Friday, June 1, 2018

" နှစ်သစ်ကူးနှုတ်ခွန်းဆက်"

" နှစ်သစ်ကူးနှုတ်ခွန်းဆက်"

(၃၁.၁၂.၂၀၁၇) ၂၀၁၇ ခုနှစ်ဆိုတဲ့ နှစ်ဟောင်းတစ်ခုဟာ ဒီဇင်ဘာလ(၃၁)ရက်နေ့မှာ ကုန်ဆုံးသွားပြီ။တစ်နှစ်ကုန်သွားပြီ။ တစ်နှစ်ကုန်ပြီဆိုတော့ ဒါ နှစ်ဟောင်းကုန်ပီလို့ပြောကြတယ်။ ဇန်နဝါရီလ(၁)ရက်နေ့မှာ နှစ်သစ်သို့ပြောင်းပြီ။ အသစ်သို့ပြောင်းပြီလို့ဆိုကြတယ် အဲ့ဒီအသစ်ကရော ဘယ်လောက်ခံမှာလဲ။ အသစ်တိုင်း အသစ်တိုင်းဟာ အကုန်လုံးအဟောင်းတွေ ချည်းဖြစ်ရမယ်ဆိုတာကို အားလုံးသတိပြုကြဖို့ လိုလိမ့်မယ်။ မြတ်ဗုဒ္ဓမိန့်တော်မူတယ် _/\__ _/\_ _/\_


 ကာလော ဃသတိ ဘူတာနိ၊ သဗ္ဗာနေဝ သဟတ္တနာ၊ ယော စ ကာလဃသော ဘူတော၊ သဘူတ ပဇနိ ံ ပဇိ။ အချိန်သည် အချိန်ကိုစားပြီးတော့ စက္ကန့်တိုင်းဟာအချိန်တွေ ကုန်နေတယ်။ စက္ကန့်တိုင်း စက္ကန့်တိုင်း အဟောင်းတွေကုန်ဆုံးပြီးတော့ အသစ်တွေ အသစ်တွေ ပြောင်းနေတယ်။ မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာသဘောအရ အဲ့ဒါကို မြင်အောင်ကြည့်နိုင်တဲ့သူဟာ အဟောင်းကိုရော အသစ်ကိုရော သူဟာလွန်မြောက်နိုင်တယ်။ အဟောင်းတွေကုန်လို့ အသစ်မှာ ပျော်မွှေ့နေမယ့်အစား အသစ်လည်းပဲ စက္ကန့်မလပ် သူလည်း အဟောင်းအဖြစ်သို့ပြောင်းတယ်။

 မြစ်ထဲမှာ ရေစီးသလိုပဲ စီးနေတဲ့ရေကိုကြည့်လိုက်ရင် အဝေးကကြည့်လိုက်တော့ ဒါမြစ်ကြီးပဲ အနားကပ်ပြီး တဖြည်းဖြည်းနဲ့ ကြည့်လိုက်တော့ တသွင်သွင်စီးနေတဲ့ရေကိုတွေ့ရလိမ့်မယ်။မြစ်ထဲကို ခြေတစ်ချောင်းချလိုက်လို့ ရှိရင် ခြေထောက်ကို ထိလိုက်တဲ့ရေသည် ခြေထောက်ရဲ့အောက်သို့ လွန်မြောက်ပြီးတော့ သူ ဟောင်းသွားပြီ ပြောင်းသွားပြီ။ ခြေထောက်မှာ ထိတိုင်းထိတိုင်းသော ရေတိုင်းဟာ အသစ်အသစ်ကြီးပဲ ဖြစ်တယ်ဆိုတာကို မြင်ကြဖို့ အရေးကြီးတယ်။ အဲ့ဒါကြောင့်နှစ်သစ်ကူးပွဲလုပ်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ မိနစ်တိုင်း နှစ်သစ်ကူးပွဲ လုပ်လို့ ရတယ်။ စက္ကန့်တိုင်းနှစ်သစ်ကူးပွဲ လုပ်လို့ ရတယ်။စက္ကန့်တစ်ခုသည် အဟောင်းဖြစ်ပြီးတော့ နောက်လာတဲ့ စက္ကန့်တစ်ခုသည် အသစ်ပဲ။

အဲ့ဒါကို မြတ်ဗုဒ္ဓက ကာလော ဃသတိ ဘူတာနိ၊ သဗ္ဗာနေဝ သဟတ္တနာ၊ - ကာလသည် ကာလကို စား၍ ကာလတွေ ကုန်ခဲ့ပြီ။ ယော စ ကာလဃသော ဘူတော၊ သဘူတ ပဇနိ ံ ပဇိ။ - အချိန်ကာလကို နိုင်အောင်စားနိုင်တဲ့ ပုဂ္ဂိုလ်ဟာ လောကမှာ အောင်မြင်သူတစ်ယောက်ပဲ။ အချိန်ကာလကို နိုင်အောင်စားဆိုတာက ဘာကိုစားလို့ ဆိုလိုသလဲဆိုရင် အချိန်ရှိတိုင်း အလုပ်လုပ်နေဖို့ပြောတာ။ အချိန်ရှိတိုင်း အလုပ်လုပ်နေလို့ ရှိရင် အဲ့ဒိအလုပ်လုပ်နေတဲ့သူဟာ အချိန်ကိုနိုင်တာပဲ။အလုပ် မလုပ်မိလိုက်ဘူးဆိုတာနဲ့ မလုပ်မိလိုက်တဲ့အချိန်ဟာ ဆုံးရှုံးသွားတာပဲ။ဒီတော့ ကာလကိုနိုင်အောင်စားမယ်ဆိုရင် အဲ့ဒီပုဂ္ဂိုလ်မှာ အချိန်ကိုနိုင်အောင်စားဖို့ ကာလကိုနိုင်အောင်စားဖို့ လိုအပ်တဲ့အရည်အချင်းတွေ မြတ်ဗုဒ္ဓပြောထားတယ်။ဟောထားတယ်။

_/\_ _/\_ _/\_ ဥဋ္ဌာနေနပ္ပမာဒေန ၊ သံယမေန ဒမေန စ- ကောင်းလိုက်တာ။ ဒီပံ ကယိရာထ မေဓာဝီ၊ ယံ သြဃော နာဘိကီရတိ။ ဥဋ္ဌာန- ဘယ်တိုင်းပြည်က ဘယ်လူမျိုးမဆို ဘယ်ဘာသာကိုးကွယ် ကိုးကွယ် ဘဝကိုအနိုင်စားမယ်ဆိုလို့ ရှိရင် လောကကိုအနိုင်စားမယ်ဆိုလို့ ရှိရင် အချိန်ကိုနိုင်အောင်စားမယ်ဆိုလို့ ရှိရင် အမြဲတမ်းတက်ကြွ နိုးကြားနေရမယ်။ တက်တက်ကြွကြွ နိုးနိုးကြားကြားမရှိခဲ့ရင် အဲ့ဒီပုဂ္ဂိုလ်ကို ကာလ-က လွှမ်းမိုးသွားလိမ့်မယ်။အမြဲနိုးကြားနေသော ပုဂ္ဂိုလ်သည် ကာလရဲ့တိုက်ပွဲ ဘဝရဲ့တိုက်ပွဲမှာ အောင်မြင်သူ တစ်ယောက်ဖြစ်လာနိုင်တယ်။အမြဲတမ်းနိုးကြား တက်ကြွနေတဲ့ စိတ်ထားရှိရမယ်။

 You must be always active and alarm. ဒါတစ်ခုတည်းနဲ့ လုံလောက်ပြီလားမေးရင် မလုံလောက်သေးဘူး အပ္ပမ္မာဒ- အပ္ပမာဒ-ဆိုတဲ့ပုဒ်ကို ဒီနေရာမှာ Earnest -ဒီလိုပြောချင်တယ် ။ပြင်းပြသော ဆန္ဒ၊ ကြီးမားသောမျှော်လင့်ချက်တွေ ရှိရမယ်။ ကြီးမားတဲ့မျှော်လင့်ချက်လည်း ရှိတယ် ပြင်းပြတဲ့ဆန္ဒလည်း ရှိမယ်ဆိုရင် ဒီပုဂ္ဂိုလ်ဟာ အလိုလိုနိုးကြားပြီးသား။ ကြီးမားသော ဆန္ဒ-လည်း မရှိဘူး ပြင်းပြသောဆန္ဒ-လည်း မရှိဘူးဆိုရင် ကြီးမားတဲ့မျှော်လင့်ချက်လည်း မရှိဘူးဆိုရင် ဒီပုဂ္ဂိုလ်ဟာ ထိုင်းမှိုင်းပြီးတော့ နိုးကြွားတက်ကြွတဲ့ အရည်အချင်း ရှိသူမဖြစ်နိုင်ဘူး။ အဲ့ဒါကြောင့် အရေးကြီးတာက ပြင်းပြသောဆန္ဒ- ကြီးမားတဲ့မျှော်လင့်ချက်တွေ ထားကြဖို့နဲ့၊ နောက်က နိုးကြားတက်ကြွတဲ့ စိတ်တွေနဲ့ အဲ့ဒါကိုတွန်းပို့ ဖို့လိုတယ်။ နောက်တစ်ခုက သံယမ- ရှိရမယ်။ဆန္ဒကြီးမားတယ် မျှော်လင့်ချက် ကြီးမားတယ်။ လုံ့လဝီရိယ- ပြင်းပြထက်သန်တယ်။ဒါပေမယ့် ဒါပေမယ့် သံယမ- မရှိရင် ဘဝဟာပျက်စီးတတ်တယ်။ သံယမ-ဆိုတာ စောင့်စည်းမှုပဲ။စိတ်စောင့်စည်းဖို့ လိုတယ်။နှုတ်စောင့်စည်းဖို့လိုမယ်။ ကိုယ်အမူအရာစောင့်စည်းဖို့လိုမယ်။ဆိုလိုတာကတော့-စည်းကမ်း ဥပဒေမှန်သမျှကို လေးစားလိုက်နာခြင်းဟာ သံယမ-ပဲ။

ဘဝစည်းကမ်း လူမှုစည်းကမ်း နိုင်ငံတော်ရဲ့စည်းကမ်း၊ သာသနာတော်မှာဆိုရင် သာသနာတော်ရဲ့ စည်းကမ်း၊ religious disciplineပေါ့။ စည်းကမ်းမှန်သမျှ လိုက်နာကျင့်သုံးနိုင်တဲ့ ပုဂ္ဂိုလ်ဟာလည်း ဘဝကို ကျော်ဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ နောက်တစ်ခုက ဘယ်လောက်ပဲ လုံ့လဝီရိယ ရှိစေကာမူ ၊ပြင်းပြသောစိတ်ထား တက်ကြွသော စိတ်ထား နိုးကြားသော စိတ်ထား ၊ကြီးမားသောစိတ်ထား ကြီးမားသောမျှော်လင့်ချက် ဘယ်လောက်ပဲရှိရှိ ခုနကပြောထားတဲ့ စည်းကမ်း၊ လောကရဲ့စည်းကမ်းတွေ လူမှုရေးစည်းကမ်းတွေ နိုင်ငံတော်ရဲ့ စည်းကမ်းတွေ ဘာသားရေးစည်းကမ်းတွေ၊ ရံခါမှာ ဒေသရဲ့စည်းကမ်းတွေလည်း ရှိသေးတယ်။ဒေသချင်းမတူရင် စည်းကမ်းဥပဒေတွေ ဓလေ့ထုံးစံတွေ မတူတာတွေ အများကြီး ရှိတယ်။ ဒီဒေသမှာ စည်းကမ်းတစ်မျိုးဆိုရင် ဟိုဒေသနဲ့ ဆိုင်ချင်မှဆိုင်မယ်။ ဟိုအခြားဒေသရဲ့စည်းကမ်းတစ်ခုလည်း ဒီဒေသနဲ့ဆိုင်ချင်မှဆိုင်မယ်။Local discipline-ဆိုတာတွေဟာ အများကြီးရှိပါတယ် အဲ့ဒါကြောင့် ဘယ်ဒေသရောက်ရောက် ရောက်တဲ့ဒေသရဲ့ စည်းကမ်းဥပဒေတွေကို လိုက်နာကျင့်သုံးနိုင်မှ ကာလကိုနိုင်အောင်စားနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်မယ်။ သို့မဟုတ်ရင် discipline တစ်ခု ဥပဒေတစ်ခုဖောက်လိုက်တာနဲ့ ဒီပုဂ္ဂိုလ်ရဲ့ဘဝဟာ ကျိုးပေါက်ပျက်စီးသွားနိုင်တယ်။ နောက်လိုအပ်တဲ့ အရည်အချင်းတစ်ခုက ဒမ္မ- ဒမ္မ-ဆိုတာ- ဓ-နဲ့ ၊ဓ-နှစ်လုံးဆင့်နဲ့ရေးတဲ့ ဓမ္မ-ပြောတာမဟုတ်ဘူး။ ဓ-ရေးတဲ့ ဓမ္မ-ကို ဆိုလိုတာမဟုတ်ဘူး။ဒ-နဲ့ရေးတဲ့ ဒမ္မ-က ဘာလဲဆိုတော့ လူရဲ့ ကိုယ်နှုတ်စိတ် သုံးပါးစလုံးမှာ polite ယဉ်ကျေးရမယ် သိမ်မွေ့ရမယ်။ လူတကာမြင်လိုက်ရင် လေးစားလောက်သော ကိုယ်အမူအရာ နှုတ်အမူအရာ ရှိရမယ်။ ရှေးဟောင်းဆရာတော်ကြီးတွေ တပည့်တွေကို ဆုံးမတဲ့နေရာမှာ ပြောဆိုတဲ့စကားတစ်ခုကို ငယ်ငယ်က ရှေးဟောင်းဆရာတော်ကြီးတစ်ပါးပြောဆိုတာကို မှတ်သားထားဖူးတာရှိတယ်။ မောင်ပဥ္ဇင်းမင်းကြည့်ရတာ မျက်လုံးက ကျီးကန်းတောင်းမှောက်သလိုပဲ။ အိန္ဒြေမရဘူး။

ကျီးကန်းခြင်းတောင်းထဲမှောက်ထား ရင် တောင်းအောက်မှာမှောက်ထားရင် အဲ့ဒီကျီးကန်းမျက်လုံးကို ကြည့်ကြည့် လှုပ်လှည့်ခပ်နေတာ။ဥပတိရုပ်သွင်ရဲ့ stability ၊ စိတ်ရဲ့ stability ၊ နှုတ်ရဲ့ stability ၊မျက်လုံးရဲ့ ကြည့်ပုံကြည့်နည်း Stability- တည်ငြိမ်ခန့်ငြားတဲ့ ကာယအိန္ဒြေရှိဖို့လည်း လိုအပ်တယ်။ အဲ့ဒါကို ဒမ္မ-လို့ခေါ်တာ။ အဲ့ဒီတော့ ဒီပါဠိတော်အရ (၁)က အမြဲတမ်းတက်ကြွနိုးကြားနေရမယ်။ကာလကိုနိုင်အောင်စားဖို့၊ (၂)ကတော့ ပြင်းပြသောဆန္ဒ။ (၃)ကတော့ ကြီးမားတဲ့ မျှော်လင့်ချက်တွေ ထားရမယ်။ (၄)ကတော့ စည်းကမ်းဥပဒေ သတ်မှတ်ချက် မှန်သမျှကို လူ့စည်းကမ်း သာသနာ့စည်းကမ်း၊နိုင်ငံစည်းကမ်း၊ ဒေသစည်းကမ်းတွေအကုန်လုံးကို စောင့်စည်းလိုက်နာနိုင်ရမယ်။ (၅)ကတော့ ကိုယ်နှုတ်အမူအရာ ယဉ်ကျေးသိမ့်မွေ့ပြီးတော့ တည်ငြိမ်ရင့်ကျက်တဲ့ ကာယအိန္ဒြေရှိရမယ်။ အဲ့ဒီလိုအရည်အချင်းမျိုးရှိတဲ့ပုဂ္ဂိုလ်ဟာ ဘဝကို ပင်လည်လိုသဘောထားမယ် ဆိုလို့ ရှိရင် ဘဝပင်လယ်မှာ ဒီပုဂ္ဂိုလ်မျိုးဟာ မမြုပ်နိုင်ဘူး။

 မုန်တိုင်းလည်းထန်သော ဘဝ၊ လှိုင်းတံပိုးလည်း ထန်သော ဘဝ၊ဒီအရည်အချင်းတွေ အားလုံးရှိဖို့ လိုလိမ့်မယ်။ မုန်တိုင်း-ဆိုတာ ကိလေသာပဲ။မုန်တိုင်းဆိုတာကတော့ -ကာမဂုဏ်ပဲ။ကာမဂုဏ် လှိုင်းပုတ်လို့ မြုပ်မသွားအောင် မုန်တိုင်းတိုက်လို့ မျောမသွားရအောင် အခုပြောခဲ့တဲ့ အရည်အချင်းတွေ ရှိကြဖို့ အရေးကြီးပါတယ်။ နှစ်ဟောင်းမှာပဲဖြစ်ဖြစ် နှစ်သစ်မှာပဲဖြစ်ဖြစ် အခုပြောခဲ့အရည်အချင်းတွေ နဲ့ ၊ ပြည့်စုံမယ်ဆိုလို့ ရှိရင် ဒီပံကရိယာဋ္ဌ မေဒါဝီ-တဲ့ ဒီလိုပညာရှိပုဂ္ဂိုလ်တွေ ဤကဲ့သို့သော ထက်မြက်စူးရှတဲ့ ပုဂ္ဂိုလ်တွေ လူစွမ်းကောင်းတွေက ဘဝပင်လယ်ထဲမှာ ကျွန်းတစ်ကျွန်းတည်ဆောက်နိုင်လိမ့်မယ်။

လှိုင်းပုတ်နေတဲ့ ဘဝပင်လယ်၊မုန်တိုင်းပြင်းထန်စွာတိုက်နေတဲ့ ဘဝပင်လယ်မှာ ကျွန်းလေးတစ်ကျွန်းလောက် မှီခိုရာ ရလိုက်ပြီ ဆိုရင် ဒီပုဂ္ဂိုလ်မမျောတော့ မမြုပ်တော့ဘူး။ သီဟိုဠ်က ပညာရှိဆရာတော်ကြီးတစ်ပါးဖြစ်တဲ့ ဘိက္ခုနာရဒ-ဆိုတဲ့ဆရာတော်ကြီးက ဘယ်လောက်ထိပြောသလဲဆိုလို့ ရှိရင် အခုပြောခဲ့တဲ့ ဥဋ္ဌာနေန- နိုးကြားတက်ကြွခြင်း၊ Alert and Active .Alarm and Active. အပ္ပမာဒ-earnest . သံယမေန- discipline. ဒမ္မ-Polite . ဒီအရည်အချင်းတွေနဲ့သာ ပြည့်စုံမယ်ဆိုလို့ ရှိရင် ဘဝပင်လယ်ထဲမှာ ကျွန်းတစ်ကျွန်းကိုသာ တည်ဆောက်နိုင်ရုံမကပဲနဲ့ သူ့ရဲ့ ကောင်းကင်ဘုံကိုပါ သူဖန်ဆင်းနိုင်လိမ့်မယ်လို့ ဒီလို ဆိုတော်မူသွားတာ ရှိပါတယ်။ ဘိက္ခုနာရဒ-ဆရာတော်ကြီးကဒီ ဓမ္မပဒကို ဘာသာပြန်တဲ့အခါမှာ If someone has these qualities , he can create even his heaven .လို့ ဒီလိုပြောပါတယ်။

 အဲ့ဒါကြောင့်ကောင်းကင်ဘုံကြီးကိုဖန်ဆင်းနိုင်လောက်အောင် ဘဝပင်လယ်မှာ ကျွန်းတစ်ကျွန်းဖန်ဆင်းနိုင်ဖို့ တည်ဆောက်နိုင်ဖို့ နှစ်တစ်နှစ်ဟောင်းလို့ နှစ်တစ်နှစ်သို့ပြောင်းကြတဲ့ ယခုအခါမှာ အားလုံးသော နိုင်ငံသူနိုင်ငံသား သာသနာတမ်းရှင်ရဟန်းများနှင့်တကွ တိုင်းသူပြည်သား ရှင်လူအများကို ဘဝပင်လယ်ထဲမှာ ကျွန်းလေးတစ်ကျွန်းလည်းတည်ဆောက်နိုင်ကြပါစေ၊ စွမ်းနိုင်မယ်ဆိုလို့ ရှိရင်တော့ မိမိတို့လားရာ၊ သွားရာ ကောင်းကင်ဘုံကြီးကို ဖန်ဆင်းနိုင်ကြပါစေလို့ နှစ်ဟောင်းအကုန်လို့ နှစ်သစ်အကူးမှာ ဆုထူးတစ်ခုကိုတောင်းပြီးတော့ အားလုံးကို သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ

 နှစ်သစ်မှာ ရေးသားပူဇော်အပ်ပါသည်

Photo Credit - ကိုကြီးအောင်သန်းဝင်း

 Credit --- Pay Thoe