ကုသိုလ်မြစ်ကြီးတွေ စီးနေပါစေ
★ ကုသိုလ်မြစ်ကြီးတွေ စီးနေပါစေဆိုတာ ကိုယ့်သန္တာန်မှာ ကုသိုလ်မြစ်ကြီးတွေ ထာဝရစီးနေဖို့ရာအတွက် ဘာတွေလုပ်ရမလဲ...★ ဗုဒ္ဓေ အဝေစ္စ ပသာဒေန သမန္နာဂတော - ဘုရားအပေါ်မှာ နှစ်နှစ်ကားကား အသိဉာဏ်နဲ့ သဒ္ဓါနဲ့ကြည်ညိုတယ်။
★ ဓမ္မေ အဝေစ္စ ပသာဒေန သမန္နာဂတော - ဓမ္မအပေါ်မှာ နှစ်နှစ်ကားကား အသိပညာနဲ့ ကြည်ညိုတယ်။
★ သံဃေ အဝေစ္စ ပသာဒေန သမန္နာဂတော - အရိယာသံဃာတွေအပေါ်မှာ နှစ်နှစ်ကားကား အသိပညာနဲ့ ကြည်ညိုလေစားတယ်။
★ အရိယာ ကန္တ သီလ ဆိုတဲ့ - ငါးပါးသီလ မြတ်မြတ်နိုးနိုး ကျင့်သုံးစောင့်တည်တယ်။
★ စာဂလို့ခေါ်တဲ့ - မဇ္စရိယတရားကို ဖယ်ရှားပြီးတော့ စွန့်လွတ်ဖြင်း၊ ဖြန့်ဝေခြင်း၊ ရှယ်ယာလုပ်ခြင်း ပေးကမ်း လှူဒါန်းခြင်း ဆိုတာတွေနဲ့ပြည့်စုံတယ်။
★ နောက်ဆုံးမှာ ၀ိပဿနာပညာ၊ မဂ်ပညာ၊ ဖိုလ်ပညာ ဆိုတဲ့ ပညာတရားတွေ ဆိုက်ထိပြီးတော့ ကျင့်ကြံကျိုးကုတ်အားထုတ်တာ အဲသည်ပညာတွေရသည့် ထိအောင် ကျင့်ကြံကျိုးကုတ် အားထုတ်သွားခြင်းဖြင့် ကိုယ့်သန္တာန်မှာ အတိုင်းအဆမရှိအောင် ကြီးမားလှတဲ့ ကုသိုလ်တရားတွေဖြစ်ပွားနိုင်တယ်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 “ကုသိုလ်မြစ်ကြီးတွေစီးနေပါစေ” တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
Credit --- Shwe Thu