"မျိုးဆက်သစ်သို့ လက်ဆင့်ကမ်းခြင်း-၂
နောက်ဘာပြောမလဲဆိုတော့ နိသမ္မကာရိနော- နိသာမ္မကာရီ၊ When you are doing your work , you must do with investigation and analysis. အလုပ်လုပ်တဲ့အခါမှာ စူးစူးစမ်းစမ်း ဆင်ဆင်ခြင်ခြင် အလုပ်လုပ်ရမယ်။ Investigative wisdom ရှိရမယ်။Analytical knowledge ရှိရမယ်။ မစူးစမ်း မဆင်ခြင်ပဲနဲ့ မှန်းပြီးတော့ ရမ်းပြီးတော့ အလုပ်လုပ်တာမျိုး မဖြစ်သင့်ဘူး။ ဉာဏ်နဲ့ စူစမ်းပြီး လုပ်ရမယ်။အဘိဓမ္မာလိုပြောရင် ဉာဏသမ္ပယုတ်စိတ်နဲ့ အလုပ်လုပ်။နောက်ဘာပြောလဲ သညတဿ- နံပတ်(၅)မှာ သညတဆိုတာက သံယမ-ကလာတာ။ သံယမ-ဆိုတာ စောင့်စောင့်စည်းစည်း ရှိရမယ်။ You must be ready to follow any instruction.ပေါ့ကွာ။ You must be ready to follow any discipline . ပေါကွာ။ မည်သည့်ညွှန်ကြားချက် လမ်းညွှန်ချက်နဲ့ မည့်သည့် စည်းကမ်းဥပဒေမျိုးကိုမဆို လိုက်နာဖို့ အဆင်သင့်ဖြစ်နေရမယ်။ သံယမ-စောင့်စောင့်စည်းစည်းအလုပ်လုပ်ဆိုတာက စည်းကမ်းဥပဒေနဲ့အညီအလုပ်လုပ်ဖို့ ပြောတာ။ နှုတ်စောင့် လက်စောင့်ရှိဖို့လည်း လိုတယ်ပေါ့ကွာ။ ပုံပြင်လေးတစ်ခုပေါ့လေ လိပ်ကြီးတစ်ကောင်။ အိုင်ခြောက်ကြီးထဲမှာ အစာရှာတယ်။
ဟင်္သာတစ်ကောင်က သနားလို့ ရေအိုင်ထဲပို့မယ်ဆိုပြီး ခေါ်သွားတာ ။ တုတ်တစ်ချောင်းကို အဖျားနှစ်ကနေ ဟင်္သာနှစ်ကောင်ကိုက်ပြီး လိပ်ကို အလယ်ကနေ ကိုက်ခိုင်းပြီးတော့ ဟင်္သာနှစ်ကောင်ထပြန်တော့ လိပ်ကြီး တွဲလောင်း တွဲလောင်းနဲ့ ပါသွားတယ်။ ကယ်တင်တာပဲ နောက်တစ်ခုပြောရမလား ချီးမြှောက်တာပဲ။ချီးမြောက်တာ အဲ့ဒီ လိပ်-မခံနိုင်ဘူး။ လိပ်-က လေးပြီး ဟင်္သာတွေကလည်း ပင်ပန်းတော့ ပျံတဲ့အခါ တဖြည်းဖြည်းနဲ့ နိမ့်နိမ့်လာတယ်။ ရွာဦးတစ်ခု ဖြတ်ပျံတယ်။ ခလေးတွေက ရွာဦး ကစားနေတာ။ ကောင်းကင်ကြည့်လိုက်တော့ ဒီအချင်းအရာ တွေ့ရတယ်။ ဝိုင်း အော်တယ်။
ဟာ လိပ်-ကြီးကွာ ဟင်္သာတွေက ခေါ်သွားတယ်။ ဘယ်ခေါ်သွားမလဲ မသိဘူး။ ပစ်ချလိုက်လို့ လိပ်ကြီး သေသွားရင်တော့ ဟင်္သာတွေ စားတော့မှာပဲ။ကလေးတွေ ဦးတည့်ရာ အော်တယ်။ တချို့ကလည်း ဟာ လိပ်ကြီး ဘုန်းကံကြီးမားလို့ ဟင်္သာတွေက ရေအိုင်ထဲ ခေါ်သွားတာဖြစ်မှာပေါ့။ အဲ့ဒီအသံကြားတော့ လိပ်က ယားကျိကျိဖြစ်လာတယ်။မင်းတို့ ယားကျိကျိ မဖြစ်စေနဲ့ ကြားနေလိမ့်မယ် အသံတွေ အများကြီး။
စိတ်ထဲ ယားကြည့်ကြည့် မဖြစ်နဲ့။ ခင်များ ပါးစပ်မဟနဲ့ ခင်များ ပါးစပ်ဟ-တာနဲ့ သေပြီ။ အောက်က နောက်တဲ့ ပြောင်တဲ့ ကောင်လေးတွေကို လိပ်-က ပြန်ပြောချင်တာကို "ငါ့ဘုန်း ငါ့ကံ နဲ့ ရွှေဟင်္သာတွေက ငါ့ကို ခေါ်သွားတာ။" ဒီလိုပြောရင် မကောင်းဘူးလား ငါ့ဘုန်းကံ ကြီးမားလို့ ရွှေဟင်္သာတွေက ချီးမြောက်တာ။ အမယ် ဖင်ကျယ်တာ။ပါးစပ်ကလေး ဟ-လိုက်တာ ပြုတ်ကျ သေတာပဲ။ စောင့်စောင့်စည်းစည်း ရှိကြပါစေ မှတ်ထား။ ဟိုးး ရှေ့ပိုင်းတုန်းက စစ်ကိုင်း သီတဂူ အရှိန်တက်ခါစတုန်းက မော်တော်ကား သီတဂူ-တံဆိပ်ကြီး တပ်ပြီးတော့ အညာမှာ သစ်တွေ သွားချတာ။ဒီပြင်လည်း ရှိပါတယ် ။
ငါကတော့ ဒီလိုပဲနေတယ်။ အခုတော့ ရီစရာသဘောနဲ့ ပြောတာပါ ငါအပြစ်မတင်ပါဘူး။ လိပ်လို ဖြစ်နေတာ ။မလုပ်ကြနဲ့။စောင့်စောင့်စည်းစည်း ရှိကြပါစေ ဆိုတာ ဒါအရေးကြီးတယ်။ Abstain from any evil deed, any evil speech,any evil thought, You must control your physical verbal mental activity. ကိုယ်အမူအရာ နှုတ်အမူအရာ စိတ်အမူအရာ အားလုံး စောင့်စောင့်စည်းစည်း ရှိရမယ်။ ဥဋ္ဌာန ဝတော- ထကြွ လုံ့လ ဝီရိယ ရှိကြပါစေ။
သတီမတော- ကို်ယ်နှုတ်စိတ် သုံးပါးကို ထိန်းတဲ့ သတိလည်း ရှိကြပါစေ။ သုစိကမ္မဿ- ကိုယ်လုပ်တဲ့ အလုပ်တွေ သန့်သန့်ရှင်းရှင်း ရှိကြပါစေ။ နိသမ္မကာရိ- လုပ်သမျှ ဆောင်သမျှ စူးစူးစမ်းစမ်း ဆင်ဆင်ခြင်ခြင် ဉာဏ်နဲ့ယှဉ်၍ လုပ်နိုင်ကြပါစေ။ သညတဿ- ကိုယ်နှုတ်နှလုံး သုံးပါးလုံးကိုလည်း စောင့်ထိန်းနိုင်ကြပါစေ။ နံပါတ်(၆)က ဓမ္မဇီဝီ- Your livelihood must be purify corresponding to the Dhamma vinaya. ဓမ္မတင် မဟုတ်ဘူး ဝိနယပါထည့်လိုက် ။မှီဝဲသုံးစောင်နေတဲ့ ဆွမ်းသင်္ကန်းကျောင်းဆေး အကုန်လုံး ဓမ္မဝိနယ-နဲ့ ညီညွှတ်ပါစေ။ဓမ ္မ ဝိနယနဲ့ မညီညွှတ်တဲ့ ပစ္စည်းတွေကို အားလုံး ကြိုးစားပြီးတော့ ရှောင်ကြ။ လူလိုပြောရင် အပြစ်ကင်းတဲ့ ထမင်းစားကြ။ အပြစ်ကင်းတဲ့ အဝတ် ဝတ်ကြ။ဟိုး ဒို့ရှေ့ပိုင်း လွန်ခဲ့တဲ့ နှစ်(၂၀)လောက်က ဂျပန်ပြည်ရောက်ရောက်သွားရင် (၇)ရက်၊ (၈)ရက် တည်းခိုဆောင်တွေ ငါပဲတည်ထောင်ထားတာ။ အဲ့ဒီမှာ တည်းနေ။ရန်ကုန်က သံဃာတော်အချို့ (၇)ရက် (၁၀)ရက်အတွင်းမှာ တိုကျို ရန်ကုန်ကို (၂)ခေါက်လောက်ပြန်တယ်။ တစ်ခုသောအခေါက်ကြတော့ သတင်းထဲ ပါလာတယ်။
လေဆိပ်မှာပဲ ပစ္စည်းတွေ သိမ်းပြီးတော့ အဲ့ဒီကိုယ်တော် ဗမာပြည်ပြန်လွတ်လိုက်တယ်။ သတင်းက ဘာကြားလိုက်လဲဆိုတော့ ရန်ကုန်ကတော့ ကုန်ထုပ်တွေ အထုပ်လိုက် များစွားသယ်လာပြီးတော့ တိုကျိုမှာ ရောင်းတယ်။ ဗမာတွေက များတော့ ဗမာတို့ သုံးဆောင်တာတွေပဲ။ တိုကျိုက အထုပ်ပေါင်းများစွာ ရန်ကုန်ပြန်သယ်သွားတယ်။ (၁၀)ရက်လောက်တွင်းမှာ အသွားအပြန်ဆိုတော့ အသွားကုန်ရော အပြန်ကုန်ရော သူကသယ်တာ။ တော်တော်ရတယ်ပြောတယ်။ ဓမ္မဇီဝီ၊ ဝိနယ ဇီဝီ-မဖြစ်တော့ဘူးလေ။အဲ့ဒီတော့ တပည့်တွေ အကုန်လုံး ဆရာတွေရော ဓမ္မဇီဝီဖြစ်အောင် နေကြ ထိုင်ကြဖို့ ဒို့ အလေးအနက် တိုက်တွန်းတယ်။ ဓမ္မဇီဝီ-မဖြစ်ရင် ကြာကြာမခံဘူးနော်။
Your livelihood should be တောင် မဟုတ်ဘူးနော်။ must be purify corresponding to the law, law of the Buddha, Law of the Country. အဲ့ဒါဟာ အရေးကြီးပါတယ်။ တရားသဖြင့် အသက်မွေးရမယ်။ နံပါတ်(၇)က အပ္ပမတ္တဿ-ရည်မှန်းချက် ကြီးကြီးထား။ ပြင်းပြင်းပြပြဆန္ဒရှိရမယ်။ရည်မှန်းချက် ကြီးကြီးထား ။ထားသော ရည်မှန်းချက်ကို မရောက်မချင်း ချီတက်မယ်ဆိုတဲ့ ပြင်းပြသော ဆန္ဒရှိရမယ်။ အပ္ပမတ္တ-ဆိုတာအဲ့ဒါ ပဲ။Strong determination ပေါ့။ going to the your golden destination ပေါ့လေ။ ရွှေပင်းတိုင်းကို ခိုင်မာသော ဆုံးဖြတ်ချက်နဲ့ မရောက်မချင်း လျှောက်လမ်းမယ်ဆိုတဲ့ စိတ်ထားတွေမွှေး။ ဓမ္မပဒ-ဘာသာပြန်တွေမှာ ဖတ်လိုက်ရင် သတိပြုပြီးတော့ သေချာဖတ်။ Earnest -လို့ ဘာသာပြန်ထားတာတွေ့လိမ့်မယ်။ြ ပင်းပြသော စိတ်ထားနဲ့ အလုပ်လုပ်ရမယ်။ သိဒ္ဒတ္ထဂေါတမမင်းသား ဥရုဝေလမှာ(၆)နှစ် ဆရာကောင်းရှာတာ အကျင့်ကောင်းရှာတာ။ Vacation ဘယ်နှစ်ခါသွားလဲ။အနားယူ အပန်းဖြေတဲ့ ရက်မရှိဘူးလေကွာ။ ပိတ်ရက် မရှိဘူးလေကွာ။ မင်းတို့က ကျောင်းတွေ တယ်ပိတ်တာကိုးကွ။ အခုနွေရာသီ(၃) လကြီး ပိတ်ဦးမယ်တဲ့။ နှမျောဖို့ သိပ်ကောင်းတယ်။ငါ့မေးကြည့်တယ် စီမံအုပ်ချုပ်မှူးကြီးတွေ တပို့တွဲမှာ စာစစ်ပြီးတော့ တပေါင်း၊တန်ကူး၊ကဆုန်၊ သုံးလ ပိတ်ပစ်တယ်။ ဘာလုပ်မလဲ အဲ့ဒီ သုံးလ။ဝေလေလေ ဖြစ်နေမှာပေါ့။အဲ့ဒါ မင်းတို့ ပြန်ပြင် ပြင်ဖြစ်အောင်ပြင်။ စာသင်ချိန်များမှ ။
အဲ့ဒီတော့ အပ္ပမတ္တ-ပြင်းပြသောဆန္ဒ၊ခိုင်မာသော ယုံကြည်ချက်။ကြီးကျယ်မြင့်မြတ်သော ရည်မှန်းချက် ရှိရမယ်။Strong determination, Golden destination, Earnest. အားလုံး Qulity ဘယ်နှစ်ပါးလဲ။Qulity- ၇-ပါး။ ဇာတကမှာလည်း လာတယ်။ဓမ္မပဒမှာလည်း လာတယ်။ အဲ့ဒီ အရည်အချင်း(၇)ပါးရှိတဲ့ ပုဂ္ဂိုလ်သည် If you do have such a kind of these qualities , you can go directly strightly to the your golden destination. မင်းတို့မှာ ဒီအရည်အချင်းတွေ ရှိရင် မြင့်မြတ်တဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို ဖြောင့်ဖြောင့်ကြီး သွားနိုင်ကြမှာ ဖြစ်တယ်။Not only this but you can creat even the heaven.ကောင်းကင်ဘုံကြီးတောင်မှ မင်းတို့ ဖန်ဆင်းနိုင်တယ်။ အဲ့ဒါ ဒီကနေ့ ဒါပြောတာ။ကောင်းကင်ဘုံကြီးကို ဖန်ဆင်းဖို့ရန်အတွက် လိုအပ်သော အရည်အချင်း ဘယ်နှစ်ပါးစုဆောင်းရမလဲ။ (၇)ပါး စုဆောင်းကြ။ပါဠိဖတ်။
၁-ဥဋ္ဌာန ၂-သတိ ၃-သုစိကမ္မ ၄-သမ္မကာရိ ၅-သညတဿ ၆-ဓမ္မဇီဝီ ၇-အပ္ပမတ္တဿ ပါဠိရွတ်လိုက်တော့ ဥဋ္ဌာန ဝတော သတီမတော ၊ သုစိကမ္မဿ နိသမ္မကာရိနော ။ သညတဿ ဓမ္မဇီဝိနော ၊ အပ္ပမတ္တဿ ယသောဘိဝဎ္ဍတိ ။ အဲ့ဒီ ဂါထာပုဒ်ကို စာကိုယ်ထားပြီးတော့ Commentary တွေနဲ့ Stories တွေနဲ့ ဒို့ စစ်ကိုင်းတောင်ဖီလာဆရာတော်ဘုရားကြီးက စာအုပ်တစ်အုပ်ပြုစုတယ်လေ။ ယသဝဎ္ဍဏ-ဝတ္ထု။ငါ ငယ်ငယ်ကတည်းက ဖတ်တယ်။နောက်ထပ် ကျမ်းရင်းတွေ ရှာဖတ် ဇာတကနဲ့ ဓမ္မပဒက ဖြစ်တယ်။ ကျေကျေညက်ညက်တော့ မဟုတ်ဘူး မကျေမညက်ရထားတဲ့ စာလေးတစ်ပုဒ်ရှိတယ်။ _/\_ _/\_ _/\_
ယေဟိ ထေရေဟိ သင်္ဂ ီတာ၊ သင်္ဂ ီတိ တေသု ဝိဿုတာ။ သဗ္ဗကာမီ စ သာဠှော စ၊ ရေဝတော ခုဇ္ဇသောဘိတော။ ယသောစ သာဏသမ္ဘူတော၊ ဧတေ သိဒ္ဓိဝိဟာရိကာ။ ထေရာ အာနန္ဒထေရဿ၊ ဒိဋ္ဌိပုဗ္ဗာ တထာဂတံ။ _/\_ _/\_ _/\_ ပါဠိ မှန်လား မမှန်လား ငါရွတ်တာကို ဘယ်သူ Correct လုပ်နိုင်လဲ။ အဲ့ဒါခက်တာပဲ ဘယ်ကမှန်းကို မသိတာ တစ်ခါမှလည်း မဖတ်ဖူးဘူး။ (ပြုံးတော်မူလျှက်)ငါလည်း ရုတ်တရက်ပေါ်လို့ ထရွတ်တာ။ သာရဋ္ဌဒီပနီ ဋီကာနဲ့ ပါဠိအနက်ကထာ တတိယနဲ့ ဒုတိယ သင်္ဂ ီတိအခန်းအဖွင့်တွေမှာ ဖတ်လိုက်ရင် အဲ့ဒီလို ဂါထာတွေ (၄)ဂါထာလောက် ရှိတယ်။
သိပ်ပြီးတော့ ကြည်နူးစရာကောင်းတယ်။သင်္ဂ ီတိ (၃)ခု ဆက်ဖတ်ပေါ့။ ပထမ ဒုတိယ တတိယ။
အဲ့ဒီ သင်္ဂ ီတိ(၃) ခုကို ဆောင်သွားကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ ထေရုပ္ပတ္တိကို ဆက်ဖတ်။ဒီထဲမှာ ငါ စိတ်ထဲမှာ deeping felling ပေါ့ အလေးအနက် ခံစားမိတာလေးတစ်ခုက။ ဒိဋ္ဌိပုဗ္ဗာ တထာဂတံ- မြတ်စွာဘုရားကို ဖူးမြင်လိုက်ကြရတယ်။ အသက်ဘယ်လောက်ရှည်လဲ ခန့်မှန်းလိုက်။ (၁၀၀)မကဘူး ကျော်လိမ့်မယ်။(၁၂၀)မဟုတ်တောင် (၁၁၀)တော့ သေချာပေါက်ရှိရမယ်။
သဗ္ဗကာမီ၊ သာဠ၊ ရေဝတ၊ ခုဇ္ဇသောဘိတ။ ယသ၊ သာဏသမ္ဘူတ ။ ဒီလိုမို့လား။ဘယ်နှစ်ပါးလဲ။(၆)ပါး။ ဧတေ သိဒ္ဓိဝိဟာရိကာ။ ထေရာ အာနန္ဒထေရဿ၊ ဘယ်သူမွေးခဲ့တဲ့ တပည့်တွေလဲ။အရှင်အာနန္ဒာမွေးခဲ့တဲ့ တပည့်တွေ။ ဘုရားလက်ထက်ကတည်းက အရှင်အာနန္ဒာ ကိုယ်ရင်လေးတွေ မွေးထားတယ်။ ဒါပြောချင်တာ ဟေ့ကောင်တွေ။သောတံ-တို့ ကလျာနီတို့ သွားပြီး ပြန်လာရင် မင်းတို့ ဘာလုပ်မလဲ မေးခွန်းက။ ဒါလုပ်ကြလို့ မပြောပေမယ့် ပြောပြီးသားတော့ ဖြစ်သွားပီ။ ဒေါက်တာကိတ္တိ- ကိုရင်လေး ဘယ်နှစ်ပါးမွေးထားလဲ အခု။ (၄၀) -ကဲ အလုပ်လုပ်တယ်။အဲ့ဒီတော့ လုပ်ကြ ဟေ့ကောင်တွေ။ ရှင်အာနန္ဒာမွေးထားတဲ့ ကိုယ်ရင်လေးတွေ ဘုရားလက်ထက်ကတည်းက မွေးထားတာ။ ဘယ်သူတွေဖြစ်လာလဲ သဗ္ဗကာမီ၊ သာဠ၊ ရေဝတ၊ ခုဇ္ဇသောဘိတ၊ ယသ၊ သာဏသမ္ဘူတ ။ (၆)ပါးပဲ ရတယ်။
အဲ့ဒီ ပုဂ္ဂိုလ်ကြီးတွေက ဒုတိယ သင်္ဂါယနာတင်မှာ ခေါင်းဆောင်ကြီးတွေ ဖြစ်လာတယ်မို့လား။ ဒါကွ မင်းတို့ တတွေ။မျှော်လင့်ချက် ကြီးကြီးထားဆိုတာ အဲ့ဒါပြောတာ။ နောင်အနာဂတ်မှာ အသုံးဝင်မယ့် ပုဂ္ဂိုလ်တွေ မွေးရမယ်။ အထီးတည်း တစ်ယောက်တည်းလုပ်နေရင် အဲ့ဒီကောင်သေရင် အဲ့ဒီ ဥစ္စာကြီးပျက်ပြီ။အုံနဲ့ကျင်းနဲ့ ဒီလို အလုပ်လုပ်ရမယ်။ အုံနဲ့ကျင်းနဲ့ အလုပ်လုပ်တဲ့အခါမှာလည်း စွန့်လွှတ်ရမယ်။ သံဝိပါက ရတော-ဟေ့ကောင်တွေ ရွတ်စမ်း။သံဝိပါက ရတော။ ဝေပေးနေရတာကို ပျော်ရမယ်။ရတာတွေ သိမ်းထား ဖျာအောက် ပိုက်ဆံတွေထည့် မလုပ်နဲ့။ အဲ့ဒီ ဘုန်းကြီးကြီး သေတော့ ခုနက ဖျာအောက်ထိုးထားတဲ့ ပိုက်ဆံက မှိုတက်ပြီးတော့ ဖျာနဲ့ ကပ်နေတယ်။ဖျာနဲ့အတူလိပ်ပြီး မီးရိူ့ရုံရှိတာပဲ။ ဒို့သာသနာမှာ ရှေ့ပိုင်းက အဲ့ဒါမျိုးတွေ တော်တော်များများ ရှိခဲ့ဖူးတယ်။ မင်းတို့ ခေတ် အဲ့ဒါမျိုး မဖြစ်စေနဲ့။ သိပ်ကြည်နူးစရာကောင်းတယ် အရှင်အာနန္ဒာက မြတ်စွာဘုရားနောက် နှစ်(၄၀)နေပြီးတော့ ပရိနိဗ္ဗာန်ပြုတယ် မို့လား ။
နောက်ထပ် နှစ်(၁၀၀)ထိသွားတာက သူမွေးတဲ့ တပည့်ကိုရင်တွေကနေ တက်လာတဲ့ ရဟန်းတွေမို့လား။ အေး ဒါပြောချင်တာ။အရှင်အာနန္ဒ ဘုရားလက်ထက်က မွေးတဲ့ကိုရင်လေးတွေက အရှင်အာနန္ဒာပရိနိဗ္ဗာန်လည်း စံရော အရှင်အာနန္ဒာခြေရာနင်းပြီးတော့ ချီတက်ကြတာ။ ဘယ်ရောက်လဲ ဒုတိယ သင်္ဂါယနာရောက်တယ်။ အမေးရော အဖြေရော သင်္ဂါယနာအကြီးအကဲရော ဘယ်သူလုပ်လဲ အရှင်အာနန္ဒာတပည့်တွေချည်းပဲ။ တတိယသင်္ဂါယနာရောက်အောင် ချီတက်တာက ဥပါလိတပည့်တွေ။ အဲ့ဒါကြောင့် ဒို့များတည်ထောင် ပြုစုပျိုးထောင်ထားတဲ့ တိုင်းပြုပြည်ပြု ဒီသာသနာပြု လုပ်ငန်းတွေအားလုံး မင်းတို့ တပ်ပည့်တွေ စုဆောင်းပြီးတော့ စုပေါင်းပြီးတော့ Qualify ဖြစ်အောင် ကိုယ့်ကိုယ်ကို ပေပေါ်မှာ သံချောင်းကို ရဲရဲတောက်အောင် မီးဖုတ်ပြီးတော့ ပေပေါ်တင်ပြီးတော့ တူနဲထုသလို သူများထုရင်လည်း ခံကြ။ ငါလည်းပဲ ထုနိုင်သလောက် ထုမယ်။မင်းတို့လည်း ကို်ယ့်ကိုယ်ကို ထုကြ။မီးနာနာဖုတ်ပြီး ပေပေါ်မှာ နာနာထုခံရတဲ့ သံဟာ ဓားဖြစ်တယ်ကွ။ မီးလည်း အဖုတ်မခံရဘူး။ ပေပေါ်မှာလည်း အထုမခံရဘူးဆိုရင်တော့ အဲ့ဒီသံ ဓားဖြစ်မလာဘူး အလကားပဲ။
အဲ့ဒါကြောင့် ဒီကနေ့ တိုက်တွန်းလိုတာက တပည့်တွေအားလုံး အရှင်အာနန္ဒမွေးသော တပည့်တွေဟာ ငါခန့်မှန်းပြောမယ်။ သာသနာနှစ်(၄၀) ၊ ဘုရားပရိနိဗ္ဗာန်စံပြီးတဲ့နောက် နှစ်(၄၀)ရဲ့ နောက်ပို်င်းမှာ အရှင်အာနန္ဒာရဲ့ တပည့်တွေက ဒီသာသနာတော်ကြီးကို သယ်သွားတာ။ ဒုတိယသင်္ဂါယနာထိရောက်တယ်။ဥပါလိရဲ့ တပည့်ကြီးတွေက သယ်သွားတာ တတိယသင်္ဂါယနာထိရောက်တယ်။ သီတဂူသာသနာပြု လုပ်ငန်းကြီးတွေ အားလုံးကို တပည့်တွေအားလုံး လက်ဆင့်ကမ်းပြီးတော့ မပျောက်အပျက်ရအောင် အရည်အချင်း(၇)ပါး လက်ကိုင်ထားပြီးတော့ ထိန်းသိမ်းစောင့်ရှောက်သယ်ဆောင်သွားနိုင်ကြပါစေလို့ အလေးအနက်တိုက်တွန်းပြီးတော့ ဒီကနေ့မနက် ဟောပြောပွဲကို နိဂုံးချုပ်ပါပြီ။ အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာစွာဖြင့် သာသနာ့အကျိုး တိုင်းကျိုးပြည်ကျိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ ကုန်သတည်း။
သာဓု သာဓု သာဓု
14.1.2018) ရက်နေ့က ရန်ကုန်သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်မှာသြဝါဒမှ
ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး
_/\_ သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ_/\_
ဤအသံဖိုင်အား ဓမ္မဒါနအဖြစ်ရေးသားရသော ကုသိုလ်ကြောင့် ဣမိနာ ပုည ကမ္မေန ပရေသံ ဟိတမိစ္ဆေယျံ၊ ဟိတံ မေ ဣစ္ဆတံ ပရော။
ဣဒံမေ ပုညံ ဗောဓိဉာဏဿပစ္စယော ဟောတု။
Credit --- Pay Thoe