Friday, June 1, 2018

မေတ္တာသုတ် ပရိတ်တော်အမေး+အဖြေ

"မေတ္တာသုတ် ပရိတ်တော်အမေး+အဖြေ

" ကျင့်သော်လည်း ကျင့်သော်
 တောဝနာ ထွက်ကာကျင့်သော်လည်း
 ဖျက်နှင့်သူပေါ်။
 ပျက်လွင့်ဖို့ ဖျက်လတ်သော်
သူမြတ်တို့သော်မှ မနေအား၊
 ဗုဒ္ဓထံ အရောက်သွားလို့
နည်းခံလျှောက်ထား။
 မြတ်ဘုရား နည်းကိုယူ

 ငြူစူရာ ထိုဒေသကို
 ပြန်ကြလေမူ၊
 ရှေးကနှင့်ဘယ်မတူ
ဖျက်သူတို့ စိတ်အနေအထား
ကိုယ့်မိတ်ဆွေ အလာခရီးကို
 ကြိုဆီးသည့်အလား။
 ထင်ရှားတဲ့ဒေသနာ
ဘယ်နည်းနာ ဘာကိုသုံးလို့
ပြုံးခဲ့နိုင်ပါ၊
ကျမ်းအလာ ဝမ်းသာဖို့ မိတ်ဆွေများ
 ပရိတ်တော် ရွှေစင်နှစ်ကို
လှစ်ပြပါဘုရား။

 ရိုသေစွာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ) 24/ 02/ 2018

..............................

 ကျင့်သော်လည်း ကျင့်သော် ။
 တောဝနာ ထွက်ကာကျင့်သော်လည်း
 ဖျက်နှင့်သူပေါ် ။
 ပျက်လွင့်ဖို့ ဖျက်လတ်သော်
သူမြတ်တို့သော်မှ မနေအား ။
 ဗုဒ္ဓထံ အရောက်သွားလို့
နည်းခံ လျှောက်ထား ။
 မြတ်ဘုရား နည်းကိုယူ ။
 ငြူစူရာ ထိုဒေသကို ပြန်ကြလေမူ ။
 ရှေးကနှင့် ဘယ်မတူ
 ဖျက်သူတို့ စိတ်အနေအထား ။
ကိုယ့်မိတ်ဆွေ အလာခရီးကို
 ကြိုဆီးသည့်အလား ။
ထင်ရှားတဲ့ ဒေသနာ။
 မေတ္တာဘာဝနာ အစဉ်သုံးလို့
ပြုံးခဲ့နိုင်တာ ။
ကျမ်းအလာ ဝမ်းသာဖို့ မိတ်ဆွေများ ။
 မေတ္တာတော် ပရိတ်မြတ်ကို
ရွတ်ဖတ်လို့ပွား။ ။

 ငွေသဇင်(သံတွဲ) 25- 2- 2018