Friday, June 1, 2018

"ဓဇဂ္ဂသုတ်ပရိတ်တော် အမေးအဖြေ"

"ဓဇဂ္ဂသုတ်ပရိတ်တော် အမေးအဖြေ"

ရဲသော်လည်း ရဲသော်
ခါတလေ လွဲချော်ပြုတယ်
ရဲစိတ်မပေါ်၊
 အောင်လံတော်
 မျှော်ကာဖြင့် စိတ်ကိုနှူး၊
ထိတ်သူတွေ ရဲမာန်မြူးလို့ရယ်

 ဇွဲချီတပ်ဦး။
ရည်စူးလို့ နှုတ်တော်ချွေ
ပရိတ်တော် ဓမ္မစက်မှာ
 ဟောခဲ့ပါပေ။
ဘယ်ပရိတ် ချစ်မိတ်ဆွေ
 ဂုဏ်ဟိတ်ဝေ မိန့်ကြား၊
မထိတ်မလန့်အောင်ပ
 ဆောင်ရမယ် ပရိတ်ပန်းကို
 မှန်းလို့ဝံ့စား။

 မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)

16/ 02/ 2018 ..................................

 * ရဲသော်လည်း ရဲသော်။
တခါတလေ လွဲချော်ပြုတယ်
ရဲစိတ်မပေါ်။
 အောင်လံတော်
 မျှော်ကာဖြင့် စိတ်ကိုနှူး။
ထိတ်သူတွေ ရဲမာန်ဆင့်လို့ရယ်
 ဇွဲဝင့်လို့မြူး။
*ရည်စူး၍ နှုတ်တော်ချွေ။
ပရိတ်တော် ဓမ္မစက်မှာ
 ဟောခဲ့ပါပေ။
 ဓဇဂ္ဂပရိတ် ချစ်မိတ်ဆွေ
 မြတ်ဗုဒ္ဓေ မိန့်ကြား။
 မထိတ်မလန့် အောင်ပ
 ဓဇဂ္ဂခေါ်တဲ့ ပရိတ်ပန်းနဲ့
 ဖျန်းပျက်လို့ထား။ ။

 ငွေသဇင်(သံတွဲ) 24/ 02/ 2018