တရားအားထုတ်လျင် ပါရမီ လို-မလို
အမေး။ ။တရားအားထုတ်လျင် ပါရမီ မလိုခြင်း နှင့် ပါရမီ လိုခြင်း အကြောင်းကို ပြောပြပေးပါလားအဖြေ ။ ။ပြဿနာမေးခွန်းလေးပါလားနော် ဒီမေးခွန်း အတွက် ဖြေပေးဖို့ရာ အတော်လဲ တွေးယူရတယ် သင့် မသင့် ဆိုတာကိုပါ သိသလောက်လေးပဲ နဲနဲပြောပေးလိုက် ပါတယ် မနှစ်သက်ရင်လဲ ကျမ်းတတ်အကျော်များထံ မေး လျောက်ပါလို့ ညွှန်လိုက်ရပါတယ် တရားအားထုတ်ရင် ပါရမီလိုတယ် ဟူသောစကားသည်
လည်း မှန်ပါတယ်။ ပါရမီ မလိုဘူး ဟူသော စကားလည်း မှန်ပါတယ်။ ပါရမီလိုတယ် ဟူသော စကားဘာကြောင့် မှန်ပါသလဲ ဆိုရင် အမှန်တရားကို နာနိုင်ခြင်း၊ နှလုံးသွင်း နိုင်ခြင်း အထိမရောက်သေးသော ပုဂ္ဂိုလ်များအတွက် ပါရမီ လိုပါတယ်။
အများထင်ထားသလို ဟိုဟာလိုလို ဒီဟာလိုလို ပါရမီမျိုးတော့မဟုတ်ပါဘူး။ ယခုခေတ်မှာ ယခုပြောခဲဲ့့တဲ့ အမှန်တရား ကို နားလည်နိုင် လောက်သော အသိဉာဏ် ရှိတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အမှန်တရား ကိုနာကြားနိုင်ခြင်း၊ နှလုံးသွင်းနိုင်ခြင်း မရှိကြသောကြောင့် အမှားနယ်ထဲက မထွက်နိုင်ကြပါဘူး။ အမှားကို အဟုတ် ထင်ပြီး ရခဲလှသော လူ့ဘဝ ၏ တန်ဘိုး ကို ဖြုန်းပစ်နေ ကြပါတယ်။
သံဝေဂရစရာကောင်းပါတယ်။ ပါရမီ မလိုဘူး ဟူသော စကားဘာကြောင့် မှန်ရသလဲဆိုရင် ပါရမီသည် အမှန်တရားကို နာကြား နိုင်ခြင်း ၊နှလုံးသွင်း နိုင်ခြင်း အထိရောက်ဘို့ လှေကားနဲ့တူပါတယ်။ လှေကားနဲ့ မတက်ရင် အိမ်ပေါ်ကို ရောက်မှာမဟုတ်ပါဘူး။
အိမ်ပေါ်က လူနှင့် အိမ်အောက်ကလူ တွေကွာခြားနေသလို အမှန် တရား ကိုနာကြားနိုင်တဲ့ ပုဂ္ဂိုလ်တွေ ၊အမှန်တရားကို နှလုံး သွင်း နိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ အိမ်ပေါ်က လူတွေနဲ့ တူပါ တယ်။ အမှန်တရားကို နာကြားခွင့် မရသော ပုဂ္ဂိုလ်တွေ ၊ အမှန်တရားကို နှလုံးမသွင်းနိုင်သော ပုဂ္ဂိုလ်တွေဟာ အိမ်အောက်က လူတွေနဲ့တူပါတယ်။အဓိပ္ပါယ်ကတော့ —ပညတ် (၂) မျိုးနယ် ပုဂ္ဂိုလ်တွေဟာ အိမ်အောက်က လူတွေနဲ့ တူပြီး သဘော(၂)ခုသိခွင့်၊ကျင့်ခွင့်ရသော ပုဂ္ဂိုလ် တွေဟာ အိမ်ပေါ်ကလူတွေနဲ့ တူပါတယ်။
အိမ်ပေါ်ကလူ တွေဟာ အိမ်အောက်က လူတွေကိုသေချာမြင်နိုင်ပြီး ၊အိမ်အောက်က လူတွေဟာ အိမ်ပေါ်ကလူတွေကို မမြင်နိုင် သကဲ့သို့ ထို့အတူ အသိဉာဏ် ပိုင်းဆိုင်ရာမှာလည်း ပညတ် (၂)မျိုးနယ် က ပုဂ္ဂိုလ်တွေဟာ သဘော(၂)ခု နယ် က ပုဂ္ဂိုလ်တွေကို မမြင်နိုင်ပါဘူး။
သဘော (၂)ခုနယ်ကို သိ ကျင့် နေသော ပုဂ္ဂိုလ်တွေကသာ ပညတ် (၂)မျိုးနယ်က ပုဂ္ဂိုလ်တွေကို သနားစရာ သတ္တဝါ များအဖြစ် ထင်ထင် ရှားရှား တွေ့မြင်နေရပါတယ်။ သဘော (၂)ခုကို သိနိုင် ကျင့်နိုင်ကြမယ်ဆိုရင်၊ ဒီဘဝ အတွင်းမှာ လွတ်မြောက်နိုင် ကြတာမို့ ပါရမီ မလိုပါဘူး ဟုဆိုကြပါတယ်။ အဓိပ္ပါယ် အကျဉ်းကတော့ သဘော (၂)ခု နယ်ကို ထပ်ခါ ထပ်ခါ သိရမှာကိုမေ့ပြီး ပါရမီ နှင့်မကျင့်ဖြစ်အောင် တွေး မနေ ပါနဲ့ ဟု ဆိုလိုရင်းဖြစ်ပါတယ်။ ဒီလောက် ဆို ပါရမီ လို -မလို သဘောပေါက် လောက်ပါပြီ လို့ ယူဆပါတယ်။
Credit MS