ပညာပါရမီဖြည့်တယ်ဆိုတာ
★ ပညာမတတ်သေးတဲ့ ပုဂ္ဂိုလ်ကို ပညာတတ်အောင် ဆိုပါစို့... 🔅ပညာသင်ဖို့အခွင့်အလမ်းနည်းနေတဲ့ ပုဂ္ဂိုလ်တွေကို 🔅ငွေကြေးမတတ်နိုင်လို့ ပညာမသင်ရတဲ့ ပုဂ္ဂိုလ်တွေကို★ ပညာသင်နိုင်အောင် ထောက်ပံ့တာဟာ ပညာပါရမီလား
★ (သို့) မိမိကိုယ်တိုင် သင်ယူခြင်းက ပညာပါရမီလား မေးမယ်ဆိုလို့ချင်ရင်…… ?
★ ပညာသင်ယူနိုင်ခြင်းမရှိလို့ ငွေးကြေးဓန မတတ်နိုင်လို့ ပညာမသင်နိုင်တဲ့ ပုဂ္ဂိုလ်တွေကို
★ ငွေကြေးဓန ထောက်ပံ့တယ်ဆိုတာ တကယ်ကတော့ ပညာပါရမီအစစ်မဟုတ်ဘူး၊ အခြေအနေတခု ဖန်တီးပေးတာသာ ဖြစ်တယ်ပေါ့။
★ ကိုယ်မသိတာကို မေးတာတို့ သင်တာတို့ကမှ တကယ့်ပညာပါရမီ။
★ မေးလိုက်လို့ တပြိုင်တည်း မသိသေးတာ ချက်ချင်းသိသွားတယ်၊
★ အဲဒီလိုချက်ချင်းသိသွားတယ်ဆိုကတည်းက ကိုယ့်အသိဉာဏ်ဟာ ကိုယ်ရဲ့သန္တန်မှာ ဖြစ်သွားတယ်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 (ဗုဒ္ဓသမီးတော်များ၏ ရင်တွင်းစကား အပိုင်း - ၄၁ မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)
Credit --- Shwe Thu