Friday, June 1, 2018

"မောရသုတ် ပရိတ်တော်အမေး+အဖြေ"

"မောရသုတ် ပရိတ်တော်အမေး+အဖြေ"

ရှောင်သော်လည်း ရှောင်သော်
ကိလေသာ ရှောင်ခွာထွက်သော်လည်း
မ, ဖျက်ကြောင်းပေါ်။
 စိတ်ပြောင်းသည့် ရဟန်းတော်
 လမ်းမချော် စေအောင်လို့
အတိတ်ဆောင် ဘုန်းခေါင်ဟောတယ်

 “မောရ” ပြန်လို့။
ကံအကြောင်း
 ဥဒေါင်းမင်း ဖြစ်လတ်သော်
 နေမင်းရှင် အစထားလို့
 မြတ်ဘုရား ရဟန္တာများကို
 ညွှတ်တွားကော်ရော်။
 မင်းများတို့ ဖမ်းလတ်သော်
ပရိတ်တော် တန်ခိုး၊
အတန်တန် ဘေးရန်လွတ်လို့
မ, လွှတ်ဖျက်ချိုး။
 ကျမ်းလာရိုး
 ရန်ချိုးတဲ့ ပရိတ်တော်၊
ဘယ်သုတ်တော် ဘာကိုရွတ်လို့
 ဘေးလွတ်ကြောင်းပေါ်။
 ကောင်းကျိုးမျှော်
သင့်လျှော်သည့် ပရိတ်တော်တရား
 များသူငါ ရွတ်နှင့်ရအောင်
 ချီးမြှင့်ပါ့ဘုရား။

 ရိုသေစွာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ) 04/ 03/ 2018

 .............................

* ရှင်သော်လည်း ရှင်သော်။
ကိလေသာ ရှောင်ခွာထွက်သော်လည်း
မ ဖျက်ကြောင်းပေါ်။
စိတ်ပြောင်းသည့် ရဟန်းတော်
 လမ်းမချော် စေရေး။
အတိတ်ဆောင် ဘုန်းခေါင်ဟောတယ်
 ပြောရပြန်သေး။
ကံအကြောင်း
 ဥဒေါင်းမင်း ဖြစ်လတ်သော်။
 နေမင်းရှင် အစထားလို့
 မြတ်ဘုရား ရဟန္တာများကို
 ညွတ်တွား ကော်ရော်။
မင်းများတို့ ဖမ်းသော်လည်း
 ပရိတ်တော် တန်ခိုး။
 အတန်တန် ဘေးရန်လွတ်လို့
 မ;လွှတ်ဖျက်ချိုး။
* ကျမ်းဂန်ထွက်
 လေးနက်တဲ့ ပရိတ်တော်။
 မောရသုတ် ပရိတ်ရွတ်လို့
 ဘေးလွတ်ကြောင်းပေါ်။
ကိုယ့်ဘဝ ကောင်းကျိုးမျှော်
 မောရခေါ်တဲ့ ပရိတ်တရား။
 ဘေးအန္တရာယ် တကယ်လွတ်ရအောင်
ရွတ်ဖတ်လို့ပွား။ ။

 ငွေသဇင်(သံတွဲ) ၅•၃•၂၀၁၈