Friday, June 1, 2018

ဇာတိမီး

 ဇာတိမီး 

★ လောကကြီးတစ်ခုလုံးဟာ မီးလောင်နေတာပါတဲ့။ မီးလောင်နေတယ် ဘာမီးတွေ လောင်နေတာတုန်းလို့မေးလို့ရှိရင် လိုချင်တဲ့စိတ်တွေ ဖြစ်လာရင် လောဘ မီးလောင်တယ်၊ မုန်းတီးတဲ့စိတ်တွေဖြစ်ရင် ဒေါသ မီးလောင်တယ်၊ အမှန် မသိမှုနဲ့တွေ့တဲ့အခါ မောဟမီးလောင်တယ်၊ မွေးဖွားလာခြင်းက ဇာတိမီးလောင်တယ်။
 ★ ဖြစ်လာလိုက်တယ် ပျက်သွားတယ် သဘာဝတရားတွေမှာလည်း အခုဖြစ်လိုက် အခုပျက်လိုက်၊
အခုဖြစ်လိုက် အခုပျက်လိုက် အမြဲတမ်းရှိနေတယ်၊ ဇာတိမီးလောင်တယ် ဇရာမီးလောင်တယ် ဗျာတိမီးလောင်တယ်၊ မရဏမီးလောင်တယ်။
 ★ ဟိုအတွက် ဒီအတွက် စိုးရိမ်ရတဲ့ သောက ၊ စိုးရိမ်လို့ စိတ်မထိန်းနိုင်ရင် ပရိဒေဝ ငိုရတယ်၊ ဒုက္ခ ကိုယ်ဆင်းရဲမှုတွေကြုံရတယ်၊ ဒေါမနဿ စိတ်ညစ်မှုတွေနဲ့ ကြုံရတယ်။ ဥပါယာသ အလိုမကျစိတ်ပင်ပန်းမှုတွေ ဒေါသတွေဖြစ်ရတယ်ဆိုတဲ့ အဲဒီမီးတွေဟာ လောင်နေတယ်။
 ★ လောကလူတွေကတော့ အဲဒီမီးကိုငြိမ်းဖို့ တရားဓမ္မကိုတော့ အားမထုတ်ပါပဲနဲ့ ပိုက်ဆံလေးလှူရင်လည်းပဲ (၁၀)လှူမယ့်အစား (၁၁)ကျပ်လှူတယ် ဘာလို့ (၁၁)မီးငြိမ်းချင်လို့ ငြိမ်းလိုက်မယ် အဲဒီမှာနော်။ (၁၁)မီးငြိမ်းချင်လို့ရှိရင် အခုလုပ်ရမှာပဲ တရားဓမ္မနဲ့ ကျင့်ကြံကြိုးကုတ်အားထုတ်ရမယ်။ 
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 (ဗုဒ္ဓသမီးတော်များ၏ ရင်တွင်းစကား အပိုင်း - ၄၆ မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)
  Credit --- Shwe Thu