Saturday, June 2, 2018

ဆုတောင်းတယ်ဆိုတာ၊ ဦးချတယ်ဆိုတာ

ဆုတောင်းတယ်ဆိုတာ၊ ဦးချတယ်ဆိုတာ

 (မိဘနဲ့သားသမီးကြားမှာရှိတဲ့ မေတ္တာတရား ပိုပြီးတော့ ခိုင်မာဖို့ရန်)

★ ဗုဒ္ဓဖြစ်ဖို့ ဆုတောင်းတယ် ဗုဒ္ဓဘာသာ ဆုတောင်းတာက တခြားဘာသာ ဆုတောင်းတာနဲ့ ဘာကွာတုန်းဆိုတော့ ဆုတောင်းတယ်ဆိုတာ စိတ်ကို ဒီဘက်ကို ပို့လိုက်တာ၊ ဒီဘက်ကို Focus လုပ်လိုက်တာ။ ဘုရားဆုတောင်းတယ်၊ ပုဂ္ဂိုလ်တစ်ဦးက ဘုရားဖြစ်ချင်တယ်ဆိုပြီးတော့ ဗုဒ္ဓဖြစ်အောင်ဆိုပြီးတော့ ဆုတောင်းပြီးတော့ ဒီတိုင်းမနေဘူး ဆုတောင်းတဲ့အခါမှာ ဆုတောင်းပြည့်အောင် သူလုပ်ရတဲ့ အလုပ်တွေရှိတယ်။


★ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ဆုတောင်းပြီးတော့ သူလုပ်ရမယ့်အလုပ်တွေ သူလုပ်တယ်၊ လုပ်ရမယ့်အလုပ်တွေ လုပ်ပြီးတော့ သူဆုတောင်းတယ်။ ဆုတောင်းပြီးတော့ သူလုပ်ရမယ့်အလုပ်တွေ သူလုပ်တယ်။

★ လုပ်ရမယ့်အလုပ်တွေ လုပ်ပြီးတော့ တခါ ပြန်ဆုတောင်းတယ်။ ဘာကို reinforce လုပ်တာတုန်းဆိုတော့ သူရဲ့ Motivation ကို သူက force လုပ်တာ။ သူရဲ့ focus ကို သူ force လုပ်တယ်။ သူ ဒါ လိုချင်တယ်။

★ ဘုရားဖြစ်ချင်တဲ့ ပုဂ္ဂိုလ်ကြတော့ သူလိုချင်တဲ့ဟာက သူ အများအတွက်လိုချင်တာ လူအများကို ကယ်တင်ပါရစေ၊ လူအားလုံးရဲ့ ဒုက္ခကို ကူညီနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါရစေ။ အဲ့လို ဆုတောင်းပြီးတော့ သူက ဒီအတိုင်းထိုင်နေတာ မဟုတ်ဘူး။ သူလုပ်ရမယ့်အလုပ်တွေ သူလုပ်တယ်။

★ သဋ္ဌေးဖြစ်ချင်တယ် ဆုတောင်းတယ်၊ ဆုတောင်းပြီးတော့ သူဋ္ဌေးဘယ်လိုဖြစ်မှာတုန်းဆိုတာ သူဋ္ဌေးဖြစ်ရမယ့်အလုပ်တွေ အဲ့ဒါတွေကို လုပ်တယ်။ စိတ်က ဒီမှာ Foucs လုပ်တယ်။

 ★ စိတ်မလေလွှင့်ဘူး။ အထူးသဖြင့် အခက်အခဲနဲ့ တွေ့တဲ့အခါမှာ စိတ်က မလေလွှင့်ဘူး။ အခက်အခဲနဲ့ တွေ့တဲ့အခါမှာ စိတ်က လေလွှင့်ပြီးတော့ လက်လျှော့ချင်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာမှာ ဆုတောင်းတယ်ဆိုတာ အဲ့ဒီ အကျိုးကို ရှိတယ်။

 ★ တောင်းတယ်ဆိုတဲ့ စကားလုံး ထားတဲ့အခါကြတော့ တစ်ယောက်ယောက်ဆီက တောင်းတဲ့ ပုံစံမျိုးဖြစ်တယ်။ တစ်ယောက်ယောက်ဆီက တောင်းတဲ့ ပုံစံမျိုးဖြစ်ရင်တော့ အဲ့ဒါက ဗုဒ္ဓအတွေးအခေါ်ထဲမှာ မပါတော့ဘူး အစကတည်းက မညီညွတ်ဘူး။

★ သူများဆီကတောင်းတယ်ဆိုရင် ဗုဒ္ဓဘာသာမဟုတ်တဲ့ ဘာသာတွေ ဂျုးဘာသာတွေ၊ ခရစ်ယာန်ဘာသာတွေ၊ အစ္စလာန်ဘာသာတွေသူတို့ရဲ့ ဘုရားသခင်ဆီကတောင်းတယ်။ ဘုန်းဘုန်းရေးထားတဲ့ မင်္ဂလသုတ်ရှိတယ် အင်္ဂလိပ်လို အဲ့ဒီနိဒါန်းမှာ ဘုန်းဘုန်း ဒီအကြောင်းတွေ ထည့်ထားတယ်။

★ လူတစ်ယောက်က မြတ်စွာဘုရားကို ဦးသုံးကြိမ်ချတယ် ပြီးရင်ဆုတောင်းတယ်။ သူ ဦးသုံးကြိမ်ချတဲ့ဟာ ဒီအတိုင်းကြည့်ပြီးတော့ ပေါ့ပေါ့ပဲ ဦးသုံးကြိမ်က ဘာအတွက်ချတယ်ဆိုတာ “ရှိခိုးပူဇော် ဖူးမြော် မာန်လျော့” မာန်ကိုလျော့တာ မာန်ကို နည်းနည်းလျော့တယ် ဒီတခါ ကန်တော့လိုက်တယ်ဆိုရင် မာန်နည်းနည်းလျော့တယ်။

 ★ ကိုယ့်ထက် သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် ပိုများတဲ့ မြတ်စွာဘုရား အများကြီးပိုမြင့်တဲ့ မြတ်စွာဘုရား ကြည့်ပြီးတော့ ကိုယ်ရဲ့မာန်ကိုလျော့တယ်။ ကိုယ့်အပေါ်ကျေးဇူးရှိတဲ့ ဆရာသမားတွေကို ကြည့်ပြီး သူတို့ရဲ့ ဂုဏ်ကျေးဇူးကို တွေးပြီးတော့ ကိုယ့်မာန်ကိုလျော့တာ။ မိဘရဲ့ ဂုဏ်ကျေးဇူးကိုတွေးပြီးတော့ ကိုယ်ရဲ့မာန်ကိုလျော့တယ်။ တခါ တခါ နည်းနည်းစီ နည်းနည်းစီ လျော့တယ်။

★ သြကာသဆိုတာ ဒါကို focus လုပ်တာ ဒါကို clear ဖြစ်အောင်လုပ်တာ။ ကန်တော့တယ်ဆိုတာက စိတ်ကို train လုပ်တာ။ ဒီတိုငး်နေ လူတွေက မာနအရမ်းများတယ် နည်းနည်းပြောလိုက်ပြီးဆိုရင် ပေါက်ကွဲတယ်။ အဲ့ဒီပေါက်ကွဲတဲ့ဟာက မဖြစ်သင့်တဲ့ ဒုက္ခ ဖြစ်စေတယ်၊ ရှိပြီးသားဒုက္ခကို ကြီးစေတယ် အဲဒါကြောင့်မို့လို့ ဘုန်းဘုန်းတို့ pratice လုပ်တာက “ရှိခိုးပူဇော်ဖူးမြော်မာန်လျော့” အင်္ဂလိပ်လို humility ခေါ်တာပေါ့။

★ “ဂါရဝေါစ နိ၀ါတောစ” မင်္ဂလသုတ်မှာ ဒါကို pratice လုပ်တယ်။ “ဂါရဝေါစ နိ၀ါတောစ” ဆိုတဲ့ ဒီ quality ကို develope လုပ်တယ်။ ဒီဟာကို develope လုပ်တယ်ဆိုရင် ဂါရဝ နိ၀ါတတရား များလာပြီးတော့ မာနနည်းသွားတယ်၊ သူ့ကို လာပြီးတော့ပြောရင် တော်ရုံတန်ရုံ ဒေါသမဖြစ်တော့ဘူး။

★ သူရဲ့မာန အဓိကတော့ မာနကို focus လုပ်တာ၊ မာနကို focus လုပ်တယ်ဆိုပေမယ့် သူများက သူ့ကိုလာပြောတယ်ဆိုရင် မာနနည်းသွားတဲ့အခါကြတော့ ဒေါသနည်းသွားတယ်။ မာနနည်းသွားတဲ့အခါကြတော့ ဟိုလူတဲ့ပြိုင်ချင် ဒီလူနဲ့ပြိုင်ချင် ကားချင်းပြိုင်ချင် အိမ်ချင်းပြိုင်တာ အဝတ်အစားချင်းပြိုင်တာ holidayချင်းပြိုင်တာ အဲ့လိုပြိုင်တဲ့ဟာတွေ နည်းသွားတယ်။ လောဘလည်း နည်းသွားတယ်၊ အတင်းပြောတာလည်း နည်းသွားတယ်။.....

 ★ ဆုတောင်းတယ်ဆိုတဲ့ ယဉ်ကျေးမှု(culture)က လေးနက်တယ်၊ မှန်ကန်တဲ့ altitude မရှိရင်လည်း မှားတဲ့ ဆုတောင်းဖြစ်တတ်တယ်၊ ဗုဒ္ဓဘာသာ အပြုအမူဖြစ်မယ့်အစား ဗုဒ္ဓဘာသာမဟုတ်တဲ့ အပြုအမူတွေဖြစ်တတ်တယ်။ ကလေးက အဲ့ဒါကိုကြည့်ပြီး သူတို့ နားမလည်ဘူးဆိုရင် သူတို့ကို စိတ်မဆိုးနဲ့။ အဲ့ဒါ သူတို့နဲ့ စကားပြောဖို့အတွက် opportunity (အခွင့်အလမ်း) ပဲ။

 ★ သြကာသအကြောင်းပြောမယ် ကိုယ်ကမပြောနိုင်သေးဘူးဆိုရင် သား မေးတာကောင်းတယ် အမေလည်းစိတ်ဝင်စားတယ်၊ ဒါပေမဲ့ အမေက clear မဖြစ်ဘူး ဒီဟာကို အဖြေမှန်ရှာရအောင် ဆိုပြီးတော့ discussion ကို inititate လုပ်တယ်။ အဲ့လိုလုပ်မယ့်အစား မေးရမှာလား မယုံဘူးလား အဲ့ဒီ အမြင်မျိုးနဲ့ လုပ်လိုက် conversation ကပြတ်သွားတယ်။

★ “ဗာဟုသစ္စဥ္စ” - သစ္စ ဆိုတာ ဒီနေရာမှာ “ဗာဟုသစ္စဥ္စ” - များများနားထောင်ပါ (deep listerning)၊ အဲ့ဒီလို deep listerning ရှိမှ “သိပ္ပဥ္စ”- အဖက်ဖက်က သူ့ဘက်ရော ကိုယ့်ဘက်ရော ဗဟုသုတတိုးပါတယ်။

 ★ အဲ့ဒီနေရာမှာ “၀ိရယောစ သုကိက္ခတော” ဆိုတာ discipline ရှိတယ်။ တစ်ယောက်တည်းနေရင်တော့ discipline က သိပ်အရေးမကြီးဘူး အများနဲ့နေတယ် မိသားစုနဲ့နေတယ်ဆိုရင် discipline သူက ရှိတယ်။ ဒါမှ ညီတာပေါ့ အလုပ်တွေလုပ်တဲ့အခါကြ။

★ “သုဘာသိတာ စ ယာ ၀ါစာ” - အဲ့လို ညီတဲ့အခါကြမှ စကားပြောတာ polite (ယဉ်ကျေး) ဖြစ်တယ်တဲ့ “သုဘာသိတာ” polite ဖြစ်တာ။ အဲ့ဒါတွေအားလုံး မင်္ဂလာဖြစ်တယ် အဲ့ဒါတွေအားလုံးကို မြတ်စွာဘုရားက ဘာအနေနဲ့မြင်တုန်းဆိုတော့ education အနေနဲ့မြင်တယ်။ ဒီ education က အတန်းကျောင်းထဲမှာ classroom ထဲမှာ မဟုတ်ဘူး။

★ “ဗာဟုသစ္စဥ္စ” သားသမီးပြောချင်တာကို အမေကနားထောင်ချင်တယ် နားထောင်တဲ့ အလေ့အကျင့်လေး လုပ်ပြတဲ့အခါကြတော့ ဒါမျိုးဆို နားထောင်ရတယ်လို့ ကလေးကမြင်တယ်။ သူတို့ကို နားထောင်ပါ ပြောရင် လွှဲသွားပြီ။ ကိုယ်က နမူနာကောင်းဖြစ်ပါစေ။

 ★ နားထောင်တယ် နားထောင်ပြီးတော့ အမြဲတမ်း learning လုပ်နေတယ် ever learning person, every family community, every learing family အဲ့လိုဖြစ်တာ။ အဲ့လိုဖြစ်တယ်ဆိုရင် သူက မိဘနဲ့သားသမီးကြားမှာရှိတဲ့ မေတ္တာတရား ဒါတွေ ပိုပြီးတော့ ခိုင်မာဖို့ပဲရှိတာ။

 ကျေးဇူးတော်ရှင်Oxfordဆရာတော်ဒေါက်တာဓမ္မသာမိ 🙏 🙏 🙏

“သတိ၊ ကရုဏာဖြင့်အလိုက်သင့်ပြောင်းလဲခြင်း –

Mindful Compassion for Adaptability (6.3.2018)” တရားတော် မှ ကောက်နှုတ်ဖော်ပြပါသည်။ Transcribe credit to #ThazinHteik