တွေ မပေါ်အောင်၊ သူများအပေါ်မှာ မုန်းတီးပြီး သတ်ဖြတ်လိုစိတ်တွေ မပေါ်အောင် စောင့်စည်းတာ အဲ့ဒါကို ၀ီရိယလို့ခေါ်တယ်။

 ❖ ကဲ မစောင့်စည်းနိုင်လို့ သူများပစ္စည်းကို လိုချင်တဲ့လောဘဖြစ်လာတယ်၊ မုန်းတီးတဲ့ဒေါသတွေဖြစ်လာပြီဆို့လိုချင်ရင် ကိုယ်ရင့်ထဲမှာ ကြာကြာမထားပဲ ဖယ်ထုတ်ပစ်တယ်၊ အဲဒီ ၀ီရိယမျိုးကိုဆိုလိုတယ်။
 ❖ မဖြစ်သေးတဲ့ အကုသိုလ်တွေမဖြစ်အောင် ဖြစ်ပြီးသားအကုသိုလ်တွေကို တွန်းလှန်ဖယ်ရှားပစ်အောင် ကြိုးစားရမယ်.. ထို့အတူပဲ တဖက်ကလည်း မဖြစ်သေးတဲ့ကုသိုလ်တွေ ဖြစ်အောင်ကြိုးစားရမယ် ဖြစ်ပြီးသားကုသိုလ်တွေတိုးပွားလာအောင် လုပ်ရမယ်။...
❖ ငါးပါးသီလမလုံသေးဘူးဆိုရင် လုံအောင်ကြိုးစား၊ လုံပြီးပြီဆိုရင် ငါးပါးသီလကို အသက်ထက်တန်ဖိုးထားလောက်အောင် ကြိုးစား၊ အဲဒီလို ကြိုးစားမူတွေကို မှန်ကန်တဲ့ကြိုးစားမူ အဲ့ဒီဝီရိယစွမ်းအားကို မြှင့်တင်ပေးလိုက်တော့မှ အကုသိုလ်တွေဖယ်ရှားလို့ ကုသိုလ်တွေ မိမိရဲ့ရင်ထဲ နုလုံးထဲဖြစ်ပွားလာနိုင်တယ်။ 
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 (ဗုဒ္ဓသမီးတော်များ၏ ရင်တွင်းစကား အပိုင်း - ၃၄ မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)
 Credit --- Shwe Thu