Friday, June 1, 2018

"ခန္ဓသုတ်ပရိတ်တော် အမေး+အဖြေ"

"ခန္ဓသုတ်ပရိတ်တော် အမေး+အဖြေ"

 ထေရ်သော်လည်း ထေရ်သော်
 မြွေကိုက်သော် ပျံလွန်တတ်တယ်
ယင်းဇာတ်ကြောင်းပေါ်။
မြတ်ဘုရား လက်ထက်တော်
 ပျံလေသော် ထေရ်တစ်ပါး၊
 မြွေဆိပ်ဒဏ် နောင်မသင့်ရအောင်

 ချီးမြှင့်ဟောကြား။
 ထင်ရှားတဲ့ ဒေသနာ
 မြွေလေးဖြာ မေတ္တာပွားဖို့
ဘုရားမိန့်မှာ။
 မြွေဆိပ်တို့ မသင့်ရာ
 ချင့်တွက်ခါ ဖိတ်မန်ကြား
 ပရိတ်တော် မန္တန်ဆေးကို
 ပေးပါဦးဘုရား။

 ရိုသေစွာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ) 25/ 02/ 2018

......................

* ထေရ်သော်လည်း ထေရ်သော်။
 မြွေကိုက်သော် ပျံလွန်တတ်တယ်
 ယင်းဇာတ်ကြောင်းပေါ်။
 မြတ်ဘုရား လက်ထက်တော်
 ပျံလွန်သော် ထေရ်တစ်ပါး။
 မြွေဆိပ်ဒဏ် နောင်မသင့်ရအောင်
 ချီးမြင့်ဟောကြား။
 *ထင်ရှားတဲ့ ဒေသနာ။
 မြွေလေးဖြာ မေတ္တာပွားဖို့
 ဘုရားမိန့်မှာ။
 မြွေဆိပ်တို့ မသင့်ရာ
 ချင့်တွက်ခါ ဖိတ်မန်ကြား။
 ခန္ဓပရိတ်ကို ယုံကြည်စွာနဲ့
မြတ်ဗုဒ္ဓါ မန္တန်ဆေးကို
 ကျွေးလိုက်ပါဘုရား။ ။

 ငွေသဇင်(သံတွဲ) ၂၆•၂•၂၀၁၈ ......................

 ခက်ဆစ်။ ။ မြွေလေးဖြာ = ဝိရူပက္ခ၊ ဧရာပထ၊ ဆဗျာပုတ္တ၊ ကဏှာဂေါတမ။