သဒ္ဓါဆိုတာ
❖ မြတ်စွာဘုရား၏ အသိဉာဏ်ပေါ်မှာ ယုံကြည်မူ၊ ကုသိုလ်ကောင်းမူတွေပေါ်မှာ စိတ်ဝင်စားမူဆိုတာရှိတယ်၊ အဲဒီသဒ္ဓါဆိုတဲ့ စွမ်းအားကိုလည်း မြှင့်တင်ပေးဖို့လိုအပ်တယ်။❖ သဒ္ဓါစွမ်းအားတွေ မြှင့်တင်လာမှ အခုလိုတရားပွဲကြီးတွေ လုပ်တယ်ဆိုရင် တရားလာနာဖြစ်တယ်.. သဒ္ဓါစွမ်းအားတွေလျော့ကျနေတယ် ယုံကြည်မူတွေနည်းနေတယ်ဆိုရင် တရားပွဲကိုလည်း လာမှမဟုတ်ဘူး တရားလည်နာမှာမဟုတ်ဘူး ကုသိုလ်ကောင်းမူတွေလည်း လုပ်ဖြစ်မှာမဟုတ်ဘူး။
❖ သဒ္ဓါဆိုတာ... - "ဒဿန ကာမော သီလဝတံ" ကိုယ့်ကျင့်သီလရှိတဲ့ ပုဂ္ဂိုလ်တွေကို ဖူးတွေ့ချင်တယ်ဆိုတာ သဒ္ဓါရဲ့စွမ်းအားပဲ၊ - "သဒ္ဓမ္မံ သောတုမိစ္ဆတိ" သူတော်ကောင်းတရားကိုကြားနာချင်တယ် နားထောင်ချင်တယ် သင်ယူချင်တယ် မှတ်သားချင်တယ်ဆိုတာ သဒ္ဓါရဲ့စွမ်အားတခုပဲ၊ - "၀ိနယေ မစ္ဆေရမလံ" နုမြောဝန်တိုမူဆိုတဲ့စိတ်ကို ဖယ်ရှားပြီး ယှက်ယှက်ရောရောနဲ့ လှူချင်တန်းချင်တယ်ဆိုတာလည်း သဒ္ဓါရဲ့စွမ်းအားတခုပဲ၊
❖ အဲဒီစွမ်းအားတွေမပြည့်ဘူးဆိုရင် - သီလရှိတဲ့ပုဂ္ဂိုလ်ကိုလည်း တွေ့ချင် မြင်ချင် ဖူးမြင်ချင်မူဆိုတာမရှိဘူး၊ - တရားနာလိုမူလည်းမရှိဘူး - လှူမူတန်းမူဆိုတာလည်း မလုပ်ဘူးလို့.. - မလုပ်သည့်အတွက်ကြောင့် ကောင်းကျိုးချမ်းသာတွေ ရမူဆိုတာမလာတော့ဘူးလို့ ဒီလိုဆိုတယ်.. ဒါကြောင့်မို့လို့ သဒ္ဓါစွမ်းအားကိုမြှင့်မားလာအောင် ကြိုးစားရမယ်။ ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 (ဗုဒ္ဓသမီးတော်များ၏ ရင်တွင်းစကား အပိုင်း - ၃၄ မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)
Credit --- Shwe Thu