ဂိုဏ်းကြီး ကိုးဂိုဏ်း
မြတ်စွာဘုရားရှင်ဟောကြားတော်မူအပ်သော သုတ်၊၀ိနည်း၊ အဘိဓမ္မာ ဟုဆိုအပ်သော ပိဋကတ်သုံးပုံတွင် သုတ်နှင့်အဘိဓမ္မာ မပါ၊ ၀ိနည်းတော် အပိုင်းတွင်သာ အနက်အဓိပ္ပါယ်ဖွင့်ဆိုလိုက်နာမှု၌သာ အနည်းငယ်ကွဲလွဲ မှုရှိကာ ကွဲပြားသွားကြသည့်သံဃာတော်များသည် မိမိတို့၏ ဆရာအစဉ် အဆက်အားဖြင့် ဂိုဏ်းများအဖြစ်တည်ရှိကာ ယနေ့မြန်မာနိုင် ငံတွင် (၉ )ဂိုဏ်းရှိနေသည်ကိုတွေ့ရှိရပါသည်။ထိုသို့ ဂိုဏ်းကြီးများအမည်နှင့် ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကိုတင ်ပြရလျှင်.....(၁ )သုဓမ္မာဂိုဏ်း တာဝတိ ံသာနတ်ပြည်တွင် သိကြားမင်းသည် သုဓမ္မာဇရပ်တော်၌ မှုခင်း များကို စီစဉ်ဆုံးဖြတ်လေ့ရှိသည်။ဤအစဉ်အလာအရ မြန်မာဘုရင်များ လက်ထက်တော်က သာသနာရေးဆိုင်ရာမှုခင်းများကို ဆရာတော်ကြီး များ စုဝေးဆုံးဖြတ်ရာ၌ထိုနေရာဌာနကို "သုဓမ္မာ " ဟုခေါ်သည်။ယင်း အစည်းအဝေးသို့ တက်ရောက်ခွင့်ရသောဆရာတော်များကို သုဓမ္မာဝင် ဟုခေါ်သည်။သံဃာ့ဂိုဏ်းများမကွဲမပြားတစ်စည်းတစ်လုံးတ ည်းရှိစဉ် ကမြန်မာနိုင်ငံတွင် သံဃာအားလုံးသည် သုဓမ္မာဝင်ဆရာတော ်ကြီးများ ၏ အုပ်ချူပ်မှုအောက်တွင် ရှိနေကြသည်။ထိုသို့ရှိနေရာမှ မင်းတုန်းမင်း ကြီ းလက်ထက်တွင် 'ရွှေကျင် ' ဂိုဏ်းခွဲထွက်သွားသောအခါ ရွှေကျင် ဂိုဏ်းဝင်မဟုတ်သော သံဃာများကို သုဓမ္မာဂိုဏ်းဝင်အဖြစ် ခေါ်ဆို ကြသည်။
(၂ )ရွှေကျင်ဂိုဏ်း မင်းတုန်းမင်းကြီးသည် ၀ိနည်းသိက္ခာအလွန်လေးစား၍ အကျင့်ပဋိပတ် နှင့်ပြည့်စုံသောရွှေကျင်ဆရာတော်ဘုရားကြီး ဦးဇာဂရကို အလွန်တရာ ကြည်ညို၍ သာသနာပိုင်အဖြစ် တင်မြှောက်လိုသော်လည်း တောင်နန်း မိဖုရားခေါင် စင်္ကြာဒေဝီ၏ ဆန္ဒကို မလွန်ဆန်နိုင်သဖြင့် မောင်းထောင် ဆရာတော် ကိုသာသနာပိုင် တင်မြှောက်ခဲ့ရသည်။အခါတစ်ပါး ရွှေကျင် ဆရာတော်ဘုရားက သာသနာပိုင်ဆရာတော်ထံ သွားရောက်ရာ စကား မပြောဆိုပဲနေခဲ့သဖြင့် ဆရာတော်မှ မိမိအားမလိုလားဟု သဘောပိုက် တော်မူခဲ့သည်။ ယင်းနောက် ၁၂၁၄ ခုနှစ်တွင် ရွှေကျင်ဆရာတော်ကိုသုဓမ္မာဆရာတော်များအမိန့်ဖြင့် သုဓမ္မာသို့ကြွရန်ဆင့်ဆိုရာ မကြွဘဲနေ သဖြင့် သုဓမ္မာဆရာတော်များက အတင်းအကြပ်ခေါ်ဆိုရန် စီမံရာတွင် မင်းတုန်းမင်းကြီးက ရွှေကျင်ဆရာတော်အား သုဓမ္မာသို့ ဆင့်ခေါ်ခွင့်မရှိ၊ ရွှေကျင်ဆရာတော် လွတ်လပ်စွာ သီတင်းသုံးနိုင်သည်ဟု အမိန့်ထုတ် ပြန်ခဲ့သည်။ ထိုအချိန်မှစ၍ ရွှေကျင်ဆရာတော်ဘုရားကြီးဦးဇာဂရ၏ တပည့်သံဃာ တော် အဆက်ဆက်တို့ကိုရွှေကျင်ဂိုဏ်းဝင်ဟုခေါ်ဆိုကြသည်။
( ဒွါရဂိုဏ်း(၃)ဂိုဏ်း) သက္ကရာဇ် ၁၂၁၄ ခုနှစ်တွင် ပဲခူးတိုင်းအုတ်ဖိုမြို့မှ ဆရာတော် အရှင် ဥက္ကံသမာလာသည် ရေသိမ်၌ရဟန်းခံခြင်းကိုအကြောင်းပြု၍ အင်္ဂလိပ် အစိုးရလက်အောက်ရှိသုဓမ္မာဂိုဏ်းဝင်ဆရာတော်များနှင့် အငြင်းပွားခဲ့ သည်။အုတ်ဖိုဆရာတော်သည် မိမိတပည့်ရဟန်းများနှင့် သီးခြားဂိုဏ်း ခွဲခဲ့သည်။ဘုရားရှိခိုးရာ၌ ကာယကံ၊ ဝစီကံ၊ မနောကံဟူ၍ ရှိခိုးခြင်းမပြု ရ၊ ကာယဒွါရ၊ဝစီဒွါရ၊ မနောဒွါရဟုဒွါရဖြင့် ရှိခိုးမှ မှန်ကန်သည်ဟု အုတ် ဖိုဆရာတော်က ဆုံးဖြတ်သည်။( ယခုတော့ ထိုသို့ဘုရားရှိ ခိုးသည်ကို မတွေ့ရတော့ပါ။တစ်နိုင်ငံလုံးနီးပါးကာယကံ၊ဝစီကံ၊ မနောကံဖြင့်သာ ရှိခိုးကြသည်။) ဇိနတ္တပကာနီကျမ်းပြု ကျီးသဲလေးထပ်ဆရာတော် (သုဓမ္မာဂိုဏ်း)က ကံဖြင့်ရှိခိုးမှမှန်ကန်ကြောင်း ငြင်းခုံကြသည်။ ထို့ကြောင့် အောက်မြန် မာနိုင်ငံ၌အုတ်ဖိုဆရာတော်၏ဂိုဏ်းကို ဒွါရဂိုဏ်းဟုခေါ် ကြသည်။သု ဓမ္မာဂိုဏ်းကိုမူ ကံဂိုဏ်းဟုခေါ်ကြသည်။နောက်ပိုင်းတွင်မူ ကံဂိုဏ်းဟု မခေါ်တော့ပဲ သုဓမ္မာဂိုဏ်းဟုပင် ပြန်လည်ခေါ်ကြသည်။
ယင်းဒွါရဂိုဏ်း သည် (က) အနောက်ချောင်းဒွါရ၊ (ခ)မဟာဒွါရ၊ (ဂ)မူလဒွါရ ဟူ၍ (၃)မျိူးထပ်၍ကွဲသွားကြပြန်သည်။ ၃။(က )အနောက်ချောင်းဒွါရဂိုဏ်း ဒွါရဂိုဏ်းချူပ် အုတ်ဖိုဆရာတော်ကြီးလက်ထက်မှာပင် ငါးသိုင်းချောင်း ရေတံခွန်ကျောင်းတို်က် ဆရာတော်ကြီးကို အခြားသောဒွါရဂို ဏ်းဝင် ကျောင်းတိုက်ကြီး(၆)တိုက်မှ သံဃာတော်များကပထမ ပါရာဇိက (မာတုဂါမဖြင့် ဖောက်ပြန်သည့်အမ ှု) ဖြင့် စွပ်စွဲကြသည်။ဂိုဏ်းချူပ် အုတ်ဖိုဆရာတော်ကြီးသည် အစွပ်စွဲခံရသည့် ဆရာတော်ကြီးဘက်မှရပ်တည်ခဲ့သဖြင့် ကျောင်း(၆) ကျောင်းမှ သံဃာတော်များသည် သီးခြား ဂိုဏ်းတည်ထောင်ကြသည်။ "ငဝန်မြစ်" ကိုအနောက်ချောင် းဟု ထိုဒေ သတွင်ခေါ်ကြသည်။
ယင်းအနောက်ချောင်းကိုအစွဲပြု၍ ရေကြည်၊ ငါး သိုင်းချောင်းတစ်ဝိုက်ရှိ အဆိုပါဒွါရဂိုဏ်းကို အနောက်ချောင်းဒွ ါရဂိုဏ်း ဟုခေါ်ကြသည်။
၄။ (ခ)မဟာဒွါရဂိုဏ်း ဒွါရဂိုဏ်းချူပ် အုတ်ဖိုဆရာတော်ကြီးသည် ဗေဒင်ကျမ်းတတ်ကွ ျမ်းလှ သည်ဟုဆိုသည်။ ယခုလက်ရှိ အများလက်ခံသတ်မှ တ်ထားသော လ ပြည့် လကွယ် နေ့များသည် ဗေဒင်နည်းအရ တွက်ချက်ရာ၌ အမှန်တ ကယ် လမပြည့်သေး၊ လမကွယ်သေး၊ လပြည့်ကျော်တစ်ရ က်ရောက် မှ လပြည့်သည်။လဆန်းတစ်ရက်ရောက်မှ လကွယ်သည်ဟု ဆို၍ (၁၅) ရက်တစ်ကြိမ်လပြည့်၊လကွယ် သိမ်ဝင်၍ သံဃဥပုသ်ပြုခြင်း ကို ဆောင်ရွက်သည်။
အခြားသော သုဓမ္မာဂိုဏ်းဝင်နှင့် ရွှေကျင်ဂိုဏ်း ဝင် သံဃာများသည် လပြည့်-လကွယ်နေ့များ၌ သိမ်ဝင်ဥပုသ်ပြုကြ သော်လည်းဒွါရဆရာတော်ကြီးနှင့် တပည့်များသည် လပြည့်ကျော် (၁)ရက်နေ့ နှင့် လဆန်း (၁)ရက်နေ့ရောက်မှသာ သိမ်ဝင် ဥပုသ်ပြု ကြသည်။ အုတ်ဖိိုဆရာတော်ကြီး ၁၂၆၇ ခုနှစ်တွင် ပျံလွန်တော်မူပြ ီးနောက်ပိုင်း တွင် ၁၂၈ဝပြည့်နှစ်၌ ဒွါရဂိုဏ်းဝင် သံဃာတော်များသည် (ရာဇာပ ဓာနံ)ဟူသော မြတ်စွာဘုရား၏အမိန့်တော်အရလပြည့် လကွယ် ကိစ္စကို အစိုးရမင်းတို့၏ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည် ဟူသော ဒေသနာအရ ဒွါရဂိုဏ်းဝင် သံဃာတော်အများစုသည် အ များနည်းတူ လပြည့်နေ့နှင့် လကွယ်နေ့များတွင် သိမ်ဝင်ဥပုသ်ပြုကြ ပါသည်။ယင်းဒွါရဂိုဏ်းမှာ အခြားသောဒွါရဂိုဏ်းများထက် သံဃာအ ရေအတွက်များပြားသောကြောင့် မဟာဒွါရ ဂိုဏ်းဟုခေါ်ကြသည်။
ဤဂိုဏ်း၏အမည်အပြည့်အစုံမှာ (ဓမ္မာနုဓမ္မမဟာဒွါ ရနိကာယဂိုဏ်း) ဖြစ်ပါသည်။ ဓမ္မာနုဓမ္မ = တရားအတိုင်းလိုက်နာသော မဟာ = သံဃာများပြားသော ဒွါရ = ဘုရားရှိခိုးရာ၌(ဒွါရဖြင့်ရှိခိုးသော)၊ နိကာယ = သံဃာ့အစုအဝေး (ဖြစ်သည်။)
၅။ (ဂ)မူလဒွါရဂိုဏ်း အုတ်ဖိုဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် မဟာဒွါရဂိုဏ်းဝင် သံဃာများသည် လပြည့် လကွယ်ကိစ္စကို အခြားဂိုဏ်းသံဃာ များ နှင့်အတူ ပြန်လည်လက်ခံကြသော်လည်းအချိူ့သောဒါွရဂု ိဏ်းသံဃာ များမှာ အုတ်ဖိုဆရာတော်ကြီးချမှတ်ခဲ့သည့်မူအတိုင်း လပြည့်ကျော် (၁)ရက်နှင့် လဆန်း(၁) ရက်တို့တွင် သိမ်ဝင်ဥပုသ်ပြု မြဲပြုကြ၏။ ထို သို့ မူလအတိုင်းရှိသည့်ဒွါရဂိုဏ်းကို မူလဒွါရဟုခေါ်ဆိုကြသည်။ မူလဒွါရဟူသောအမည်၏ရှေ့တွင် 'ဓမ္မဝိနယာနုလောမ 'ဟု ထပ်ဆင့် ၀ိသေသနပြုထားသည်။(ဓမ္မ + ၀ိနယ + အနုလောမ) သုတ္တံ၊ အဘိဓမ္မာတရားတော်နှင့်လည်းကောင်းဝိနည်းနှင့်လည်း ကောင်းလျော် ညီသောဂိုဏ်းဟု ဆိုလို၍အမည်အပြည့်အစုံမှာ 'ဓမ္မဝိနယာ နုလောမူလဒွါရနိကာယ' ဂိုဏ်းဟုခေါ်ဆိုကြသည်။
( ၆ )ဝေဠုဝန်နိကာယဂိုဏ်း ရန်ကုန်မြို့၊ ဗဟန်းရပ်ကွက်၊ သီလရှင်ကျောင်းအ တွင်းရှိ ၀ါးကျောင်း၌ နေထိုင်သောကြောင့်ယင်းဆရာတော်ကို ဝေဠုဝန်ဆရာတော်ဟုခေါ် ဆိုကြသည်။ယင်းဆရာတော်သည် ဗဟန်းဝေဠုဝန်ကျေ ာင်းတိုက်ကို တည်ထောင်ပြီးနောက် အင်းလျားဝေဠုဝန်ကျောင်းတိုက်၊ စမ်းချောင်း ဝေဠုဝန်ကျောင်းတိုက်၊ ပုသိမ်နှင့်မြန်အောင်မြို့များရှိ ဝေဠုဝန်ကျောင်း တိုက်များကို တည်ထောင်ခဲ့သည်။ ယင်း၏တပည့်သံဃာများကို ဝေဠု ဝန်ဂိုဏ်းဟုခေါ်ဆိုကြသည်။ ဒွါရဂိုဏ်းနှင့်ပေါင်းသင်းဆက်ဆံသဖြင့် 'ဝေဠုဝန်ဒွါရဂိုဏ်း' ဟုလည်း ခေါ်ဆိုကြသည်။
(၇ )စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း စစ်ကိုင်းမြို့၏အနောက်ဘက် မင်းဝန်တောင်တန်း၌ ပုဇဉ်းထိုးငှက်များ တွင်းတူးရာမှ လိုဏ်ဂူဖြစ်လာပြီးယင်းငှက်တွင်းမျ ားရှိသောနေရာ၌ တည်ရှိသောဘုန်းကြီးကျောင်းကို ငှက်တွင်းချောင်-ဟု ခေါ်ဆိုကြသည်။ ယင်းငှက်တွင်းချောင်ဆရာတော် ဦးပဏ္ဍဝ-သည် မင်းတုန်းမင်းလက်ထက် ၌ မဟာသတိပဋ္ဌာန်သုတ်တော်လာ (၃၂)ကောဠာသ ကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်ပြီးဟောကြားပြသသည်။ ထို့အပြင် အစဉ်အလာအားဖြင့် ကာမ၊ ရူပ၊ အရူပ ဟူသော (ဘုံ ၃ ပါး) ကို ဟောပြောလေ့ရှိရာမှ နိဗ္ဗာန်ကိုပင် ဘုံတစ်ခုအနေဖြင့် ထည့်သွင်း၍ ဘုံ (၄) ပါးရှိသည်ဟု ဟောပြောခဲ့ခြင်းကြောင့် စတုဘုမ္မိက (စတု = လေး ၊ဘုမ္မိက =နေရာ/ တည်ရာဌာနဘုံရှိခြင်း )ဟုအမည်တစ်ခု ထပ်ဆင့်တိုးခဲ့သည်။ ထို့ကြောင့် ဤဂိုဏ်းကို စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်းဟု ခေါ်ဆိုကြသည်။
(၈ )ဂဏဝိမုတ် ကူးတို့ဂိုဏ်း ထားဝယ်မြို့နယ်၊ ကူးတို့ရွာဆရာတော် ဦးဣန္ဒဝံသ-သည် တောရဆောက် တည်၍တရားကျင့်သုံးလျက်ရှိသည်။သုဓမ္မာဂိုဏ်းချူပ်၊ ဂိုဏ်းအုပ်၊ ဂိုဏ်း ထောက်များက မကြာခဏ ဆင့်ခေါ်သဖြင့် ယင်းသို့ဆင့်ခေါ် ခံရခြင်းမှ ကင်း လွတ်ခွင့်ပြုရန် မန္တလေး၊ သုဓမ္မာသာသနာပိုင်ထံ မေတ္တာစာ တင်သွင်းခဲ့ သည်။သာသနာပိုင် ပခန်းဆရာတော်က ၁၂၅၈ ခုနှစ်တွင် ယင်းတောရ ကျောင်းဆရာတော်ကြီးကို ဆင့်ခေါ်ခြင်းမပြုနိုင်စေရန် သုဓမ္မာဂိုဏ်းမှအ လွတ် ' ဂဏဝိမုတ္တိ ' (ဂဏ= ဂိုဏ်း ၊၀ိမုတ္တိ = လွတ်ခြင်း) ဟု စာချွန် တော်အမိန့် ထုတ်ပြန်ပေးခဲ့သည်။ ထို့ကြောင့် ယင်းဆရာတော်ကြီး၏တပည့်အစဉ်အဆက်တို့ကို ' ဂဏဝိ မုတ္တိ ကူးတို့ဂိုဏ်း-ဟုခေါ်ဆိုကြသည်။ သုဓမ္မာဂိုဏ်းမှအလွတ် ဖြစ်သော ကူးတို့ရွာမှ ဆရာတော်ကြီး၏တပည့်သံဃာများဟုဆိုလိုသည်။ မူလဆရာတော်ကြီးကတော့ တောရဆောက်တည်လို့ ကင်းလွတ်ခွင့် ရတယ်။အခုတပည့်တွေကရော ဆရာတော်ကြီးကဲ့သို့ အားလုံးပဲ တောရ ဆောက်တည်ကြသလား၊ မဆောက်တည်တဲ့ ရဟန်းတွေကို ကင်းလွတ်ခွင့် ပေးသင့်သလား၊ စဉ်းစားစရာပါပဲ.. (၉ )ဓမ္မယုတ္တိနိကာယ မဟာရင်ဂိုဏ်း မဟာရင်ဆရာတော်သည်၁၂၀၃-ခုနှစ်တွင် ယိုးဒယားနိုင်ငံ၌ မွေးဖွားခဲ့၍ ငယ်မည်မှာ "ဦးရင် " ဖြစ်သည်။ယိုးဒယားနိုင်ငံ ' ဓမ္မယုတ္တိ နိကာယ ' ( တမယွတ် ) ဂိုဏ်း၌ ရဟန်းပြု၍ပါဠိစာပေများကို မဟာအဆင့်အတန်း အောင်မြင်သည်အထိ စာပေသင်ကြားတတ်မြောက်ခဲ့သည်။ ထိုအခါ ဦး ရင်အမည်ကို မဟာဘွဲ့နှင့် ပေါင်းစပ်၍မဟာရင်ဖြစ်လာသည် ။ မဟာရင်အမည်ရှိဆရာတော်ကြီးသည် မော်လမြိုင်မြို့နယ် ' ကတိုး 'ရွာ၌ ကျောင်းတိုက်တည်၍စာပေပို့ချသည်။ ယင်း၏တပည့်သံဃာမ ျားကို 'မ ဟာရင်ဂိုဏ်း 'ဟုခေါ်ဆိုကြသည်။ယိုးဒယားနိုင်ငံရှိ မူလပင်မဂိုဏ်း၏အ မည်ကို ပူးတွဲ၍' ဓမ္မယုတ္တိ နိကာယ မဟာရင် 'ဂိုဏ်း ဟုခေါ်ဆိုကြသည်။ ဓမ္မ = တရားတော်ကို ၊ ယုတ္တိ = အထောက်အထားပြုသော ၊ နိကာယ = သံဃာအစုအဝေး ။ ဟူ၍ဖြစ်ပါသည်။ အထက်ပါနိုင်ငံတော်အသိအမှတ်ပြုသံဃာ့ဂိုဏ်းကြီး
(၉ ) ဂိုဏ်းတို့သည် ဘုရားဟောပိဋကတ် (၃ )ပုံ အနက် သုတ်နှင့်အဘိဓမ္မ ာတို့တွင် အယူအဆ တူမျှကြသော်လည်း စောင့်ထိန်းလိုက ်နာအပ်သည့် ၀ိနည်းပိုင်းဆိုင်ရာတို့တွင် အလေးအပေါ့အတိမ်အ နက် စသည်ဖြင့် ကွဲလွဲမှုရှိကြသည်ကို အကြောင်းပြု၍ ကွဲပြားနေကြခြင်းသာဖြစ်ပါသည်။ အထက်ပါသံဃာ့ဂိုဏ်းများပေါ်ပေါက်ရခြင်းအကြောင်းကို သုံးသပ်ရသော် သီလ သမာဓိနှင့် ပြည့်စုံပြီးစာပေကျမ်းဂန် တတ်ကျွမ်းကာ နောက်လိုက် တပည့်သံဃာများပြားသော ဆရာတော်ကြီးများ၏ဓမ္မဝိနယနှင့် ထိုစဉ် ကာလ သံဃာထုနှင့် မင်းအစိုးရအပေါ် ပုဂ္ဂလိကအမြင်ဖြင့် မိမိယုံကြည် ယူဆချက်အတိုင်း တစိုက်တမတ်မတ် ကျင့်သုံးပြီး အခြားသောသံဃာ များနှင့် မဆက်စပ်ပဲ သီးခြားနေခဲ့ခြင်းက စတင်ခဲ့သည်ကို တွေ့ရသည်။ ညှိနှိုင်း၍မရလောက်အောင် ကြီးမားသည့်သဘောထားကွဲလွဲမှု မရှိခဲ့ သည်မှာ ထင်ရှားသည်။ အခြားသော ဘာသာများနှင့် နှိုင်းယှဉ်လေ့လာ နိုင်သော ယခုခေတ်ကြီးတွင် ထေရဝါဒအစစ်အမှန်ဟု ကြွေးကြော်နေသော မိမိတို့နိုင်ငံအနေဖြင့်ယခုကဲ့သို့ သံဃာ့ဂိုဏ်းများ အများအပြားရှိနေခြင်းကား မကောင်းပေ... ထို့ကြောင့်ပင်လျှင် မြန်မာပြည်၏ရှင်မဟာဗုဒ္ဓဃောသ ဟုပင် ဂုဏ်ပြုခေါ်တွင်ရသည့် တောင်မြို့(အမရပူရ မဟာဂန္ဓာရုံ)ဆရာတော် အရှင်ဇနကာ ဘိဝံသ-က သံဃအစည်းအဝေးတစ်ခုတွင် အဆိုပါဂိုဏ်းမျာ းအားလုံး ဖျက် သိမ်းပြီး ထေရဝါဒစစ်စစ် သံဃာဟု သာသတ်မှတ်ရန် အဆိုတင်သွင်းခဲ့ဖူး ကြောင်းမှတ်သားကြည်ညိုခဲ့ရဖူးပါသည်။ ခေတ်အမြင်ရှိလှသော ဆရာတော်၏ဉာဏ်တော်ကိုသာ ကြည်ညိုဦးခိုက် ရပါသည်။ သို့သော်.... ထိုစဉ်ကအကြောင်းကြောင်းများကြောင့် ဆရာတော်ဘုရား၏ ရည်မှန်းချက် မအောင်မြင်ခဲ့ရပေ....တစ်ချိန်သောအခါတွင်ကား ဆရာတော်မျှော်မှန်းသ ကဲ့သို့ ဖြစ်လာနိုင်ပါစေဟုသာ မျှော်လင့်ဆုတောင်းမိပါသည်။
(အပ္ပမာဒမဂ္ဂဇင်းတွင်ဖော်ပြပါရှိသောဆောင်းပါးရှင် ငှက်တောင်ပျံ(ဇင်းကျိူက်))
posted by phyo zaw phyominzaw.blog.