မိမိပြုသော အကုသိုလ်ကံသာ ကြောက်စရာ
မိမိကိုယ်ကို မကောင်းအောင်လုပ်တာ ဘယ်သူလဲ။ မိမိအလုပ်ကိစ္စ မိမိကံကပဲ။ ဘေးအန္တရာယ်တွေဖြစ်အောင် ဘယ်သူလုပ်သလဲ။ မိမိကံက လုပ်တာပဲ။ ဥပမာ- ဧရာဝတီမြစ်ကြီးရှိတယ်။ ဒီမြစ်ကြီးက ကုန်းပေါ်နေတဲ့သူကို ရေနစ်အောင် မလုပ်နိုင်ပါဘူး။ မြစ်ထဲဆင်းသူကိုသာ ရေနစ်စေနိုင်တယ်။ ဒီအတိုင်းပါပဲ။ ဘေးအန္တရာယ်တွေ ရှိပေမယ့်လည်း အလုပ်ကောင်းလုပ်သူ ကံကောင်းရှိသူ ဘေးရန်အန္တရာယ် မဖြစ်နိုင်ပါဘူး။
ကံကောင်းမရှိသူသာ ဘေးရန်ဖြစ်နိုင်တယ်။ ဒါကြောင့် မကောင်းကျိုးကို ဖြစ်စေတတ်တဲ့ မိမိရဲ့ ကံညံ့ ကံယုတ်များကိုသာ ကြောက်စရာလိုတယ်။ ဘေးရန်အန္တရာယ်တွေကို ကြောက်စရာမလိုဘူး။
ဘေးရန်တွေက မိမိမှာ လာဖြစ်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့မကောင်းတဲ့စိတ်ကြောင့် မကောင်းတဲ့အကျိုးတွေ ဖြစ်ကြရတာ။ အမှန်ကတော့ ကိုယ့်ရဲ့စိတ်ပါပဲ။ အတိတ်နိမိတ်ဆိုတာကတော့ တစ်ခါတရံ ရှိတတ်ပါရဲ့။ ငရဲကြီးရှစ်ထပ် ရှိနေပေမယ့် ငရဲကြီးရှစ်ထပ်က ဘယ်သူ့ကိုမှ လာမခေါ်ပါဘူး။
ကိုယ့်ရဲ့မကောင်းတဲ့စိတ်ကသာ ငရဲကြီးရှစ်ထပ်ရှိရာကို ခေါ်သွားနိုင်တယ်။
(စံကင်းဆရာတော်ကြီး) ပြန်လည်မျှဝေပါသည်။
ဇာဏီ(ကံမ)။ 🌺အမှောင်ပျောက်၍ အလင်းရောက်ပါစေ။