Friday, June 1, 2018

"ဇီဝက-၄"

"ဇီဝက-၄"

ဥဋ္ဌာနေနပ္ပမာဒေန သံယမေန ဒမေန စ။ ဥဋ္ဌာနေန-He has active quality . အပ္ပာမာဒ- He has earnest Spirit. သံယမေန- He follow any discipline , and instruction, any teaching, and guidance. ဒမေန- He is so polite, so humble. ဒီလေးခုနဲ့ သူဘဝပင်လယ်မှာ သူကျွန်းဆောက်နိုင်ပြီ။ ပြန်တော့ ဆိုပီး သူပြန်သွားတယ်။ သူ့အဖေ အဘယ-မင်းသားက စားရိတ်ထောက်ဖို့ မေ့နေပုံပေါ်တယ်။ သို့မဟုတ်ရင်လည်းပဲ မလောက်တလောက် ထောက်ပံ့ထားတယ်နဲ့တူတယ်။ တိုင်းပြည်ပြန်တော့မယ် ရာဇဂြိုဟ်ကို ပြန်မယ်လေ။ ပြန်မယ်လို့လည်း ကြံရော သူ့မှာ လမ်းစာရိတ်က ပြတ်ပြီ။ မရှိတော့ဘူး။


အဲ့ဒါနဲ့ကုန်းကြောင်းလျှောက်ပြီးတော့ ပြန်လာ။ လမ်းလျှောက်ပြီးတော့ငါဆေးကုသွားမယ်။ ဆိုတော့ လမ်းမှာ ဆေးကုတဲ့Story - ၃ ခုရှိတယ်။ ၂-ခုလောက် ပြောမယ်။ ဘယ်ရောက်သွားလဲဆိုတေ့ သာကေတ-ရောက်သွားတယ်တဲ့။ သာကေတရောက်သွားတော့ ပိုက်ဆံကပြတ်နေပြီ မရှိတော့ဘူး။ ငါတော့ လူမမာရှာမယ်။မိတ်ဆွေ အသိအကျွမ်းလည်းတစ်ယောက်မှ မရှိတဲ့အတွက်ကြောင့် ဘယ်ရှာရမှန်လည်း မသိဘူး။ အဲ့ဒါနဲ့ လမ်းဘေးဇရပ်မှာ တည်းနေရင်းနဲ့ သူဆိုင်းပုတ်ကလေးချိတ်လိုက်တယ်။

ဆရာဝန်ကြီး လမ်းဘေးဇရပ်မှာ ဆိုင်းပုဒ်လေးချိတ်ပြီး လူမမာမျှော်နေတာ။ အဲ့ဒါသူဋ္ဌေးကတော်ကြီးတစ်ယောက်။ဘာဖြစ်တာလဲဆိုတော့ ခေါင်းကိုက်ရောဂါ စွဲနေတာ(၇)နှစ်ကြာပြီတဲ့။ အဲ့ဒါ ဆရာဝန်လိုက်ရှာရင်းနဲ့ ဇရပ်ထဲက ဇီဝကကိုတွေ့ပြီး ခေါ်သွားတယ်။ ဘာဖြစ်တာလဲ ခေါင်းကိုက်တယ်။သူ စမ်းသပ်တယ်။ မင်းတို့လို နားချပ်ပါလားတော့ ငါမသိဘူး။

 ပီးတော့မှ သူဆေးပေးမယ်။ အဲ့ဒီတော့အပြင်ထွက်ပြီးတော့ သစ်ဥ သစ်ဖုတွေလျှောက်တူးတာပေါ့ကွာ။ တူးပြီးတော့ အဲ့ဒါတွေ စုပြီး ထောင်း၊ ထောင်းပြီးတော့ ထောပတ်နဲ့ဖျော်၊ မွှန်တဲ့ဆေး နာခေါင်းထဲကို မှုတ်ထည့်လိုက်တယ်။ အကြီးအကျယ် ဟပ်ချိုး-ဖြစ်အောင် ၊ ဆေးတွေ ခေါင်းထဲရောက်ပြီး အထဲက အညစ်အကြေးတွေချွဲတွေ အကုန်အန်ထွက်လာတဲ့ဆေးလုပ်ပြီး နာခေါင်းထဲ မှုတ်ထည့်တာ။ ဟပ်ချိုး- အကြီးအကျယ်ဖြစ်ပြီးတော့ နာတွေမွှန်ပြီးတော့ ခေါင်းတွေဆိုးပြီးတော့ နာခေါင်းထဲက ချွဲတွေ သလိပ်တွေ တပြုံကြီးထွက်သွားတာ။ အဲ့ဒါအဖွားကြီးက နေသာထိုင်သာလည်း ဖြစ်လည်းသွားရော သူ့အိမ်က အိမ်စေတွေကို ပြောတယ်။

 ဟေ့ ငါ့ နှာခေါင်းထဲက ပြန်ထွက်လာတဲ့ ထောပတ်တွေ သွန်မပစ်နဲ့ ။ ကပ်စည်းနဲတဲ့ အဓိပ္ပာယ်နော်။ကပ်စည်းနဲသူဋ္ဌေးကတော်နဲ့သွားတွေ့တာ ဆေးက ဘယ်လိုလုပ် ရမလဲ။စိတ်ပျက်တာ ဆရာဝန်ရဲ့ဘဝ ။ ကပ်စည်းနဲသူဋ္ဌေးကိုဆေးကုရတာ။ ငါတော့ ဆေးက ရမှာ မဟုတ်တော့ဘူး။ စိတ်ပျက်တယ်။ သူဋ္ဌေးမက သူ့အိမ်စေတွေကို "ပြန်ထွက်လာတဲ့ နာခေါင်းထဲက ပြန်ထွက်လာတဲ့ ထောပတ်တွေကို ဝါဂွမ်းနဲ့ တို့ ပုလင်းထဲထည့်ပြီး သိမ်းထား။"ဒီလို။ သူက ပိုက်ဆံမရတော့ထင်တာ။

 ပြီးတော့ သူဋ္ဌေးကတော်ကို သူကပြောတယ် ဒါတွေက သွန်းပစ်ရမယ့် အရာတွေ ခင်များ ဘာကိစ္စသိမ်းစည်းနေလဲ။ ဟဲ့ ဒို့တော့ မသုံးဘူးပေါ့ကွာ၊ ဒို့အိမ်က အလုပ်သမား အစေအပါးတွေ တခုခုဖြစ်ရင် စမ်းဖို့ ဒါလေး ငါသိမ်းထားတာ။ မင်းအတွက် ဆေးဖိုး ဝါးခ မရဘူးမထင်နဲ့ ဆိုပြီး။ အဖွားကြီးက (၄၀၀၀)၊အဖွားကြီးရဲ့ယောကျင်္ားက (၄၀၀၀)၊သားလေးက(၄၀၀၀)၊ ချွေးမက(၄၀၀၀)၊၄-ယောက်ပေးလိုက်တာ (၁၆၀၀၀)ဆိုတော့ ဆရာဝန်တော်တော်အသက်ရူချောင်သွားတယ်။ တက္ကသိုလ်ကအပြန် လမ်းစားရိတ်ပြတ်နေတဲ့ ဆရာဝန်ရဲ့ဘဝ လမ်းဘေးဇရပ်မှာ ဆိုင်းပုဒ်ချိတ်ပြီး ဆေးကုတာ ၊ ကပ်စည်းနည်းအိမ်ဆိုပေမယ့် မဆိုးဘူး။ (၁၆၀၀၀)ရတယ်။ အဲ့ဒီကနေ ဒီ(၁၆၀၀၀)လေးသုံးပြီးတော့ ခရီးထွက်လာတယ်။

 နောက် တစ်နေရာ ဘယ်လဲဆိုတော့ ဗာရာဏသီ-ရောက်တယ်။ လမ်းစရိတ်က တစ်ဝက်လောက်ကုန်သွားပြီ။ရာဇဂြုဟ်အရောက် ပြန်ရမှာ။ စားရိတ်မလောက်ဘူး လူမမာတစ်ယောက်လောက်တွေ့ရင်ကောင်းမယ်။ ငါမင်းတို့ကို စောင်းမပြောဘူး(ပြုံးတော်မူလျှက်) ဆရာဝန်တွေရဲ့ မျှော်လင့်ချက်က ဘာလဲ။ဒီစာထဲမှာပြောတာ။လူမမာနဲ့ တွေ့ပါစေ- (ပြုံးတော်မူလျှက်)။ ကျန်းမာတဲ့သူတွေနဲ့တွေ့ရင် မင်းတို့ ဆရာဝန်တွေ ငတ်-တာပဲမို့လား။ အဲ့ဒီမှာ သူဋ္ဌေးသားတစ်ယောက် ရောဂါ- အပြင်းအထန်ဖြစ်နေတယ် ကြွပါဆိုတော့ သူလိုက်သွားတယ်။လူမမာက ဘာဖြစ်တာလဲဆိုတော့ စာကိုအသွားအလာဖတ်ကြည့်ရတာ အူထဲမှာ ပြောရရင် အူကနေအတက်ထွက်နေတဲ့ အူထဲမှာ အစာတွေက ဝင်ပိတ်ဆို့ပြီးတော့ ဥပမာ မာလကာသီး-လိုဟာမျိုးတွေ စားပြီးတော့ ဘယ်တော့မှ မကြေနိုင်တဲ့ မာလကာသီးလို ဟာတွေက အူအတက်ထဲဝင်ပြီးတော့ အဲ့ဒါ ပုပ်ဆွေးနေတာကို အဲ့ဒီဥစ္စာကို အူအတက်ရောင်ရောဂါလို့ ခေါ်တယ်ထင်တာပဲ။ အူထဲမှာ အစာတွေ ပိတ်ဆို့နေတာ။အဲ့ဒါကြောင့် လာခေါ်တာ။

လာခေါ်တော့ သူက စမ်းသပ် စစ်ဆေးပြီးတော့ ဘာလုပ်တယ်အောက်မေ့လဲ ဗိုက်ခွဲတယ် ခွဲပြီးတော့မှ အူထဲမှာ ပိတ်ဆို့နေတဲ့အစာတွေကို ပုတ်နေတဲ့ အူကို ဖြတ်ထုတ်ပြီး အူကို ပြန်ဆက် အဲ့ဒီအညစ်အကြေးတွေ အကုန်ထုတ်ပစ်တယ်။Surgery-လည်း တတ်တယ်နော်။ Physician- only မဟုတ်ဘူး။Surgeon-ပါ သူရတယ်။ အူအတက်ရောင်တာကို ခွဲစိတ်ကုသပြီးတော့ အညစ်အကြေးတွေ ထုတ် ၊ကုသပြီးရော ။အဲ့ဒီက ဘယ်လောက်ရလဲဆိုတော့ အရင်အတိုင်းပဲ အမေကပေးတာရယ် အဖေကပေးတာရယ် သူကိုင်တိုင်ရယ် သူ့မိန်းမကရယ် အကုန်လုံး စုစုပေါင်း(၁၆၀၀၀)ပဲရတယ်။ အဲ့ဒါလေးပိုက်ပြီးတော့ ခရီးဆက်တာ ။

ရာဇဂြိုဟ်ပြန်ရောက်တယ်။ တက္ကသိုလ်ကျောင်းသား ဘဝ ဘွဲ့တံဆိပ်ရပြီးပြန်တော့လည်း ဆေးခန်းလေးကောင်းကောင်းမဖွင့်နိုင်တော့ လမ်းလျှောက်ရင်းဆေးကုသွားတဲ့ ဆရာဝန်တစ်ယောက်အကြောင်းလေး စိတ်ဝင်စားစရာ ဒို့တင်ပြတာ ဇီဝက။ သူ့ရဲ့ကြီးပြင်းလာတဲ့ ဘဝကလည်း အမှိုက်ပုံကနေ ထလာတယ်။ ဥဋ္ဌာနေန အပ္ပမာဒေန သံယမေန ဒမေန - အကုန်ရှိတယ်နော်။ အောင်မြင်တယ်နော်။အရာရာအောင်မြင်ဖို့ရန်အတွက် ဒီလေးခု အရေးကြီးတယ်။ ဆရာတော်ကြီးဦးနာရဒ-က If you do have such a kind of four qualification ,you can create your heaven. ဆရာတော်ကြီးက ဒီလိုတောင်ပြောတာ။ မင်းတို့ ကောင်းကင်ဘုံကြီးတောင် ဖန်ဆင်းလို့ ရမယ်။ အခု(၁၆၀၀၀)နှစ်လီ ဖန်ဆင်းသွားပြီ။ အဲ့ဒီကနေ ရာဇဂြိုဟ်ပြန်ရောက် ရာဇဂြိုဟ်ပြန်ရောက်တော့ သူ့ဖခင်ရဲ့ရင်ခွင်ဝင် ဖခင်ကို ကန်တော့ ။ရွှေနန်းတော်ပြန်ရောက် သူ့ဖခင်ဆီမှာ မှီခိုနေနေတုန်း လူမမာ မျှော်နေတုန်း လူမမာက တကယ့် MIP - လူမမာ လာရတာ။ MIP -ဆိုတာ Most important people. VIP -မဟုတ်ဘူး VIPက very important - သူက MIP -ကို ရတာ။

ဘာဖြစ်တာလဲဆိုတော့ ဘုရင်ကြီး ဗိမ္မိသာရမှာ လိပ်ခေါင်းရောဂါဖြစ်တယ်တဲ့။ အဆင်ပြေပြီ အဲ့ဒါဆိုရင်။ဘုရင်ကြီး သွေးတွေက ယိုနေပြီ။ အဲ့ဒါ ဘုရင်ကြီးက ဆေးသမားရှာပေးဆိုတော့ သားတော်က ကျုပ်သားတော် ဇီဝက-အခုမှ တက္ကသိုလ်က ပြန်လာတာ။ သားတော် ဇီဝကနဲ့ကု။ ဒီတော့ ဇီဝက-က စစ်ဆေးပြီး လိပ်ခေါင်းထွက်တဲ့အပေါက် အကုန်ဆေးလိမ်းတာ။ လိပ်ခေါင်းပါ ပြတ်ကျပြီးတော့ အနာပြောက်သွားတယ်။ ဗိမ္မိသာရ-ကပေးတဲ့ဆုက အားရကျေနပ်စရာကောင်းလိုက်တာ။ မင်းတို့လည်း အပြင်မှာ ဆေးခန်းဖွင့်ရင် ဗိမ္မိသာရမင်းလို ဘုရင်နဲ့တွေ့ရင် သိပ်ကောင်းမယ်။ ဘာပေးတာလဲဆိုတော့ မိန်းမ(၅၀၀)ကို ခြေကနေ ခေါင်းထိ ကျောက်မြတ်ရတနာတွေ အပြည့်တန်ဆာဆင်။ဘုရင်က ဆုပေးပုံက တစ်မျိုးကြီး။ ပြီးရင် အကုန်ချွတ်ပြီးတော့ ပုံလိုက်။ ရော့ယူသွား မင်းဆေးဖိုး ဝါးခ။ နည်းနည်းနောနော လက်ဝတ်ရတနာတွေမဟုတ်ဘူး။ ဗိမ္မိသာရပေးလိုက်တဲ့ဆု။ ပြောရတာတွေကများလို့ ငါ Note -လုပ်လာရတယ်။

 အဲ့ဒီနောက်မှာ ဘုရင့်သမားတော်တဲ့ ခေတ်လို ပြောရင် ကျန်းမာရေးဝန်ကြီးဖြစ်တာ အဲ့ဒီမှာ ဖြစ်တာ။ရာဇဂြိုဟ်နန်းတော်ရဲ့ သမားတော်ကြီးဖြစ်သွားပြီ။ သူ ဆေးဖိုးရထားတဲ့ လက်ဝတ်ရတနာတွေ မသုံးဘူး။ ဗိမ္မိသာရမင်းကြီးကိုတစ်ခုတောင်းတယ်။ သူ့အတွက်မြို့တော်ထဲမှာ မြေကွက်တစ်ကွက်ပေးပါ-လို့တောင်းတော့ သရက်ဥယာဉ်ကြီးနဲ့ မြေကွက်ကြီးတစ်ကွက်ပေးလိုက်တယ်။ ရာဇဂြိုဟ်မှာ ။ဘာစိတ်ကူးထားသလဲဆိုတာ ပြီးတော့မှ ပြောမယ်။ ရတနာတွေကို ဘဏ်တိုက်မှာထည့်ပြီးတော့ သူသိမ်းထားတယ်။ အဲ့ဒီလိုနဲ့ ရာဇဂြိုဟ်မှာ ဆေးကုလို့မနိုင်အောင်ပဲ Appointment တွေ အရမ်းများတယ်။

 နာမည်ကြီး Physian Surgeon-ဆိုတော့။ နောက်ထပ်သူကုတာလေးတစ်ခု ငါပြောဦးမယ်။ ရာဇဂြိုဟ်မှာ သူဋ္ဌေးတစ်ယောက် ခေါင်းကို်က်နေတာ (၇)နှစ်ကြာပြီ။ သူဋ္ဌေးကို သမားတော်တွေ တစ်ယောက်ပြီးတစ်ယောက်ကုတယ်။ အကုန်လုံး လက်လျှော့သွားတယ် ကုမရဘူး။ သမားတော်တစ်ချို့က ပြောသွားတယ် "၅နှစ် ကြာရင်သေမယ်။" နောက်သမားတော်တချို့က "၇-နှစ်ကြာရင်သေမယ်"။ ဒါပဲပြောတယ် ကုလို့ မရဘူး။ ဇီဝက-ကိုခေါ်တယ် ဇီဝက-ကစမ်းသပ်စစ်ဆေးကြည့်လိုက်တယ်။ အဲ့ဒီခေါင်းထဲကို သူဘာနဲ့ကြည့်လဲတော့ မသိဘူး။ စာထဲမှာ မပါလို့ ဘာနဲ့ကြည့်လဲမသိဘူးလို့ပြောရတာ။ ဒီကနေ့-ဆိုလို့ ရှိရင် ခေါင်း-ကို ဂတ်စကင်-ရိုက်မှာပေါ့။ အဲ့ဒီ ဂတ်စကင်-လို မြင်နိုင်တဲ့ အစွမ်းသတ္တိ သူ့မှာ ဘာရှိလဲ မသိဘူး။အဲ့ဒီမှာ ဆေးပေးတယ်။ ဆေးပေးပြီးတော့ နေသာထိုင်သာလေးရှိပြီဆိုတဲ့အခါကျတော့ "သူဋ္ဌေးကြီး ခင်များခေါင်းကို ကျုပ်က ခွဲစိပ်ကုသမှာ၊ ခွဲစိပ်ကုသုပြီးရင် ကျုပ်က အနာကျက်အောင်လည်း စောင့်ရမယ်၊ အထဲက ပိုးတွေသောအောင်လည်း ဆေးထည့်ရမယ်။

အဲ့ဒါကြောင့် ခင်များဘယ်ဘက်စောင်းပြီးတော့(၇)နှစ်အိပ်ပါ။ ညာဘက်စောင်းပြီးတော့လည်း (၇)နှစ် အိပ်ပါ။ပက်လက်တည့်တည့်လည်း (၇)နှစ်အိပ်ပါ။"။ ဘယ့်နှယ့်လုပ်မလဲ (၂၁)နှစ်ကြီး။ ဘယ်ဘက်စောင်းလိုက် ညာဘက်စောင်းလိုက် ပက်လက်လှန်လိုက်။ ဆိုတော့ သူဋ္ဌေးကြီးက "ကဲဗျာ ရောဂါပျောက်ရင်ပြီးရော အိပ်ဆိုလည်း အိပ်ပါ့မယ်။" ခွဲစိပ်ကုသပြီး၊ဆေးပေးပြီးတော့ ဆိုကြပါစို့ ညာစောင်းပြီးတော့ အိပ်နေတုန်း။ (၇)ရက်ရတယ်။(၇)ရက်လည်းရရော လူမမာက အတင်းအော်ဟစ်ပြီးတော့ ငြီးတယ်။ ကျုပ်မနေနိုင်တော့ ညာစောင်းအိပ်တာ မဖြစ်တော့ဘူး။ဘယ်စောင်းချင်တယ်။ (၇)ရက် ရပြီးပြီနော်။ ဇီဝက-က စောင်းခွင့်ပေးလိုက်တယ်။ ဘယ်ဘက်ကို စောင်းအိပ်။ ဘယ်ဘက်ကို ဘယ်နှစ်ရက်စောင်းအိပ်ရမလဲ။(၇)-နှစ်အိပ်ရမယ်။ (၇)ရက်လည်းစေ့ရော မနေနိုင်ဘူး။ကျုပ်သေရမလိမ့်မယ်။ ပက်လက်အိပ်ပါရစေတော့ ။ အဲ့ဒါ ဆရာဝန်ရဲ့နည်းပညာပဲ။လူမမာကို လှည့်စားပြီးတော့ ကုတာ။ (၇)ရက်လောက် အိပ်တာနဲ့ ပြီးမယ့် ကိစ္စကို "ခင်များ(၇)ရက် အိပ်ပါလို့ပြောလိုက်ရင်" ဟိုလူက ၃-ရက်နဲ့ ထလာရင်သေရော ။ငြိမ်ငြိမ်လေး ၇-ရက် အိပ်တာနဲ့ပျောက်မယ့်ကိစ္စကို ၇-နှစ် နေခိုင်းတာ။ အဲ့ဒါမင်းတို့ ဆရာဝန်တွေ မှတ်ထား ရံခါမှာ လူမမာကို အဲ့လို လှည့်စားရတယ်။ တည့်တည့်ကြီး လျှောက်ပြော ဘာမှ မရဘူး။ အဲ့ဒီတော့ ဘယ်ဘက်(၇)ရက် ၊ညာဘက်(၇)ရက် ၊ ပက်လက်(၇)ရက်လည်းပြီးရော ထထိုင်တယ်။

ဘာတွေ့လဲဆိုတော့ ဦးနှောက် ခွဲစိပ်ကုသတာ ပိုး-၂ကောင်တွေ့တယ်တဲ့။ ဝမ်းဗိုက်တင်ကွဲတာ မဟုတ်ဘူးနော်။ ဦးနှောက်ပါ ခွဲသေးတယ်။ လွန်လေပြီးသော နှစ်(၂၅၀၀)က ဆရာဝန်တွေ ခွဲနေပါပြီ-ဆိုတာလေးကို ဒို့ ဒီသုတ္တံက ပြောနေတယ်။ဘာနဲ့ ဘယ်လိုခွဲလဲ-ဆိုတဲ့ ကိရိယာတွေတော့ ငါမသိဘူး။ အဲ့ဒီတော့ ပိုး-၂ကောင်တွေ့တယ်။ ပိုးတစ်ကောင်က ဦးနှောက်တွေကို စားနေတာ။ အဲ့ဒီ ပိုးကောင်ငယ်က ဦးနှောက်ကို (၇) ရက်စားရင် ဦးနှောက်တွေ ကုန်သွားမယ်။ ပထမ ကုတဲ့ ဆရာဝန်တွေက ပိုး-၂ကောင်စလုံးကို မမြင်ဘူး။ တစ်ကောင်ပဲမြင်တယ်။ ပိုးကောင်-အငယ်ကို မြင်တဲ့ဆရာဝန်က ၇-ရက်ကြာသေမယ်လို့ပြောတယ်။ ပိုးကောင်းကြီးကြီးကို မြင်တဲ့ဆရာဝန်က ၅-ရက်ကြာသေမယ်လို့ပြောတယ်။ ဆရာဝန်နှစ်မျိုးလုံးကို အပြောမှန်တယ် မမှားဘူး။ ဘာကြောင့်လဲ တွေ့တာချင်းတော့ မတူဘူးပေါ့။ တွေ့တာချင်းမတူလို့ မဖြေက ၂-မျိုးထွက်တယ်။ အဲ့ဒါကြောင့် ဆရာဝန်များနဲ့ စမ်းသပ်စစ်ဆေးတဲ့အခါမှာ နံပါတ်-၁ ဆရာဝန်နဲ့စမ်းရင် အဖြေတစ်မျိုးထွက်တယ်။ နံပါတ်-၂ ဆရာဝန်နဲ့စမ်းရင် အဖြေက နောက်တစ်မျိုးထွက်တယ်။ (၁၀)ယောက်လောက်စမ်းလို့ ၁၀-မျိုးထွက်နေရင်တော့ ဒုက္ခပဲ။ အခုဇီဝကရဲ့ရှေ့က ဆရာဝန်တွေ စမ်းတာ အဖြေက ၂-မျိုးထွက်တယ်။ ပိုးကောင်းအသေးတွေ့တဲ့ဆရာဝန်က-၇ ရက်နေရင်သေမယ်။

 ပိုးကောင် အကြီးတွေ့တဲ့ဆရာဝန်က-၅-ရက်နေရင်သေမယ်။ ရှင်မယ်လို့ ပြောတဲ့ဆရာဝန် တစ်ယောက်မှ မရှိဘူး။ ဆရာဇီဝက- ခွဲစိတ်ကုသပြီး ပိုးကောင်တွေလည်း ထုတ်ပစ်လိုက်ရော တစ်ဘက်စီစောင်းပြီး ရက်သတ္တ(၃)ပတ်ကြာတော့ ထထိုင်သွားတယ်။ အဆင်မပြေဘူးလား။ အဲ့ဒီတော့မှ တစ်သက်လုံးခေါင်းကိုက်နေတဲ့ ဒီသူဋ္ဌေးက ဆရာဝန်ဇီဝက-ကိုဘာတွေပေးလဲဆိုတော့ ကျေးဇူးတွေတင်လွန်းလို့ ပုံပေးတာ။ကျုပ်ရှိတဲ့ ပစ္စည်းလည်း အကုန်ယူဗျာ။ကျုပ်အသက်ရှင်နေရင်တော်ပြီ။ ရာဇဂြိုဟ်မှာ ဘုရားရှင်ရှိတယ်။ဘုရားနဲ့အတူနေ တရားနာနေရရင် တော်ပြီ။ ကျုပ်ကျေနပ်တယ်။ရှိတဲ့ပစ္စည်းတွေအကုန်ယူသွား။ ကျုပ်ကိုယ်တိုင်လည်းပဲ ဆရာကြီးရဲ့နောက်ကနေ တပည့်အဖြစ်နဲ့လိုက်ပြီး တပည့်တစ်ယောက်လို သုံးပါဗျာ။ ရက်ရောလိုက်တဲ့ သူဋ္ဌေး။ဆေးဖိုးဝါးခတွေ။ ဟေ့တပည့်တွေ အဆင်မပြေဘူးလား။

အဲ့ဒီလိုသူဋ္ဌေးမျိုးနဲ့လည်း တွေ့ပါစေ ငါဆုတောင်းတယ်။ ဇီဝက-ရဲ့ သမိုင်းလေးတွေ စိတ်ဝင်စားစရာကောင်းတာလေးတွေ ငါရွေးလာတာ။ အဲ့ဒီတော့ ဆရာဇီဝက ဆေးကုတာတွေပြောပြီးသွားရင် နောက်တစ်ခုက ငါဘာပြောမလဲဆိုတော့ ဆေးဖိုးဝါးခတွေ ရတာတွေကလည်းတော်တော်များပြီ။ ဗိမ္မိသာရမင်းကြီးဆီကရော ခုနကသူဋ္ဌေးဆီကရော တခြားသူတွေဆီကရော ရတဲ့ ဆေးဖိုးဝါးခ ကျောက်သံပတ္တမြားတွေကို အကုန်ရောင်းပြီး သူဘာလုပ်တယ်အောက်မေ့လဲ။ ကျောင်းဆောက်တာ။ ဟေ့တပည့်တွေ။ အေးမင်းတို့ တတွေလည်း ဘုန်းကြီးကျောင်း မြန်မြန်ဆောက်နိုင်ပါစေဆိုတာ ငါဆုတောင်းတယ်။

ဘုရင်ကြီးဗိမ္မိသာရပေးတဲ့ သရက်တောဥယာဉ်ကြီးကို ရှင်းပြီး ဆေးကုလို့ရတဲ့ ဆေးဖိုးတွေနဲ့ ကျောင်းဆောက်တာ။ရည်ရွယ်ချက်တွေ ကောင်းပါစေနော်။ ကျောင်းဆောက်ပြီးတော့ အဲ့ဒီသရက်ကျောင်းကြီးကိုခေါ်တာ ဇီဝကမ္ဗဝန-ဇီဝက၏ သရက်တောကျောင်း။ရာဇဂြိုဟ်မှာ ရှိပါတယ်။ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားတဲ့သူတိုင်းက ရာဇဂြိုဟ်ရောက်တိုင်း ဇီဝကရဲ့ သရက်တောကျောင်းကြီးကို အားလုံးကြည့်ကြတာချည်းပဲ။လွမ်းစရာကောင်းတယ် သွားကြည့်ကြ။ ဒို့လည်းပဲ ရောက်တိုင်းလည်း ဒီ Story -တွေနဲ့ ပြန်ကြည့်ပြီး ဆရာကြီး ဇီဝက-ကို လွမ်းရတယ်။

 ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး

၂၃.၁၁.၂၀၁၇ ရက်နေ့က တပ်မတော်(ဆေး) တက္ကသိုလ်တွင်ဟောကြားခဲ့သော "ဇီဝကတရားတော်

 " အပိုင်း(၄) ဆက်ရန်

ဤဓမ္မဒါနအား အသံဖိုင်မှ ပူဇော်ရသောကုသိုလ်ကြောင့် ဣမိနာ ပုည ကမ္မေန ပရေသံ ဟိတမိစ္ဆေယျံ၊ ဟိတံ မေ ဣစ္ဆတံ ပရော။

ဣဒံမေ ပုညံ ဗောဓိဉာဏဿပစ္စယော ဟောတု။

 _/\_ သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ_/\_

Credit --- Pay Thoe