"ဝဋ္ဋသုတ်ပရိတ်တော် အမေး + အဖြေ"
ရှိသော်လည်း ရှိသော်တောင်ပံတွေ ရှိပါလျက်နဲ့
ပျံမထွက်နိုင်သော်၊
ခြေရှိပါလျက် ပြေးဖို့မလျော်
မိဘနှစ်ဖော်က စွန့်ခွါပြေး၊
လန့်ရှာတယ် ဒီမီးဘေးကို
တွေးလို့မအေး။
ငုံးငယ်လေးသစ္စာဆို
မီးဘေးပြယ် ရှောင်ကာကွင်းလို့
ဘေးကင်းသလို၊
လောင်မြိုက်မှု စွမ်းအင်ပို
မီးဘေးကို မလိုလား၊
အားကိုးရာ ပြိုကာဆိတ်လျှင်
ဘယ်ပရိတ် ရံကာခြားလို့
တားပါ့မယ်ဘုရား။
ရိုသေစွာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ) 22/ 02/ 2018
........................
*ရှိသော်လည်း ရှိသော်။
တောင်ပံတွေ ရှိပါလျက်နဲ့
ပျံမထွက်နိုင်သော် ။
ခြေရှိလျက် ပြေးဖို့မလျော်
မိဘနှစ်ဖော်က စွန့်ခွာပြေး။
လန့်ရှာတယ် ဒီမီဘေးကို
တွေးလို့မအေး။
*ငုံးငယ်လေး သစ္စာဆို။
မီးဘေးပြယ် ရှောင်ကာကွင်းလို့
ဘေးကင်းသလို။
လောင်မြိုက်မှု စွမ်းအင်ပို
မီးဘေးကို မလိုလား။
အားကိုးရာ သေချာမှတ်ပါတော့
ဝဋ္ဋပရိတ် ကာရံခြားလို့ရယ်
တားသင့်တကား။ ။
ငွေသဇင်(သံတွဲ) 23/ 02/ 2018