Saturday, June 2, 2018

•••မိန်းမကောင်းအင်္ဂါ (၆၄) ရပ် •••


 •••မိန်းမကောင်းအင်္ဂါ (၆၄) ရပ် •••

(၁) ခြေလက္ခဏာ ၁၃ ရပ်, (၂) ကိုယ်လက္ခဏာ ၁၆ ရပ်, (၃) စိတ်လက္ခဏာ ၆ ရပ်,
(၄) လက်ဖဝါးလက္ခဏာ ၉ ရပ်, (၅) လည်ပင်းလက္ခဏာ ၁ ရပ်, (၆) အသံလက္ခဏာ ၃ ရပ်
(၇) မျက်နှာလက္ခဏာ ၈ ရပ်, (၈) သွားလက္ခဏာ ၁ ရပ်, (၉) မျက်စေ့လက္ခဏာ ၄ ရပ်
(၁၀) ဆံပင်လက္ခဏာ ၃ ရပ်, ကိုယ်လက္ခဏာ ၁၆ ရပ်


၁။ တက်သစ်စ လရောင်နှင့်တူသော ကိုယ်ရောင် ၂။ လင်္ကျာရစ်လည်သောအချက် ၃။ လင်္ကျာရစ်လည်သောဗွေ ၄။ ရွှေသောအဆင်း ၅။ နက်သောချက် ၆။ ရှည်သောလက် ၇။ သိမ်မွေ့ သောအင်္ဂါ ၈။ ကြီးမြတ်သော သားမြတ် ၉။ ဆင်ကဲ့သို့သွားခြင်း ၁၀။ သိမ်မွေ့သော ခါးရှိခြင်း ၁၁။ သိမ်မွေ့သော အင်္ဂါ ရှိခြင်း ၁၂။ ကောင်းသောကိုယ် ရှိခြင်း ၁၃။ ဖွံ့သောပေါင် ရှိခြင်း ၁၄။ ကိုယ်မွေးနည်းခြင်း ၁၅။ လိပ်ကျောကုန်းကဲ့သို့ အင်္ဂါရှိခြင်း ၁၆။ ကြာပန်းကဲ့သို့မွှေးသော ကိုယ်နံ့ရှိခြင်း
 * စိတ်လက္ခဏာ ၆ ရပ်
၁။ ဖြူစင်သောနှလုံးရှိခြင်း ၂။ ကောင်းသောအကျင့်သီလရှိခြင်း ၃။ စင်ကြယ်သောအကျင့်သီလရှိခြင်း ၄။ ချစ်ခင်နှစ်သက်ခြင်း ၅။ အရိပ်ခြေသိခြင်း ၆။ ဖြောင့်မတ်တည်ကြည်ခြင်း
 * လည်ပင်းလက္ခဏာ ၁ ရပ်
 ၁။ လည်ရေး ၃ ဆင့်ရှိခြင်း
* အသံလက္ခဏာ ၃ရပ်
 ၁။ ဟင်္သာသံနှင့်တူသော အသံရှိခြင်း ၂။ အဆိုအမိန့်နှင့် သာယာသောအသံရှိခြင်း ၃။ ဥသြသံနှင့်တူသော အသံရှိခြင်း
* မျက်နှာလက္ခဏာ ၈ ရပ်
၁။ လပြည့်ဝန်းနှင့် တူစွာရှိခြင်း ၂။ ရှည်သောမျက်နှာရှိခြင်း ၃။ နီသောနှုတ်ခမ်းရှိခြင်း ၄။ ဖြိုးမောက်သော နှာတံရှိခြင်း ၅။ ပြည့်ဖြိုးသော ပါးရှိခြင်း ၆။ မှဲ့ဝက်ခြံ ကင်းစင်သော နဖူး၌ ဖြောင့်မတ်သော တချောင်းတည်းသော တံခွန်အလံတိုင် အရေးရှိခြင်း ၇။ သံတ္တိမည်သောအရေးကဲ့သို့ နဖူးပြင်၌ အရေးရှိခြင်း ၈။ ချွန်သောနှာခေါင်းရှိခြင်း
* သွားလက္ခဏာ ၁ ရပ်
 ၁။ ခရုသင်း ပွင့်သစ်စကို လွှနှင့် ဖြတ်သည့်အလား မယိုင်မကျဲမပေါက်သောချောမောသော နဂိုဖြင့် ကြည်၍ တင့်တယ်ခြင်း
* မျက်စေ့လက္ခဏာ ၄ ရပ်
၁။ မကျဉ်းမကျယ် တင့်တယ်သော မျက်စေ့ရှိခြင်း ၂။ ကြာညိုပန်းနှင့် တူသောမျက်စေ့ (အချို့မှာ ပြာညိုသော မျက်စေ့ရှိခြင်း) ၃။ သမင်မျက်စေ့နှင့်တူသော မျက်စေ့ ရှိခြင်း ၄။ ပဒုမ္မာကြာကဲ့သို့ အချို့မှာ စိမ်းသောမျက်စေ့ ရှိခြင်း
 * ဆံပင်လက္ခဏာ ၃ ရပ်
၁။ အဖျားကော့သော ဆံပင်ရှိခြင်း ၂။ ရှည်သော ဆံပင်ရှိခြင်း ၃။ သိမ်မွေ့သော ဆံပင်ရှိခြင်း
ဤကားကောင်းခြင်း ၆၄ ရပ်တည်း

တက္ကသိုလ် သျှင်သီရိ (ဓမ္မာစရိယ B.A)
မယားကောင်း မယားမြတ် စာအုပ်မှကောက်နှုတ်ဖော်ပြပါသည်။