ဓမ္မ အမေး၊အဖြေ
မေး။ ။ အဘယ်သို့ ဘုရားဝတ်ပြု ပူဇော်ခြင်းသည် မွန်မြတ်သော ကုသိုလ်ဖြစ်ပါသနည်း။ဖြေ ★ မြတ်စွာဘုရားဂုဏ်ကို အာရုံပြုပြီးတော့ တကယ့်လောကမှာ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ဆိုတဲ့ အနေနဲ့ ရှိခိုးဝတ်ပြု ခြင်းကသာလျှင် အကောင်းဆုံးဖြစ်တယ်ပေ့ါ။ မြတ်စွာဘုရားရဲ့ဂုဏ်ကို ပူဇော်တဲ့အနေနဲ့ လုပ်ခြင်းသည် အခြားရည်ရွယ်ချက်တွေ မပါဘဲ ပူဇော်ထိုက်လို့ ပူဇော်တယ်ဆိုတဲ့ အနေနဲ့လုပ်ခြင်းသည် အကောင်းဆုံးလို့ ပြောရမှာဖြစ်တယ်။ အခြားရည်ရွယ်ချက်တွေ နဲ့ လုပ်လျှင် ရည်ရွယ်ချက်ကြောင့် ညံ့သွားတတ်တယ်ပေါ့။
မေး။ ။ နိဗ္ဗာန်ကို ရောက်ဖို့ အားထုတ်နေတဲ့ ပုဂ္ဂိုလ်တယောက်ဟာ ကုသိုလ်ကံ အကုသိုလ်ကံ တဏှာပြတ်မှ ရောက်နိုင်မယ်ဆိုရင် နိဗ္ဗာန်ရောက်ချင်တဲ့ ဆန္ဒကလည်း လိုချင်တပ်မက်တဲ့ တဏှာလို့ ခေါ်ပါသလား။
ဖြေ ★ ဆန္ဒ နဲ့ တဏှာ ကတခြားစီပဲ။ ဆန္ဒဆိုတာ .. စားခြင်တာနဲ့ သူများကိုပေးခြင်တာ ဒီခြင်နှစ်ခုဟာ တူမတူကြည့်ပေါ့။ လှူချင်တယ်ဆိုတာရယ် ကိုယ်သုံးခြင်တယ် ဆိုတာရယ် တူမတူ စဉ်းစားကြည့်ပေါ့။
★ ကိုယ်သုံးခြင်တယ်ဆိုတာကြ တဏှာဘက် ရောက်သွားပြီ၊ ပေးခြင်တယ်ဆိုတာကြ ဆန္ဒဘက်၊ အဲတော့ နိဗ္ဗာန်ကို လိုခြင်တယ် ဆိုတာ ခန္ဓာငါးပါးကို စွန့်လွတ်ခြင်တဲ့ အဓိပ္ပါယ်ပဲ။
★ နိဗ္ဗာန်မှာ ခန္ဓာမရှိတော့ ခန္ဓာကို စွန့်လွတ်ခြင်တယ်ဆိုတာ ဆန္ဒသာဖြစ်တယ်။ တဏှာမဖြစ်ဘူး။ သို့သော် "နိဗ်ဗာနံ ပရမံ သုခံ” နိဗ္ဗာန်ဆိုတာ သိပ်ချမ်းသာတာပဲ မအိုရဘူး မနာရဘူး မသေရဘူး ဆိုရင် ပုထုစဉ်အတွေးတွေးပြီး နိဗ္ဗာန်ကို နိဗ္ဗာန်အစစ်မဟုတ်တဲ့ မအိုဘူး မနာဘူး မသေရဘူး ဆိုတာ တွေးပြီးတော့ လိုချင်စိတ်ဖြစ်ရင်တော့ တဏှာပါကောင်းပါမယ်ပေါ့။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏
Credit --- Shwe Thu