သဲအင်းဂူ ဆရာတော်ကြီးနှင့် လူသေလူဖြစ်ဝါဒ
လွန်ခဲ့သော နှစ်ပေါင်း (၄၀)ခန့်က မြန်မာနိုင်ငံတွင် ပရိယတ္တိစာတက် ဆရာတော်ကြီးတချို့၏ လူသေလူဖြစ်ဝါဒ ပေါ်ထွက်ခဲ့ဘူးပေသည် ။ပရိယတ္တိစာပေများကို ထုံးလိုခြေ ရေလိုနှောက်နိုင်သော ပညာတက် ကြီး များဖြစ်ပြီး သူတို့၏ အယူဝါဒသည် မှန်ကြောင်း ဗုဒ္ဓကျမ်းစာပေများနှင့် အခိုင်အမာပြခဲ့ကြပေသည် ။ထိုအယူဝါဒကို နှစ်သက်လက်ခံသူများသည် တရားကျင့်စရာမလိုပါ ။တရားကိုဖတ်ပြီး သိနားလည်သဘောပေါက်လျှင်ပြီးပြီဟု ခံယူထားကြပေသည် ။ တစ်နေ့သောအခါ လူသေလူဖြစ်ဝါဒလက်ခံသူ ဘုန်းကြီး နှစ်ပါးသည် သဲအင်းဆရာတော်ထံ ရောက်လာခဲ့ပေသည်။
သဲအင်း…>အရှင်ဘုရားတို့က ဘာအကြောင်းခံ နဲ့ကြွလာကြတာလဲ
ဘုန်းကြီး…>ဆရာတော်နှင့်တရားဆွေးနွေးချင် လို့ပါ
သဲအင်း…>အကျင့်နယ်နှင့် ပတ်သက်ရင် ဦးဇင်းက မသိတာမရှိပါဘူး။ စိတ်နဲ့ပတ်သက်ရင် ဦးခေါင်းမှာ ဆံပင်ဖြူဘယ်နှစ်ပင်ရှိလဲကအစ သိပါတယ် ။အထက်ဘဝဂ်- အောက်အဝိစီ အထိသွားနိုင်တဲ့စိတ်ကို အကုန်သိပါတယ် ကဲကဲ သိလိုရာမေးကြပါဗျား…
ဘုန်းကြီး…>အရှင်ဘုရားတရားပြတာမှားနေပါတယ်
သဲအင်း…>ဘာတွေမှားနေပါသလဲ ပညတ်နယ်မှာ အပြောအဆို ပညတ်မတက်တက် လို့မှားတာရှိရင်ဝန်ခံပါ့မယ် ပြောပါအရှင်ဘုရား
ဘုန်းကြီး…>လူတွေကို တရားထိုင်ခိုင်းတော့ ငိုတဲ့သူကငို ရီတဲ့သူကရီ ထကတဲ့သူက ထကနေဒါ မြင်လို့ မကောင်းပါဘူး တချို့တွေဆို နှာရည်တွေက ကျနေတယ်
သဲအင်း…>သူ့သဘောနှင့်သူ ဖြစ်နေတာပါ အရှင်ဘုရား
ဘုန်းကြီး…>ဘုရားက တရားမသိခင်တုန်းက ခြောက်နှစ်လုံးလုံး ကျင့်ခဲ့ပြီး သူသိခဲ့တဲ့ တရားတွေကို ဟောကြားခဲ့တယ် ဒီတရားတွေကိုဘဲ အရှင်ဘုရားက သိအောင် ပြောရမှာပါ
သဲအင်း…>တပည့်တော် (၂၁) လလုံးလုံး လူသေရင်သေ မသေရင်တရားရ စိတ်နဲ့ကျင့်လို့ သိလာတဲ့ တရားတွေကိုပြသပေးတာပါ ဒါတွေဟာ ဘုရားဟောနဲ့ လွဲနေပါသလား အရှင်ဘုရား
ဘုန်းကြီး…>ပင်ပင်ပန်းပန်းတရားကျင့်နေတာကိုအားပေးလုပ်ခိုင်းနေတာအပြစ်ဖြစ်နေပါတယ်
သဲအင်း…>ဒါဆိုရင် ဘုရားရဲ့တရားတွေက ကျင့်စရာမလိုတော့ဘူးပေါ့ ဘုရားရဲ့စာတွေကို သိရင်ပြီးရောလို့ အရှင်ဘုရားက ဆိုလိုချင် တာလား
ဘုန်းကြီး…>မှန်ပါတယ် ဘုရားရဲ့တရားတွေကို ရှင်းရှင်းလင်းလင်းသဘောပေါက်နားလည်ရင်ပြီးရောပါ
သဲအင်း…>တပည့်တော်တို့ကယောကျ်ားချင်းပါ ပွင့်ပွင့်လင်းလင်းပြောကြရအောင်
ဘုန်းကြီး…> ပြောပါ ဆရာတော်
သဲအင်း…>အလွန်လှပပြီး ကိလေသာကာမဂုဏ် ပြင်းစွာဖြစ်စေတဲ့ ၁၈နှစ်အရွယ် မိန်းမပျိုလေးကို အရှင်ဘုရားမြင်အောက်ကြည့်လိုက်ပါ
ဘုန်းကြီး…>အလွန်လှပတဲ့မိန်းမပျိုလေးကို မြင်ပါတယ်
သဲအင်း…>အရှင်ဘုရားရဲ့စိတ်မှာဘာဖြစ်ပါသလဲဲ
ဘုန်းကြီး…>ဘာမှမဖြစ်ပါ
သဲအင်း…>ဒီမိန်းမပျိုလေးနဲ့ နှစ်ယောက်ထဲ အခန်းတစ်ခုထဲမှာအတူနေကြမယ် ဒီမိန်းမပျိုလေး ကလည်း အရှင်ဘုရားကို ကာမဂုဏ်အမှုလုပ်ဖို့သွေးဆောင်ပြီးခွင့်ပြုမယ်ဆိုရင် အရှင်ဘုရားစိတ်ဘာဖြစ်မလဲ
ဘုန်းကြီး…>တပည့်တော်လည်းစိတ်ဖောက်ပြန်မိပါမယ် စိတ်မထိန်းနိုင်တော့ပါအရှင်ဘုရား
သဲအင်း…>စိတ်ကိုစိတ်အတိုင်းထားတယ်ဆိုတာ ဘုရား- ပစ္ဆေကဗုဒ္ဓါ -ရဟန္တာ တို့သာထားနိုင် တဲ့တရားပါ
ဘုန်းကြီး…>အရှင်ဘုရားကော ထားနိုင်ပါ သလား
သဲအင်း…>တပည့်တော်က ရုပ်တရားကို စုံမက်စရာမရှိအောင်အသုဘရှုခဲ့ပါတယ် အမှုန်အမွှားဖြစ်အောင်ရှု ခဲ့ပါတယ် လုံးဝရှုစရာမရှိအောင်ကျင့်ခဲ့ပါတယ်…
ဘုန်းကြီး…>တပည့်တော်တို့နားလည်သဘောပေါက်ပါပြီဘုရား
ဦးဘို သည်သဲအင်းဆရာတော်ကြီး၏ အနားတွင် အမြဲရှိပြီးထိုပြောစကားတို့ကို နားထဲမှမထွက်နိုင်အောင်အမြဲရှိခဲ့ပေသည် ဆရာတော်ကြီးရှိစဉ်က သဲအင်းစာအုပ်များစွာ ရေးသားခဲ့ခြင်းအတွက် ကျေနပ်ခဲ့ပေသည်
ဆရာတော်ကြီး ခန္ဓာဝန်ချပြီးနောက် အရင်ကထက် တရားကို ပို၍ကျင့်ခဲ့ပေသည် တနေ့တွင် ဒကာကြီးဦးမြဟန်၏ ကားဖြင့် ရန်ကုန် မှ မှော်ဘီသို့ ဦးပဇင်းဦးဘိုသည် ကားကြုံလိုက်ခဲ့ပေသည် ကားထဲတွင် နှစ်ဦးထဲလည်းဖြစ်၍ တရားထိုင်ရင်းလိုက်ပါခဲ့၏ ဆောင်းတွင်းကာလဖြစ်၍ အသိကပ်၍ ပိုကောင်း၏ ၈မိုင်လမ်းဆုံအနီးတွင်ဦးကောင်းမှ အလင်းတန်းကြီးတစ်ခုသည် မမေ့နိုင်သောပေါက်ကွဲသံကြီးနှင့် ကောင်းကင်သို့ ထိုးတက်သွားတော့သည် ခန္ဓာကိုယ်တသ်ခုလုံး၏ ဖေါက်ပြန်မှု့ကို အသေးစိတ်ခံစားနေမိ၏ သုခဝေဒနာဖြစ်ပေသည် မီးပွိုင့်၏အနီရောင် လိမ္မော်ရောင် အစိမ်းရောင်တို့ကိုတွေ့ရ၏ မြင်ခြင်းသာရှိတော့၏ ပညတ်ကိုလည်းသိနေ၏ နောက်စိတ်သည်လုံးဝချုပ်ငြိမ်းနေတော့၏ ဦးမြဟန်၏ ပြောစကားကိုလည်း ပညတ်သိ၏ သို့သော်ကြားခြင်းသာရှိတော့၏ နောက်စိတ်လုံးဝမရှိတော့ မြင်ခြင်းကြားခြင်းတို့တွင်လည်း ပညတ်မြင် ပညတ်ကြားသာ ရှိတော့၏ နောက်စိတ်တို့ မလိုက်ခြင်းကြောင့် မခံစားဘူးခဲ့သော အေးငြိမ်းမှု့ စစ်စစ်ကို ဒလစပ်ခံစားနေတော့၏
မှော်ဘီမြို့တွင် မိန်းမပျိုတစ်ဦးက ကားရှေ့တွင်ဖြတ်ကူးသွား၏ အတိတ်စိတ်တို့သည် မိန်းမကို မြင်သော် အသားဖြူ၏ မဲသည် ပိန်သည် ဝသည် ချောသည် စသဖြင့် ကိလေသာ နောက်စိတ်သည် ချက်ချင်းလိုက်ဖြစ်လေ့ရှိ၏ ယခုမူ မိန်းမမှန်းသိ၏ နောက်စိတ်တို့က လုံးဝမရှိတော့ ထိုကြောင့် သဘာဝ၏ အေးငြိမ်းမူ့စစ်စစ်ကိုသာ သိနေရတော့၏ ခံစားနေမိတော့၏ ဇရပ်ရောက်သော အသိကပ်ပြီး အေးငြိမ်းမှု့ကြီးကို အသိကပ်ပြီးဆက်လက်ခံစားနေမိတော့၏ အရင်ကမူ ဆရာတော်ကြီးကို မေးလျှောက်၍ ရခဲ့၏ ယခုမူ မေးစရာ ဆရာတော်ကြီးကမရှိတော့ပေ……
credit U Aye Han
photo credit kyaw myint kyaw