ပရမတ် ရုပ်နာမ်တွေကို မမြင်နိုင်ခြင်းအကြောင်း
ဘယ်နည်းနဲ့ထိုင်ထိုင်၊ ဘယ်မူနဲ့ထိုင်ထိုင်၊ ဘယ်နေရာမှာ ကျင့်ကျင့်၊ လေးပါးသော ဣရိယာပုတ် ဘယ်ဣရိယာပုတ်နဲ့ပဲ ကျင့်ကျင့် ထိုင်တဲ့ခန္ဓာကိုယ်ကြီးကအမြဲပါနေမှာ အဲ့ဒီအမြဲပါနေတဲ့ခန္ဓာကိုယ်ကြီးက အမြဲတမ်းလည်း ရက်စက်နေတယ်။ မိမိဝိပဿနာ ရှု့မယ့်စိတ်ကို ဒုက္ခအမြဲတမ်းပေးနေရက်စက်နေတာကတော့ ဒီရုပ်တရားကြီးပဲ အဲ့ဒီ ရုပ်တရားကြီးနဲ့ ပတ်သက်လာတဲ့ ပြဿနာက မဂ်တား၊ ဖိုလ်တား ဖြစ်တယ်။ဒါဖြင့်ဘာက တားတာလဲလို့မေးရင် ရုပ်တရားဖောက်ပြန်မှု့ကို အကြောင်းခံပြီးတော့ ယှဉ်ဘက်ဖြစ်ပေါ်လာမယ့် နာမ်တရားတို့အပေါ်မှာ အမှန်မသိမှု့အဝိဇ္ဇာရယ်၊ တပ်မက်မှု့လောဘရယ်၊ ထောင်လွှားမှု့မာနရယ်၊ ခတ်ထန်မှု့ဒေါသရယ်၊ ငါတည်းဟူသောဒိဌိရယ် ဆိုတဲ့ ပုထုဇဉ်တိုရဲ့ နဂိုလ်အုပ်ချုပ်ပြီးသား အကုသိုလ် တရားတွေက ပေါ်လာတယ်။ ပေါ်လာတဲ့အခါကြတော့၊ စိတ်မှာ ဆင်းရဲမှု ဒုက္ခဝေဒနာ ဓာတ်လေးပါးဖောက်ပြန်တဲ့ ဒုက္ခဝေဒနာ ခံစားတဲ့နာမ်ဝေဒနာဟာ ဒုက္ခရသနဲ့ ခံစားတာကို အရင်ပေါ်လာတယ်။
ဒုက္ခရသနဲ့ ခံစားတဲ့ဝေဒနာအကျိုး တရားကို တဏှာအားဖြင့်၊ မာနအားဖြင့်၊ ဒိဌိအားဖြင့် အကုသိုလ်တရားတွေ ကပ်ငြိတဲ့အတွက်ကြောင့် လောင််ကျွမ်းတယ်။ အဲ့ဒီတော့ ရုပ်ဓာတ်လေးပါး ဖောက်ပြန်မှုရယ်၊ နာမ်ခံစားတဲ့အပေါ်မှာ တဏှာ၊ မာန၊ ဒိဌိကပ်မှု့ရယ်၊ အဲ့ဒီ အကုသိုလ်တရားတို့ သည် မဂ်တရား၊ ဖိုလ်တရား ကို တားမြစ်တဲ့။ ပထမနံပါတ်တစ်အချက် အဲ့ဒီအချက်ကို မကျော်လွှားပဲနဲ့၊ မပယ်ရှင်းပဲနဲ့ ပရမတ် ရုပ်နာမ်တွေကို မြင်လို့မရဘူး။
ကျေးဇူးရှင် အောင်လံဆရာတော် ဘုရားကြီး အရှင် စန္ဒိမာကို ဦးတင်လျက်
မေတ္တာဖြင့် Photo credit: Min Zaw Lwin