Friday, June 1, 2018

သံဝေဂ

သံဝေဂ 

 ★ ကိုယ့်ဘဝကို စဉ်းစားကြည့်ရင်... - သြော် ငါသေရဦးမှာပါလား။ - ငါလည်း တဖြည်းဖြည်း အိုမင်းလာပြီ။ - ငါ တနေ့ကျ သေရဦးမှာပါလားလို့ စဉ်းစားလိုက်တဲ့အခါမှာ ကြောက်ရွှံ့့လာတယ်၊ စိတ်ထဲမှာ တုန်လှုပ်လာတယ်၊ အဲဒီ တုန်လှုပ်ကြောက်ရွှံ့လာတာကိုသံဝေဂလို့ခေါ်တယ်။ အဲဒီ သံဝေဂဟာ သိပ်အရေးကြီးတယ်ပေါ့။ 
★ ကိုယ့်ကိုယ်ကို သံဝေဂဖြစ်သလား မဖြစ်ဘူးလားဆိုတာ ဆင်ခြင်စဉ်းစားကြည့်ဖို့လိုတယ်။ မဖြစ်သေးရင် သံဝေဂဖြစ်အောင် ကြိုးစားရမယ်။

★ လောကမှာ သံဝေဂဖြစ်စရာတွေ များစွာတွေ့ရတယ်။ အဲဒီလို သံဝေဂဖြစ်စရာတွေ တွေ့ရဲ့သားနဲ့ သံဝေဂမဖြစ်ဘူးဆိုရင် အတော့်ကိုပါရမီဉာဏ်နည်းနေသေးတယ်လို့ ဒီလို ပြောရမယ်။
 ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 (ဗုဒ္ဓသမီးတော်များ၏ ရင်တွင်းစကား အပိုင်း(၄၇) မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)
 Credit --- Shwe Thu