Friday, June 1, 2018

“အာဋာနာဋိယသုတ် ပရိတ်တော် အမေး+အဖြေ”

“အာဋာနာဋိယသုတ် ပရိတ်တော် အမေး+အဖြေ”

 ဖြူသော်လည်း ဖြူသော်
မလိုသူ ရန်မူတတ်တယ်
 နတ်တို့မြင်မြော်။
 ရှင်တော်နား
နတ်များတို့ ချည်းကပ်ခေါ်
 လျဉ်းစပ်သော် ခွင့်ပန်ကြား၊
 ဖောက်ပြန်သူ မိစ္ဆာများကို

 ဆီးတားကာ ချမ်းသာကြောင်းပါဘုရားလို့
 ကောင်းစွာ လျှောက်ထား။
 နတ်များ၏ အလှူတော်
 အဆူဆူ ဘုရားရှင်တို့၏
ဘုန်းစဉ်ဖွဲ့ဖော်၊
 ဂုဏ်ထူးတဲ့ ပရိတ်တော်
 ဘယ်သုတ်တော်ပါလေဘုရား။
 စုန်း, ဖုတ်, တစ္ဆေ, မိစ္ဆာများကို
 ဆီးတားကာ ချမ်းသာကြောင်းဟာမို့
ဝမ်းသာစွာ ကြားနာနှင့်ရအောင်
 ချီးမြှင့်ပါ့ဘုရား။

 ရိုသေစွာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ) 09/ 03/ 2018

 ...........,..

*ဖြူသော်လည်း ဖြူသော်။
မလိုသူ ရန်မှုတတ်တယ်
 နတ်တို့ မြင်မြော်။
 ရှင်တော်နား
 နတ်များကို ချဉ်းကပ်ခေါ်
လျဉ်းစပ်သော် ခွင့်ပန်ကြား။
 ဖောက်ပြန်သူ မိစ္ဆာများကို
ဆီးတားကာ ချမ်းသာကြောင်းပါဘုရားလို့
 ကောင်းစွာလျှောက်ထား။
*နတ်ဘီလူးတို့ ကြည်ညိုရန်။
 မြတ်ဘုရား ခုနစ်ဆူဂုဏ်တော်များကို
 ဟောကြားထုတ်ပြန်။
အာဋာနာဋိယ ပရိတ်မှန်
 ကောင်းမွန်တဲ့ သုတ်ပါဠိ။
များသူငါ ချမ်းသာကြောင်းကိုဖြင့်
ဝမ်းသာစွာ ကြားနာတတ်စေဖို့
 ပေးအပ်ပါ၏ ။ ။

 ငွေသဇင်(သံတွဲ) ၉•၃•၂၀၁၈