Saturday, June 2, 2018

၅-မိနစ်တရားထိုင်မယ်

တရားထိုင်နည်း (၅-မိနစ်တရားထိုင်မယ်)

 ★ ရတဲ့အချိန်လေးမှာ ၅-မိနစ်/၆-မိနစ်လောက် ဘုန်းဘုန်း တရားထိုင်တဲ့နည်းလေး ပြချင်တယ်။ Emotion က ပထမဦးဆုံး ကိုယ့်ထိုင်ခုံမှာ သက်သက်သာသာ ဖြစ်အောင်နေ Relex ဖြစ်အောင်နေနော်။ တကယ်လို့ စာအုပ်တွေက ဝန်ထုပ်ဝန်ပိုး ဖြစ်နေရင် စာအုပ်ကို အောက်ချထားလိုက်မယ်။


 ★ ပထမဆုံး သင်ပေးမဲ့ Skill က ကျွမ်းကျင်မှုက ရုပ်ခန္ဓာကိုယ်နဲ့ စိတ်နဲ့ အတူတူအလုပ်လုပ်တာ Mind-Body relation စိတ်နဲ့ခန္ဓာကိုယ်နဲ့ အတူတူအလုပ်လုပ်တာ။

★ လူက ဒီမှာထမင်းစားနေတယ် စိတ်က တခြားရောက်နေတယ်ဆိုရင် ဒီလူ ထမင်းစားတာ အာဟာရ သိပ်မဖြစ်ဘူး။ ပါးစပ်ကလည်း ရေသာခိုတယ် ကောင်းကောင်းမဝါးဘူး၊ ပါးစပ်ကကောင်းကောင်း မဝါးတဲ့အခါကျတော့ အစာအိမ်ကပိုပြီးတော့ အလုပ်လုပ်ရတယ်။ System တခုလုံးထိခိုက်တယ် စိတ်နဲ့ ခန္ဓာကိုယ်နဲ့ အတူတူ အလုပ်မလုပ်လို့။

★ ဒါကြောင့် စိတ်နဲ့ခန္ဓာကိုယ်နဲ့ One function အလုပ်တခုတည်းလုပ်တတ်တယ်ဆိုရင် ဒီလူ တော်တော်နဲ့ stress မရဘူး။ အာနာပါနသတိလို့ပြောတဲ့အခါမှာ အာနာပါန ထွက်လေဝင်လေက Physical function ခန္ဓာကိုယ်ရဲ့အလုပ်၊ သတိ သိတယ်ဆိုတဲ့ဟာက စိတ်ရဲ့အလုပ်၊ ခန္ဓာကိုယ်ရဲ့အလုပ်နဲ့ စိတ်ရဲ့အလုပ် တခုတည်း Calibrate လုပ်တာ ပူးပေါင်းဆောင်ရွက်တာ အာနာပါနသတိမှာ။

★ ဒီခန္ဓာကိုယ်က ဘာလိုတာတုန်း အောက်စီဂျင်လိုတယ် အောက်စီဂျင်လိုတယ်၊ စားတဲ့အစားအစာတွေ Biology သမားတွေ သိတဲ့အတိုင်း စားတဲ့အစားအစာ အဲ့ထဲမှာ ပါတဲ့ sugar နဲ့ fats တွေ energy ဖြစ်သွားအောင် အောက်စီဂျင်ကလုပ်ပေးတယ်။ ★ နောက် ခန္ဓာကိုယ်ထဲမှာရှိတဲ့ Pollution(အညစ်အကြေး)တွေ အဲ့ဒါကိုလည်းပဲ အောက်စီဂျင်ကပဲ ပြန်ပြီးတော့ ထုတ်ပစ်တယ် ဝင်သက် ရှုထုတ်တဲ့အခါ။ ဒါကြောင့် ဝင်လေထွက်လေက ဒီခန္ဓာကိုယ်ရပ်တည်ဖို့အတွက် အရမ်းလိုအပ်တယ်။

★ အောက်စီဂျင် မရှိဘဲနဲ့ နဲနဲမှမရပ်တည်နိုင်တဲ့ မနေနိုင်တဲ့ ဒီခန္ဓာကိုယ်ကို သနားပြီးတော့ ကရုဏာထားပြီးတော့ ဝင်လေထွက်လေ ရှုရှိုက်ပါ။ ဒီခန္ဓာကိုယ် သနားပြီးတော့ ရှုရှိုက်ပါ။ မေတ္တာထားပြီးတော့ ရှုရှိုက်ပါ။ ဒါ ပထမဆုံး အကြိမ်။

★ နောက်တခုကတော့ မိမိမှာရှိတဲ့ စိတ်ဖိစီးမှု စိတ်ညစ်တာတွေ စိတ်ပူတာတွေ အဲ့ဒါတွေကို ပြန်တွေး၊ ပြန်တွေးပြီးရင် အဲ့ဒါတွေကို လက်ခံထား စိတ်ပူစရာနဲ့တွေ့နေတဲ့ မိမိကို ကရုဏာဖြစ်ပါ သနားပါ။ ကရုဏာမဖြစ်ရင် အဲ့ဒီနေရာမှာ စိုးရိမ်တဲ့စိတ် (Anxiety) ပိုပြီးတော့ များသွားလိမ့်မယ်။ Anxiety ဆိုတဲ့ ဒေါသဘက် မရောက်စေဘဲနဲ့ ကရုဏာဆိုတဲ့ မေတ္တာဘက်ရောက်အောင် ဗြဟ္မစိုရ်ဘက်ရောက်အောင် တမင်သက်သက် စိတ်ကို အဲ့ဒီလို တွန်းပို့ပေးတာ။

★ နောက်ပြီးတော့ မိမိရဲ့မိသားစုထဲက တစ်ယောက် သူရဲ့ပြသာနာ သူစိတ်ညစ်နေတဲ့ဟာတခု အဲ့ဒီစဉ်းစားပြီးတော့ တွေးပြီးတော့ သူ့ကိုလည်း ကရုဏာပွားပါ။ သူရဲ့ဝေဒနာ သူရဲ့စိတ်ညစ်တာကို ၀ိုင်းခံစားပေးပြီးတော့ ဒီစိတ်ညစ်တာကနေပြီးတော့ ကင်းလွတ်ပါစေဆိုပြီး ကရုဏာပွားပေးပါ။ ပါဠိလိုဆို “အဗျာပဇ္ဇောဟောမိ” ခေါ်တာပေါ့။ မြန်မာလိုပဲ စိတ်ထဲမှာတွေး။

★ ပြီးရင် သူငယ်ချင်းတစ်ယောက် စိတ်ညစ်နေတဲ့ သူငယ်ချင်းတစ်ယောက်၊ သူစိတ်ညစ်တာကို တွေးပြီး သူ့ကို သနားပါ ကရုဏာပွားပါ။

★ ပြီးရင် ကိုယ့်ကိုဝေဖန်ဘူးတဲ့သူ၊ ကိုယ့်ကို မကြိုက်တဲ့သူ၊ ကိုယ်ကလည်း မကြိုက်တဲ့သူ အဲ့ဒီလူ ကိုယ်နဲ့ပြိုက်ဖက် အဲ့လူရဲ့ သူစိတ်ညစ်နေတဲ့ဒုက္ခတွေးပြီးတော့ ကရုဏာပွားပေးပါတဲ့။ နံပါတ်(၁) က - မိမိကိုယ်ကို နံပါတ်(၂) က - မိသားစုဝင် ၁ ယောက် နံပါတ်(၃) က - သူငယ်ချင်း နံပါတ်(၄) က - ကိုယ်မကြိုက်တဲ့သူ။

★ ဒါပေမဲ့ ဘယ်ကနေ စရမှာလဲဆိုရင် အာနာပါနသတိ Mind-Body relation ကနေ စရမယ်။ ၅-မိနစ်တရားထိုင်မယ်။ ဝင်လေထွက်လေ ကျကျနနရှုရှိုက်ပါ ခါတိုင်းထက် နဲနဲလေး အားစိုက်ပြီးတော့ ရှုရှိုက်ပါ။

 ★ ဝင်လေရှုတဲ့အခါမှာ (၁) ကနေ (၇) ထိ ရေပါ။ ဝင်လေ တခုတည်းကို (၁) ကနေ (၇) ထိ ရေပါ။ ထွက်လေက ဒီအတိုင်းပဲ ညင်ညင်သာသာ ရှုထုတ်ပါ။ ခန္ဓာကိုယ် တင်းနေတယ်ဆိုရင် ပြန်လျော့ပေးပါ။ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကို သူ့ကို ကရုဏာထားသောအားဖြင့် သနားသောအားဖြင့် ဝင်လေထွက်လေ ရှုရှိုက်ပါ။

 ကျေးဇူးတော်ရှင်Oxfordဆရာတော်ဒေါက်တာဓမ္မသာမိ 🙏 🙏 🙏

“ဓမ္မစကြာထဲက စိတ်ခံစားမှုကိုင်တွယ်နည်း - Emotion Management in Dhammacakkara (၂၆.၂.၂၀၁၈ ရတနာပုံတက္ကသိုလ်)” တရားတော် မှ ကောက်နှုတ်ဖော်ပြပါသည်။

Credit to #ThazinHteik

Photo Credit to #လှဂုဏ်ရည်