Friday, June 1, 2018

“ပုဗ္ဗဏှသုတ် ပရိတ်တော် အမေး+အဖြေ”

“ပုဗ္ဗဏှသုတ် ပရိတ်တော် အမေး+အဖြေ”

 ညဉ့်သော်လည်း ညဉ့်သော်
အိပ်မပျော် လန့်နိုးတတ်တယ်
 အိပ်မက်ဆိုးသော်။
 နိမိတ်ဆိုး ဂြိုလ်ဆိုးပေါ်
 ခေါင်မိုးပေါ် ညဉ့်ငှက်ဆိုး၊

 အဆိုးစုံ ဝင်မွှေတိုးလျှင်
 စိတ်တွေနွမ်းညှိုး။
အဆိုးတွေကြဉ်
အကောင်းတွေ ဝင်လာနှင့်မှ
 လန်းမြလို့ရွှင်။
 အိမ်တိုင်းတွင်
အကောင်းတွေ ထင်စေသား
 ဘယ်ပရိတ်တော် တန်ခိုးအားနဲ့
 အဆိုးတွေ ပယ်ရှောင်ရှားရမယ်
 ညွှန်ကြားပါ့ဘုရား။

 ရိုသေစွာဖြင့်
 အရှင်ဝိသာရဒ (ရမ္မာဝတီ) 13/ 03/ 2018

....................

 *ညဉ့်သော်လည်း ညဉ့်သော်။
 အိပ်မပျော် လန့်ကာနိုးတယ်
 အိပ်မက်ဆိုးပေါ်။
 ဂြိုဟ်ဆိုးနိမိတ် ငှက်ဆိုးအော်
 မလျော်တဲ့ အသံကြား။
 ပါပဂြိုဟ် ဝင်ကာနှောက်တော့
 စိတ်ကချောက်ချား။
*အဆိုးမှန်သမျှ ဖဲကာကြဉ်။
အကောင်းတွေ ဝင်ကာရောက်မှ
 ဝမ်းမြောက်လို့ရွှင်။
အတွင်း; အပ အိမ်တိုင်းတွင်
 အကောင်းတွေထင်စေသား။
ပုဗ္ဗဏှခေါ် ပရိတ်တန်ခိုးတော်ကြောင့်
အဆိုးတွေ ရှောင်ခွာရှင်း
 ဘေးကင်းလို့သွား။ ။

 ငွေသဇင်(သံတွဲ) ၁၃•၃•၂၀၁၈