“မဂ္ဂင်(၈)ပါး”
★ မဂ္ဂင်(၈)ပါးဆိုတာ အားလုံးသိကြတဲ့အတိုင်း သမ္မာဝါစာ၊ သမ္မာကမ္မ္မန္တ၊ သမာအာဇီဝ က သီလ အဲ့ဒီနောက်မှာ စိတ်တည်ငြိမ်အောင် သမ္မာဝါယာမ၊ သမ္မာသတ္တိ ၊ သမ္မာသမာဓိ က သမာဓိ၊ ပြီးတော့ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ ဆိုတဲ့ ပညာ။ သီလ၊ သမာဓိ၊ ပညာ၊ အဲ့ဒီသုံးမျိုးနဲ့ ဖွဲ့စည်းထားတယ်။★ ကိုယ့်သန္တာန်မှာ သီလ ရှိအောင်လုပ်တယ်။ သမာဓိ ရှိအောင်လုပ်တယ်။ ပညာနဲ့ ဘာကိုရှု့ရမလဲဆိုရင် ဒုက္ခကိုရှု့ရမယ်၊ ဒုက္ခကိုရှု့တယ်ဆိုတာ ဘာကိုရှု့တာလဲ ခန္ဓာ(၅)ပါးကို ရှု့တာ။
★ ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ခန္ဓာကို ရှု့လိုက်တာ။ ခန္ဓာကို ရှု့ခြင်းဖြင့် ဘာကိုတွေ့မြင်ရတုန်း ဆိုလို့ရှိရင် ခန္ဓာရဲ့ လုံးဝချုပ်ငြိမ်းရာ ဒုက္ခနိရောဓ ဆိုတဲ့ နိဗ္ဗာန်ကို တွေ့တယ်။
★ ဒုက္ခနိရောဓ ဆိုတဲ့ နိဗ္ဗာန်ကိုမြင်လိုက်တာနဲ့ တပြိုင်နက် ဒုက္ခသမုဒယဆိုတဲ့ တဏှာကို ဖယ်ရှားပြီးသားဖြစ်သွားတယ်။အဲ့တော့ ဆိုလိုတာက ၀ိပဿနာအလုပ် လုပ်တယ်ဆိုတာ - မဂ္ဂင်ရှစ်ပါးနဲ့ မဂ္ဂသစ္စာနဲ့ ဒုက္ခသစ္စာကို ရှု့ပြီးတော့ - သမုဒယသစ္စာကို ဖယ်တယ်။ - နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ် ဒါပဲ။
★ ဗုဒ္ဓဘာသာရဲ့ အနှစ်ချုပ်က ဒါပဲ။ ဝိပဿနာတရားကျင့်စဉ်ရဲ့ အနှစ်ချုပ်ကလည်း ဒါပဲ။ သီလ၊ သမာဓိ၊ ပညာနဲ့ ဒုက္ခကို ခန္ဓာငါးပါးကို ရှု့တယ်။ ခန္ဓာငါးပါးကို ရှု့ခြင်းအားဖြင့် ခန္ဓာငါးပါးရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို တွေ့တယ်။ နိဗ္ဗာန်ကိုတွေ့လိုက်တာနဲ့ တပြိုင်ထဲ ဒီဒုက္ခကို ဖြစ်စေတဲ့ တဏှာကို ဖယ်ရှားပြီးသား ဖြစ်သွားတယ်။ အဲဒီလေးချက် တနည်းအားဖြင့် ပြောရမယ်ဆိုရင် သစ္စာလေးပါးဆိုတာ ဆေးကုတာနဲ့ အလားသဏ္ဍာန်တူတယ်။
★ ဆေးဆရာတွေ ဆေးကုပြီဆိုရင် - နံပါတ်(၁)က ဘာတုန်း ရောဂါ၊ - ဒီရောဂါဘာကြောင့်ဖြစ်တယ် ဆိုတာက ဒုတိယ။ - ဒီရောဂါ ပျောက်ကင်းတာဟာ တတိယ။ - ပျောက်ကင်းတဲ့နည်းလမ်း ဆေးဝါးက စတုတ္ထ။
★ အဲဒီမှာ - ဒုက္ခဆိုတာ ရောဂါ၊ - ဒုက္ခ သမုဒယဆိုတာ ရောဂါဖြစ်ကြောင်းတရား၊ - ဒုက္ခနိရောဓဆိ်ုတာ ရောဂါပျောက်ငြိမ်းမှု၊ - ဒုက္ခနိရောဓဆိုတာ ရောဂါပျောက်တဲ့ဆေးလို့ ဒီလိုအဓိပ္ပာယ်ရတယ်။ ကိုယ့်သန္တာန်မှာဖြစ်နေတဲ့ ရောဂါကို ကုစားတဲ့အခါမှာလည်း ဒီနည်းအတိုင်းပဲ။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 (ဗုဒ္ဓသမီးတော်များ၏ ရင်တွင်းစကား အပိုင်း(၅၃) မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)
Credit --- Shwe Thu