Saturday, June 2, 2018

မသိစိတ်ထဲက မျှော်လင့်ချက်

မသိစိတ်ထဲက မျှော်လင့်ချက် 

(ဓမ္မအမေးအဖြေ)
🍁 🍁 မေး။ ။ တပည့်တော် ဘာပဲကောင်းတာလုပ်လုပ် သူငယ်ချင်းမိတ်ဆွေတွေကို တွဲခေါ်တတ်တဲ့ အကျင့်ရှိပါတယ်၊ ကောငး်တာတွေ့တဲ့စာအုပ်ဆိုလည်း တပည့်တော်တတ်နိုင်သလောက် ဝယ်ပေးပါတယ်၊ ဒါပေမဲ့ တခါခါကျရင် ကိုယ်ကောင်းတာလုပ်ရဲ့သားနဲ့ ကိုယ့်ကို ကိုယ်ကကောင်းတာပေးရင်တောင် “ငါ့ကို အပေါစားပေးတယ်”၊ ပရဟိတလုပ်တဲ့အခါ “အမလေး စားရတဲ့ထမင်းက ကြမ်းလိုက်တာ” ပြောတဲ့အခါ တပည့်တော် တခါတခါကြ တော်တော် ခံစားရပါတယ်။ တခါတခါကြ ဒေါသထွက်ပါတယ် ဘုရား။ အဲ့ဒါ Negative emotion လားဘုရား။ အဲ့ဒီစိတ်ကို ဘယ်လိုပြင်ရမလဲ ဘုရား။


 🍃 🍃 ဖြေ။ ။ ★ ဘုန်းဘုန်း နိုင်ငံခြားမထွက်ခင်တုန်းက သူငယ်ချင်းအဆိုတော်တွေ အများကြီးရှိတယ်၊ Artist တွေပေါ့။ ၉၅% လောက်က အရက်ကောင်းကောင်း သောက်တတ်တယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ သူ့တို့သီချင်းကို Feeling အပြည့်ထည့်ပြီးတော့ရေးတယ်၊ ဆိုတယ်ပေါ့။ ဒါပေမဲ့ Feeling အပြည့်ထည့်ပြီး ရေးတယ် ဆိုတယ်ဆိုတဲ့ အဲ့ဒီ သီချင်းတပုဒ်ကို သူတို့က ကြာကြာမခံစားနိုင်ဘူး။

★ သူငယ်ချင်းဆိုတဲ့သူတွေ သူတို့က အရမ်းကြိုက်ပြီးတော့ အခု စိုင်းထီးဆိုင် မရှိတော့ဘူး၊ စိုင်းထီးဆိုင် သီချင်းတွေကြိုက်တဲ့သူတွေ အများကြီး ရှိသေးတယ်။ ဥပမာ သူရှိရင် သူ့သီချင်း တော်တော်များများကို သူမမှတ်မိတော့ဘူး ဘုန်းဘုန်း ပြောရဲတယ်။ သူမမှတ်မိတော့ဘူး အဲ့ဒီပုံစံလိုပဲ တခြားအဆိုတော်တွေကိုလည်းပဲ သူတို့ရဲ့သီချင်းတွေကို သူတို့မမှတ်မိဘူး၊ သွားဆိုတော့မယ်ဆိုရင် မနည်းပြန်တိုက်ယူရတယ်။

★ အဲ့ဒါကြောင့် ဘုန်းဘုန်း တခါတခါ ပရိတ်ကြီးမေ့ရင်လေ သူတို့ကိုကြည့်ပြီး ငါ သိပ်မဆိုးသေးပါဘူး 😊 😊 အဲတော့ ဘုန်းဘုန်းပြောချင်တာက Emotion ကို negatvie emotion နဲ့ positive emotion နှစ်ခုရှိတယ်။ သူတို့ကို ဒီအတိုင်းပဲ ထားတယ်ဆိုရင်တော့ အားကောင်းတဲ့ emotion က အားကောင်းပြီးတော့ အားနည်းတဲ့ဟာ အားနည်းသွားမယ်။

★ ကိုယ်က အရိုင်းပန်းလို သူ့ကို ပေါက်ချင်တဲ့နေရာပေါက်ဖို့ ကိုယ်က ဒီအတိုင်းပဲ ထားထားတာကိုး။ မြတ်စွာဘုရားက ဘာဝနာတဲ့၊ ဘာဝနာဆိုတာက initiative ယူပြီးတော့ သူ့ကို develope လုပ်ရတယ် အဓိပ္ပာယ်ရတယ်။

 ★ ဘာဝနာ ဆိုတဲ့ စကားလုံးက သူက active ဖြစ်တယ် passive မဟုတ်ဘူး ဒီအတိုင်းလွတ်ထားတာ၊ အဲတော့ ဘုန်းဘုန်းပြောနေကြ ယူပြီးတော့ သုံးနေကြ Psychology ထဲက ဘုန်းဘုန်းရဲ့ ပုံပြင်တော့ မဟုတ်ဘူးပေါ့ Psychology ရဲ့ ပုံပြင် ရင်ထဲမှာ Wolf (မြေခွေး) နှစ်ကောင်ရှိတယ်တဲ့၊ မြေခွေး နှစ်ကောင်ရှိတယ် အဖြူနဲ့အမည်းနဲ့။

★ အမည်းက ဘာနဲ့တူတုန်းဆိုတော့ negative emoiton နဲ့ တူတယ်။ Negative အကြောင်းပဲ တွေးတယ်ဆိုရင် ဒီ black wolf ကို အစာကျွေးနေတာ များများတွေးလေ များများကျွေးလေ graphic design လုပ်ရင်းနဲ့ negative အကြောင်းတွေးတာလည်း black wolf ကိုပဲ ကျွေးနေတာ။

 ★ အခုမှ ဆယ်နှစ်တောင် မပြည့်သေးဘူး ဆယ်နှစ်လောက်ပဲ ရှိအုန်းမယ်ထင်တယ် Positive psychology ဆိုတာ ပေါ်လာတယ် အရင်တုန်းက မရှိဘူး။ မရှိတော့ တစ်ကမ္ဘာလုံးအနေနဲ့ ဘယ်လိုဖြစ်တုန်းဆိုလို့ချင်ရင် ဒီ Psychology စာအုပ်တွေ paper တွေ သုတေသနလုပ်တဲ့ဟာတွေကြည့်ရင် negative ဖြစ်တဲ့ဟာ ၂၁-ခုဖြစ်မှာ positive ဖြစ်တဲ့ဟာ ၁-ခုပဲရှိတယ်။ ဒါကတော့ သမီးမှ အဲ့လိုဖြစ်တာမဟုတ်ဘူး၊ လူအများစု အဲ့လို ဖြစ်တယ်။ Negative bias ဆိုတာ အဲ့လိုမျိုး ဖြစ်တာပေါ့။

★ ဘာလို့တုန်းဆိုတော့ လောကကြီးက ကြောက်စရာကောင်းတဲ့ နေရာကိုး။ နဂိုတည်းကကိုက သဘာဝအရ မလုံခြုံတဲ့နေရာ၊ အဲ့လို မလုံခြုံတဲ့နေရာမှာ ကိုယ်ကနေရတဲ့အခါကြတော့ ဒီကြားထဲကနေ ကိုယ် မလုံခြုံမှုရဲ့ တန်ဆာခံ ဖြစ်မသွားအောင် ဒီ positive emotion တွေ black wolf ကနေ white wolf ကို အစာကျွေးရမယ်။

★ ကောင်းတာတွေ positive thinking တွေ များများတွေးပေးရမယ်။ အဲတော့ သူငယ်ချင်းတွေနဲ့ အဲ့ဒီလို ဖြစ်တယ်၊ စိတ်ပျက်တယ် disappointed ဖြစ်တယ်ဆိုရင် ကိုယ်က သူတို့ဆီမှာ Subconscious expectation ဆိုတာ ကိုယ့်ဟာကို မသိဘဲနဲ့ မျှော်လင့်နေတာ။

★ လင်မယားတွေကြားထဲမှာဆို အဲ့ဒီဟာ ပိုများတယ်၊ မောင်နှမထဲမှာလည်း ပိုများတယ်၊ မောင်နှမပဲ “ဒါတော့ လုပ်ပေးရမှာပေါ့” ဟုတ်တယ်မို့လား၊ “ရှင်က ကျွန်မကို ဒါလေးတောင်ပဲ လုပ်မပေးနိုင်ဘူး” ကိုယ်က မျှော်လင့်ထားတာလေ။ မျှော်လင့်ချက်တွေက မင်္ဂလာဆောင်သက်ကြာလာတာနဲ့အမျှ သူက တိုးတိုးလာတယ်။ တိုက်ဆိုင်ရင် ခွင့်လွှတ်ပါ။ 😊 😊

 ★ အဲ့ဒီမျှော်လင့်ချက်တွေ တိုးလာတာ သူကမသိဘူး။ မျှော်လင့်ချက်ရှိမှ စိတ်ပျက်တာတဲ့။ Expectation ရှိလို့ disappointment ဖြစ်တာ၊ မျှော်လင့်ချက်မရှိရင် disappointment မဖြစ်ဘူး၊ မျှော်လင့်ချက်နေရာမှာ ကိုယ်က ကရုဏာနဲ့ အစားထိုးနိုင်တယ်။

★ ကိုယ်က စိတ်ပျက်သွားပြီဆိုရင် စိတ်ပျက်တဲ့ မိမိကိုလည်း ပြန်ပြီးတော့ ကရုဏာ၊ အဲ့ဒါဆိုရင် စိတ်ပျက်သွားတဲ့အခါမှာ ဖြစ်သွားတဲ့ စိတ်ဒဏ်ရာဒဏ်ချက် သူက Healing ဖြစ်တယ်၊ ပြန်ပြီးတော့ ကုသတယ်။

 ★ မဟုတ်ရင် Healing မဖြစ်ဘူး၊ နောက်တခါ အဲ့လို accident မျိုးဖြစ်ရင် အရင်တုန်းကလည်း ဒီအတိုင်းပဲဆိုပြီး ပြန်ပေါ်လာရော၊ စိတ်ဒဏ်ရာဒဏ်ချက် နှစ်ခုဖြစ်သွားရော၊ သွားပေါင်းလိုက်တာ။

 ★ စိတ်ဒဏ်ရာဒဏ်ချက် မကုစားရင် infection ဝင်တယ် ရောဂါလို။ အလွယ်တကူ စိတ်ဆိုးတတ်တယ်၊ အလွယ်တကူ အထင်လွဲနိုင်တယ်၊ အလွယ်တကူ ပေါက်ကွဲနိုင်တယ် ဒါတွေက negative emotion တွေ။

★ အဲတော့ ကိုယ်ကောင်းတာလုပ်ပေးရဲ့နဲ့ သူတို့ ကောင်းမှန်းမသိတဲ့သူတွေ တန်ဖိုးမသိကြတဲ့သူတွေ သူတို့က မုဒိတာ ဖြစ်ဖို့အတွက် ability နည်းနေတာ၊ immature (မရင့်ကျက်တာ) ဖြစ်နေတာ၊ သူတို့ကိုလည်းပဲ ကရုဏာဖြစ်လိုက်ပါ။

★ ကရုဏာဖြစ်လိုက်တယ်ဆိုရင် သူတို့ behaviour ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မှာသိပ်မထိခိုက်ဘူး။ အဲ့လို မဟုတ်ဘဲနဲ့ အရင်တုန်းကလည်း ဒီအတိုင်းပြောတယ် ခုဒီတခါလည်း ဒီလိုဖြစ်တယ် နောက် တခါ မလုပ်တော့ဘူးဆိုရင် သုံးကြီမ် အရင်တခါ၊ နောက်တခါ။ နောက်တခါဆိုတာက အနာဂတ်၊ အရင်တခါနဲ့ အခုတခါက ဒါ ရှေးကအတိတ်နဲ့ နီးသောအတိတ်။

 ★ မဟာဗောဓိမြိုင်ဆရာတော် ဘာပြောတုန်းဆိုတော့ ဒီအတိုင်း ပက်ပင်းတွေ့ရတဲ့ ဒုက္ခက တစ်မတ်သားပဲ၊ ကိုယ့်ဟာကို ထပ်တွေးလို့ ထပ်တွေးယူလို့ ထပ်ပြီးတော့ဖြည့်လိုက်တာက သုံးမတ်တဲ့၊ အရင်တုန်းကလည်း ဒီတိုင်းပဲဆို အဲ့ဒါ တစ်မတ်၊ ခုလည်း ဒီအတိုင်းပဲဆို နောက်တစ်မတ်၊ နောင်လည်း ဒီအတိုင်း ဖြစ်မှာပဲဆို နောက်တစ်မတ်၊ သုံးမတ် ထပ်ဖြည့်လိုက်တာတဲ့။

★ အဲတော့ ဖြည့်မလား မဖြည့်ဘူးလား ဆိုတာ It is in your hand.

 ကျေးဇူးတော်ရှင်Oxfordဆရာတော်ဒေါက်တာဓမ္မသာမိ 🙏 🙏 🙏

“စီးပွားရေးနှင့် ဖွံ့ဖြိုးရေးတွန်းအား ကရုဏာတရား (၂) – Compassion as motive for Business and Development (၂၇.၂.၂၀၁၈ ရန်ကုန်)” တရားတော် မှ ကောက်နှုတ်ဖော်ပြပါသည်။

 Credit to #ThazinHteik