"ရတနာ့သုတ်ပရိတ်တော် အမေးအဖြေ"
ကြိုးသော်လည်း ကြိုးသော်ခါတလေ ကပ်ဆိုးဆိုက်တယ်
ငတ်ခိုက်ကြုံသော်။
တိုက်ခိုက်လို့ မိုက်ဇာတ်ဖော်
ရောဂါပေါ် ဆော်ပြန်သေး၊
ကပ်သုံးတန် အမှန်ဆိုက်တယ်
သည်းလှိုက်ဖွယ်ဘေး။
မြတ်ဗုဒ္ဓ ရေးတော်ယူ
အာနန္ဒာ ညီတော်မြတ်ကို
ရွတ်တတ်အောင်ကူ။
ညလုံးပေါက် ရွတ်တော်မူ
ကပ်သုံးပူ ဖယ်ရှား၊
ဘယ်ပရိတ် ကာရံတားပါက
ကပ်ဘေးဒဏ် အမှန်ရှားလိမ့်မယ်
ပြန်ကြားပါ့ဘုရား။
ရိုသေစွာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ) 21/ 02/ 2018
.....................................
*ကြိုးသော်လည်း ကြိုးသော်။
တခါတလေ ကပ်ဆိုးဆိုက်
ငတ်ခိုက်ကြုံသော်။ တိုက်ခိုက်လို့ မိုက်ဇာတ်ဖော်
ရောဂါပေါ် ဆော်ပြန်သေး။
ကပ်သုံးတန် အမှန်ဆိုက်တယ်
သည်းလှိုက်ဖွယ်လေး။
*မြတ်ဗုဒ္ဓ ရေးတော်ယူ။
အာနန္ဒာ ညီတော်မြတ်ကို
ရွတ်ဖတ်အောင်ကူ။
ညလုံးပေါက် ရွတ်တော်မူ
ကပ်သုံးပူ ဖယ်ရှား။
ရတနာ့ပရိတ် ကာရံပေးပါမှ
ကပ်ဘေးဒဏ် အမှန်ရှင်းလိမ့်မယ်
ကင်းလိမ့်ဘုရား။ ။
ငွေသဇင်(သံတွဲ) 22/ 02/ 2018