Friday, June 1, 2018

"မျိုးဆက်သစ်သို့ လက်ဆင့်ကမ်းခြင်း"

"မျိုးဆက်သစ်သို့ လက်ဆင့်ကမ်းခြင်း"

_/\_ ဥဋ္ဌာန ဝတော သတီမတော ၊ သုစိကမ္မဿ နိသမ္မကာရိနော ။ သညတဿ ဓမ္မဇီဝိနော ၊ အပ္ပမတ္တဿ ယသောဘိဝဎ္ဍတိ ။ _/\_ ယသောဘိဝဎ္ဍတိ- နော်။ ယသ-ဆိုတဲ့ ဒီပုဒ်ဟာ ကိတ္တိ အနက်လည်းဟောတယ်။နောက်ပြီးတော့ အခြံအရံပေါ့။ အခြံအရံ ပရိသတ်နဲ့ကျော်ဇောခြင်း-ဆိုတဲ့ ပုဒ်ကို ဒီ ယသ-ဆိုတဲ့ ပုဒ်ကပြောတာ။ အဲ့ဒီတော့ ယသောဘိဝဎ္ဍတိ- အခြံအရံတွေနဲ့ စည်ကား၊နာမည်လည်းကျော်ကြားပေါ့။


သာသနာ့သမိုင်းမှာ ကြည့်လိုက် ။ ဒို့ခေတ်ရဲ့ ရှေးရှေးခေတ်က ပုဂ္ဂိုလ်တွေ ။အာနန္ဒာက စကြည့်၊ အခြံအရံလည်း စည်ကားတယ်။ နာမည်လည်း ကျော်ကြားတယ်။ ဥပါလိ-ကြည့် ကြည့်လိုက်။အခြံအရံလည်း စည်းကားတယ်။ သူ့ရဲ့ တပည့်အဆက်ဆက် ဝိနည်းဆောင်ကြတာ။ အဲ့ဒီတော့ မင်းတို့တတွေ ရှေ့က မထေရ်ကြီးတွေရဲ့ထုံးကို နှလုံးမူပြီး၊ ဒီအကျိုးနှစ်မျိုးကို မျှော်ရင်လည်းပဲ (ဝါ) သာသနာတော်အလုပ်ကို ထိထိရောက်ရောက် လုပ်မယ်ဆိုရင်လည်းပဲ ခုနကပြောခဲ့တဲ့ အရည်အချင်း(၇)ပါး ရှိရမယ်။

 အရေးကြီးတာကို တည့်တည့်ပြောရရင် အရှင်အာနန္ဒာအလုပ်ကို ဆက်လက်၍ တာဝန်ယူတဲ့ ပုဂ္ဂိုလ်တွေ အရှင်ဥပါလိ-ရဲ့အလုပ်တွေကို ဆက်လက်တာဝန်ယူတဲ့ ပုဂ္ဂိုလ်တွေ၊ သာသနာ့သမိုင်းမှာ ရှိတယ်။ ဒို့များရဲ့မျက်မှောက်မှာ ဆိုရင် မဟာစည်ဆရာတော်ကြီးကွယ်လွန်။

မဟာစည်ဆရာတော်ဘုရားကြီးရဲ့ အလုပ်တွေကို ဆက်လက်တာဝန်ယူဖို့ သိပ်ခက်တယ်။ အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီး ကွယ်တယ်။ မဟာဂန္ဓာရုံဆရာတော်ကြီး အလုပ်ကို မဟာဂန္ဓာရုံဆရာတော်လောက်တော့ မထိရောက်ဘူး။ ဆက်လက်တာဝန်ယူကြတာ ရှိတယ်။ မဟာစည်ဆရာတော်ကြီးရဲ့ တပည့်တွေလည်းပဲ ဆက်လက်တာဝန်ယူနေကြတာပဲ။ ဒါပေမယ့် မဟာစည်လောက် မပေါက်တော့ဘူး။ ဒါပေမယ့် ဆက်လက်တာဝန်ယူ ထိန်းနေနိုင်တယ်ဆိုရင် ဒါ တော်တော်ကောင်းတယ်။ မပျောက်မပျက်ဘူးဆိုရင် ကျေနပ်စရာပဲ။ ဥဋ္ဌာန ဝတော -တက်တက်ကြွကြွ နိုးနိုးကြားကြား၊ အမြဲတမ်းရှိနေကြရမယ်။

you must be always active! active မဖြစ်ဘူး ထုံထိုင်းပြီးတော့ မှိုင်မှိုင်တွေတွေကြီးတွေဖြစ်နေကြရင် ရှေ့သွားမယ့် လုပ်ငန်းလည်း ခရီးမရောက်၊ လက်ရှိအနေအထားကိုလည်း ထိန်းနိုင်ဖို့ ခက်မယ်။ အမြဲတမ်းနိုးကြားတက်ကြွ Active ဖြစ်နေရမယ်။ ဥဋ္ဌာန-ဆိုတာ Active ပဲ။Active ဖြစ်နေတဲ့သူမှာ Activity ဆိုတာ ရှိတာပဲ။ Active မဖြစ်ရင် Activity မရှိဘူး။

 အဲ့ဒီတော့ Activity ရှိဖို့ရန်အတွက် You must be always active to do your activity in daily Life! ဒုတိယဘာလဲဆိုတော့ သတီမတော- သတိရရှိရမယ်။ သတိကို -mindfulness ၊awareness၊ ဒါ ဝိပဿနာလိုင်း ဝိပဿနာစခန်းမှာ ဘာသာပြန်တယ်။ ဒို့လုပ်ငန်းသဘောမှာ ဆိုရင်တော့ သတိကို Controller of your life! Controller of your mind.ဒီလိုဘာသာပြန်ချင်တယ်။ ဘာ့ကြောင့် ဒီလို ဘာသာပြန်နိုင်သလဲဆိုရင် စိတ္တာနုရက္ခဏ-အဋ္ဌသာလိနီ အဋ္ဌကထာမှာလေ၊ _/\_ အပိလာပန လက္ခဏာ သတိ အသမ္မောသန ရဿာ၊ အာရက္ခ ပစ္စုပဋ္ဌာနာ။_/\_ အပိလာပန လက္ခဏာ သတိ။

 ရေမျက်နှာပြင်မှာ အောက်က ကြိုးချည်မထားရင် ဘောလုံးကြီးတွေဟာ ပေါလောပေါလောဖြစ်နေတယ်။ အောက်က ကြိုးဆွဲလိုက်တာနဲ့ ဘောလုံးကြီးတွေ ငြိမ်သွားတယ်။ ရန်ကုန်ပင်လယ်ဝ မှာကြည့်ပေါ့။အဲ့ဒီတော့ ပေါလောပေါလောနဲ့ စိတ်တွေ ကာမဂုဏ် ရေမျက်နှာပြင်မှာ မျှောပြီး ပေါလောပေါလောဖြစ်နေရင်၊ မင်းတို့ ဘာလုပ်လို့ ရမလဲ။ကာမဂုဏ်ငါးပါးဆိုတဲ့ ရေမျက်နှာပြင်မှာ စိတ်-ဆိုတဲ့ ဘောလုံးကို ပေါလောပေါလောမမျှောရအောင် ၊ သတိကြိုးနဲ့ ချည်ပြီးတော့ သမာဓိ ကျောက်ခဲကြီး ဆွဲထားရမယ်။

အဲ့ဒါကို အဋ္ဌသာလိနိ အဋ္ဌကထာကပြောတယ်မို့လား အပိလာပန လက္ခဏာ သတိ။ မေ့ကုန်ပြီ မင်းတို့တွေ ရေထဲစာရေးသလိုလား။ သဲထဲ စာရေးသလိုလား။ မင်းတို့ ဘယ်မှာ ရေးခဲ့လဲ ကိုယ်ရေးတဲ့ စာတွေ၊ - အဲ့ဒီတော့ သတိဆိုတာ Controller ပဲ ထိန်းတာပဲ။ Maintainer ပဲ။ နောက်တစ်ခုပြောမယ် အသမ္မောသန ရဿာ၊ သမ္မောသန- ဘာပြောလဲအဓိပ္ပာယ်က၊ သမ္မောသ ၊မောသ- ဘာပြောလဲ။ Deluded mind - တွေဝေ နေတာကို သမ္မောသ-ခေါ်တယ်။မင်းတို့ Class ထဲမှာ တွေဝေနေရင် ဘာရမှာလဲ။ Library -ထဲမှာ တွေဝေနေရင် ဘာရမှာလဲ အဲ့ဒီတော့ သမ္မောသ-ဆိုတာ Delusion။ Delusion တို့ Illusion တို့ ကျွဲအိုကြီးတွေလို ဆင်အိုကြီးတွေလို၊ဒီလိုဖြစ်မနေနဲ့။

အဲ့ဒီတော့ အသမ္မောသန -ဆိုတာ Clear vision -ပဲ။ သတိကောင်းရင် Vision က Clear ဖြစ်သွားတယ်။ စိတ်ကို Control လုပ်နိုင်ရင် vision က Clear ဖြစ်တယ်။ ငါက ဒီလို ကြိုက်တယ်။ အဲ့ဒါကြောင့် သတိဆိုတာ ပထမ- Control of the mind.ဒုတိယ-က Clear vision. နောက်တစ်ခုက အာရက္ခ ပစ္စုပဋ္ဌာနာ၊ အာရက္ခ-လေ Guardian of the Mind. ဘယ်လောက်ကောင်းလဲ၊ You must guard your mind not to think any evil, not to speak any evil,not to do any evil. အဋ္ဌသာလိနိထဲက ဟာတွေ ဒို့အမြဲအသုံးချနေလို့ မမေ့ဘူး။ အပိလာပနလက္ခဏာ သတိ အသမ္မောသန ရဿာ၊ အာရက္ခ ပစ္စုပဋ္ဌာနာ- အဲ့ဒါပြီးတော့ ဘာလဲပြော။မပြောနိုင်ဘူး။ Clear vision မဖြစ်ဘူး။deluded mind က ဒါမဖော်ထုတ်နိုင်ဘူး။ အဲ့ဒီတော့ လေ့ကျင့်ခန်းတွေ လုပ်ကြရမယ်။ စာအဟောင်းတွေ ပြန်ဖတ်ရမယ်။

 ထိရသညာပဒဋ္ဌာနာ- သတိရဲ့ စတုတ္ထကလေ။ ထိရသညာ- ဘာလဲဆိုတော့ ခိုင်မြဲသောအမှတ်။ စာကျက်လည်း မြဲမြဲ စာကျက်လည်း စွဲစွဲမြဲမြဲ၊ ဟိုမှာကတော့ အာနာပါနစွဲစွဲမြဲမြဲမှတ် ဒီလိုပြောတယ်။ ဒါပေမယ့် ဒို့ရဲ့ စာချ စာသင်ရဲ့ လောကမှာတော့ စာအုပ်ကို စွဲစွဲမြဲမြဲဖတ် Libary မှန်မှန်ကန်ကန်သွား။ Note ကလေးတွေ မှန်မှန်ရေး၊အဲ ဒီလို လုပ်ရမှာ။ ထိရသညာ- The firmly perception ပေါ့။ သတိရဲ့ Commentary က အဲ့ဒီလောက်ထိသွားတယ်။ အဲ့ဒီတော့ active ဖြစ်နေရမယ် ။active ဖြစ်သူတိုင်း Activity ရှိတယ်။ Active မဖြစ်ရင် Activity မရှိတယ်။ ကြွားတယ်လို့တော့ မထင်နဲ့ ဗုဒ္ဓတက္ကသိုလ်တွေ အခုတိုင်းပြည်မှာ။ (၃၀)လောက် ပေါ်ပေါက်လာတယ်။ Pioneer ကတော့ ဒို့ သီတဂူပဲ။ ငါ့ဆီမှာနေ စီမံကိန်းဆွဲနေတုန်းမှာ ထေရဝါဒကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရန်ကုန်က ထဖွင့်လိုက်တော့ သူက ဦးသွားတယ်။ထေရဝါဒတက္ကသိုလ်ရဲ့ Outline တွေကိုပင်လျှင် ငါပေးခဲ့တာ။

အဲ့ဒီတော့Pioneer of Theravadaသို့မဟုတ် Buddhist academy Buddhist university ဒါ ဒို့ သီတဂူပဲ။ အဲ့ဒီတော့ အမြဲတမ်းရှေ့ကကြီး သွားနေနိုင်အောင် လုပ်ကြရမယ်။ အဲ့ဒါဆိုလို့ ရှိရင် Activity ဟာအမြဲတမ်းရှိနေရမယ်။ မင်းတို့ ငါတိုက်တွန်းထားတယ် တစ်နှစ်တစ်ကြိမ် နှစ်ပတ်လည် မဂ္ဂဇင်းထုတ်။ တက္ကသိုလ်ရဲ့ Policy တွေ ကျောင်းသာတွေရဲ့ အာပေါ်တွေ အတွေးအခေါ်တွေ၊ ဒါ လွတ်လွတ်လပ်လပ်နဲ့ ငါမင်းတို့ကို အခွင့်အရေးတွေ ပေးထားတယ်။ မင်းတို့ လုပ်ကြ။ ပိုက်ဆံဘယ်လောက်ကုန်ကုန် ငါထုတ်ပေးတယ်။

ဒါ Activity ပဲ။ ဒါ နည်းနည်းလောက်ပြောတာ။ နောက်တစ်ခု Issue - ပြဋ္ဌာန်းကျမ်းစာတို့ ဖတ်စရာကျမ်းစာတို့ Research and Compilation department- သုတေသနနဲ့ ကျမ်းပြုဋ္ဌာနဆိုတာက အမြဲတမ်း သုတေသန-လုပ်ပြီး စာအုပ်တွေ ထွက်နေရမယ်။ ဒါ University ရဲ့ အင်္ဂါတွေ။အဲ့ဒါတွေ မလုပ်နိုင်ဘူး ရှိတာလေးဖတ် မြန်မာလိုလေးပြန်ပေးလိုက်ရင်၊ တက္ကသိုလ်က ပြီးတယ် မအောက်မေ့နဲ့။ မင်းတို့ ဆရာတွေ သိပ်သတိထားရမယ်။ တက္ကသိုလ်ရဲ့ Management committee ဟာ အလေးအနက်စဉ်းစား အမြဲတမ်းတည်ထွင်ဆန်းစစ်ပြီးတော့၊ Issue and Activity အမြဲတမ်းရှိနေဖို့ရန် ဒီကနေ့ ဒို့အလေးအနက်တိုက်တွန်းတယ်။ ဒါ့ကြောင့် -ဥဋ္ဌာန -နိုးနိုးကြားကြားတက်တက်ကြွကြွ ရှိပါစေ။

 - သတိ -ကိုယ်နှုတ်စိတ်(၃)ပါး လုပ်ငန်းအားလုံးကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ အရေးကြီးတယ်။ - အာရက္ခ ပစ္စုပဋ္ဌာနာ။ ပစ္စုပဋ္ဌာန-နဲပဲ ငါပြောမယ်။ သတိရဲ့ ပစ္စုပဋ္ဌာနာက အာရက္ခ မို့လား။ ကျောင်းတိုက်ကြီး စောင့်ရှောက်ရမယ်။ ဘဏ္ဍာရေး စောင့်စောင့်ရှောက်ရှောက် ရှိရမယ်။ ဒီ Facility တွေ စောင့်ရှောက်ထိန်းသိမ်းနိုင်ကြရမယ်။ အဟောင်းအနွမ်း အကျိုးအပဲ့ပစ္စည်းကို မြင်အောင် ရှာဖွေပြီးတော့ ဖြစ်ရမယ်။ လုပ်ရမယ့် အလုပ်ကို ရှာနေရမယ် ။ရောက်လာတော့မှ အလုပ်လုပ်တာမျိုးမဟုတ်ပဲ ဘာလုပ်ရမလဲဆိုတာ အလုပ်ရှင်နဲ့ အလုပ်သမားအခန်းမှာ သင်္ဂါလောဝါဒသုတ်မှာလေ။

 မြတ်စွာဘုရားဟောတဲ့ စာလုံးတစ်လုံး။ ကိံကာရပဋိသာဝီ- ပဋိသာဝီ-ဆိုတာက ပြောနေတာ ဆရာကို။ ကိံကာရ- ဘာလုပ်ရမယ်ဆိုတာကို။ ခိုင်းတာ စောင့်နေဖို့ မဟုတ်ဘူး။ ဘာလုပ်ရမယ်ဆိုတာ အလုပ်ရှာနေရမယ်။ ဒါ ဗုဒ္ဓကွနော်။ကြီးပွားတိုးတက်ကြောင်းတွေ သင်ထားပေးတာ။ ဒါ သင်္ဂါလောဝါဒသုတ်ထဲက စကားလုံး။ ယောင်္ကျားနဲ့ မိန်းမလင်မယားနှစ်ယောက်မှာလည်း ဒီတိုင်းပဲ။ မနက်မိုးလင်းလာရင် မောင်ရေ ဘာလုပ်ပေးရမလဲ။ အလုပ်ကို ရှာနေရမယ်။ခိုင်းတာကိုတောင် မလုပ်ချင် လုပ်ချင်ဖြစ်နေရင်တော့ အဲ့ဒီကောင် ဒီမြေကြီးပေါ်မှာ ပေါ်လာတာ အချည်းနှီးပဲ။

အမြဲတမ်းအလုပ်ကို စိတ်ဝင်စားပြီးတော့ အလုပ်ကို ရှာနေရမယ်။ သတိကိုပြောပြီးရင် နောက်နံပါတ်(၃)က သုစိကမ္မဿ။ ကမ္မ-ဆိုတာကို နှစ်မျိုးပြောမယ်။တစ်မျိုးကတော့ အလုပ်ပဲ။ အလုပ်ကို အင်္ဂလိပ်လို Work (သို့) Duty ပေါ့။ အလုပ် တာဝန်ပေါ့။အဲ့ဒါတွေကို လုပ်တဲ့အခါမှာ ဘာလိုလဲ။ Purify ဖြစ်ရမယ်။သုစိ-လေ။သုစိ-ဆိုတာ အဝတ်ချုပ်တဲ့ အပ်-အောက်မေ့မနေနဲ့။ သပ်သပ်ရှင်းရှင်းလုပ်ပါ။အပြစ်ကင်းပြီးတော့ သန့်ရှင်းတဲ့ အလုပ်ကို လုပ်ရမယ်။ Purification of the deed ပေါ့လေ။ စကားပြောရင်လည်း Purification of the speech ၊ တွေးရင်လည်း Purification of the thought၊ Commentary က ဒီလိုသွားလိမ့်မယ်။ အလုပ်လည်းပဲ သန်ရှင်းရမယ် Purifacation of the your work . Purificaion of the your duty. အစိုးရဝန်ထမ်းတစ်ယောက်အနေနဲ့ဆိုရင် မနက်(၉)နာရီ ရုံးတက်မယ်။(၁၀)နာရီမှ လာတယ်။ ညနေ (၄)နာရီပြန်မယ်။မဟုတ်ဘူး (၃)နာရီပြန်သွားတယ်။(၂)နာရီအချိန်ခိုးတယ်။ ရုံးတော့ မှန်မှန်တက်နေတာပဲ မနက်-၁နာရီ၊ ညနေ ၁နာရီ သူမလုပ်ဘူး။

သူရတဲ့ လစာကို နာရီနဲ့ တွက်ကြည့်ရင် ၊ လစာက ဘယ်လောက်ရတယ်။ ၁-နာရီကို ဘယ်လောက်ရတယ်ဆိုတာ တွက်ကြည့်။ ၂-နာရီ အလုပ် မလုပ်တဲ့ အတွက်ကြောင့် ၂-နာရီဖိုး ၂-နာရီဖိုး နေ့တိုင်း သူခိုးနေတာ။နာရီနဲ့ အချိန်ကို ခိုးခြင်းဟာ တိုင်းပြည်ရဲ့ ပိုက်ဆံကို ခိုးခြင်းပဲ။ အဒိန္နာဒါနာ ဝေရမဏိ- ကလည်း ကျယ်ပြန့်တယ်။ အဲ့ဒီတော့ မင်းတို့ သီတဂူတက္ကသိုလ်တစ်ခုလုံး၊ တက္ကသိုလ်ကြီး ၄-ခု စလုံး ငါဘယ်သူ့မှ လစာ မပေးဘူး။သဒ္ဓါ မေတ္တာနဲ့ပဲ လုပ်ကြ။ အဲ့ဒီ ခိုးမှုကတော့ မင်းတို့ လွတ်တယ် ။ကျောင်းတက်ချင်လည်း တက်၊မတက်ချင်လည်းနေ၊ စာပြချင်လည်းပြ မပြချင်လည်းနေ၊ဒါပေမယ့် သာသနာ့ဓုရ- သာသနာတော်ရဲ့ တာဝန်ကိုတော့ ရှောင်တဲ့အတွက်ကြောင့်မို့လို့ ဒီဥစ္စာကလည်း အပြစ်မကင်းဘူး။

ဒါကြောင့် အားလုံး Purify your deed , your speech, your thought, your work. အပြောအဆို အနေအထိုင်နဲ့ အကုန်လုံး အပြစ်ကင်းလို့ သန့်ရှင်းကြရမယ်။ မြတ်စွာဘုရား မနိုးခင်မှာ အရှင်အာနန္ဒာဟာ သွားပွတ်တံနဲ့ မျက်နှာသစ်ရေခွက်ကို ကိုင်ပြီးတော့ ကျောင်းပေါက်ဝ မှာ စောင့်နေပြီလေ။ ဘယ်လောက်ကောင်းလဲ မနက်ခင်း မိုးလင်းရင်။ မြတ်စွာဘုရားက သွားလေးပွတ်တိုက်၊ခံတွင်းဆေး မျက်နှာသစ်။ အရှင်အာနန္ဒာက တစ်ကျောင်းလုံး တံမျက်စည်းလှည်းနေပြီ။ Duty ကျေပွန်တော့ ဘဝဟာ Purify၊ စိတ်ကို ပေါ့လို့။ လုပ်ကြ မင်းတို့တတွေ။

(14.1.2018) ရက်နေ့က ရန်ကုန်သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်မှာသြဝါဒမှ

 အပိုင်း(၂)ဆက်ရန်

 ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး

_/\_ သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ

_/\_ ဤအသံဖိုင်အား ဓမ္မဒါနအဖြစ်ရေးသားရသော ကုသိုလ်ကြောင့် ဣမိနာ ပုည ကမ္မေန ပရေသံ ဟိတမိစ္ဆေယျံ၊ ဟိတံ မေ ဣစ္ဆတံ ပရော။

ဣဒံမေ ပုညံ ဗောဓိဉာဏဿပစ္စယော ဟောတု။

 Credit --- Pay Thoe