Friday, June 1, 2018

"ဗောဇ္စျင်သုတ်ပရိတ်တော် အမေးအဖြေ"

"ဗောဇ္စျင်သုတ်ပရိတ်တော် အမေးအဖြေ"

မာသော်လည်း မာသော်
သည်ခန္ဓာ နာကျင်တတ်တယ်
ဓာတ်ဖောက်ပြန်သော်။
ဖောက်ပြန်တဲ့ ရုပ်ဓာတ်အပေါ်
စိတ်ရုပ်ဖော် ဆော်သွင်း၊
ပရိတ်တော် နာကြားရင်းက

ကျန်းမာသွားခြင်း။
ထင်လင်းတဲ့ဒေသနာ
ဘုန်းမြတ်စွာ ဟောနာပြုတယ်
အဟော ဝတာ၊
မကျန်းမာ ခန္ဓာဖြင့် နာနေတုန်း၊
ပရိတ်တော် ဘယ်ပန်းကုံးကို
ယူသုံးလျှင် ကျန်းမာလိမ့်မယ်
လမ်းပြပါဦး။

 ရိုသေစွာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ) 19/ 02/ 2018

....................................

*မာသော်လည်း မာသော်။
သည်ခန္ဓာ နာကျင်တတ်တယ်
ဓာတ်ဖောက်ပြန်သော်။
 ဖောက်ပြန်တဲ့ရုပ်ဓာတ်အပေါ်
 စိတ်ရုပ်ဖော် ဆော်သွင်း။
ပရိတ်တော် နာကြားရင်းက
 ကျန်းမာသွားခြင်း။
*ထင်လင်းတဲ့ ဒေသနာ။
 ဘုန်းမြတ်စွာ ဟောညွန်ပြုတယ်
 ရှေ့ရှုမှန်စွာ။
 မကျန်းမာ
ခန္ဓာဖြင့် နာလျှင်ကား။
 သုတ်ဗောဇ္စျင် မဥ္စူပန်းကို
ဖျန်းလိုက်ပါဘုရား။ ။

 ငွေသဇင်(သံတွဲ) 23/ 02/ 2018