မေတ္တာခေါင်းပါးသူဟု ဆိုထိုက်-မဆိုထိုက်
ခြင်တစ်ကောင်က မိမိကိုလာကိုက်ရာ၌ ထိုခြင်ကိုမရိုက်သတ်ဘဲ လွှတ်ပေးလိုက်ရုံမျှဖြင့် မေတ္တာတရား အစစ်ဟု ခေါ်နိုင်မည်-မခေါ်နိုင်မည်၊ သူအလိုရှိသော သွေးကို ပေးမသောက်စေပဲ မောင်းထုတ်လိုက်သဖြင့် သူ့အစာ အာဟာရကို ဖြတ်တောက်ရာ ရောက်သဖြင့် မေတ္တာတရား ခေါင်းပါးသူ စာရင်းသို့ သွင်းသင့်သည်-မသွင်းသင့်သည် ဟူသော မေးခွန်းများကို ဖြေကြားရန်အတွက် ခြင်ဥပမာမျှဖြင့်လုံလောက်နိုင်မည် မဟုတ်ပါ။အကယ်၍များ ခြင်အစား ကျားတစ်ကောင်ကောင်ကသာ မိမိထံချည်းကပ်လာမည်ဆိုလျှင် မည်သို့ပြုရမည်နည်း။ မေတ္တာရှင်ကြီးအဖြစ် ထိုကျား၏အလိုဆန္ဒအတိုင်းပင် အစားခံလိုက်ရတော့မည်လော ? စဉ်းစားကြရပေလိမ့်မည်..။ စင်စစ် မေတ္တာထားနိုင်ခြင်းနှင့် ကူညီကယ်ဆယ်ခြင်းတို့သည် အတိုင်းအတာတစ်ခုအထိ ဆက်စပ်မှုရှိသော်လည်း အခါခပ်သိမ်း ဆက်စပ်နေသည်တော့ မဟုတ်ပေ။
သူတစ်ပါးတို့၏ အလိုဆန္ဒကို ပြည့်ဝအောင် ကူညီဖြည့်ဆည်းပေးနိုင်မှသာ မေတ္တာစစ်ဟု သတ်မှတ်နိုင်မည်ဟုဆိုလျှင်လည်း အလိုပြိုင်နေသူ သတ္တဝါတို့၏ သဘောဆန္ဒကို တစ်ထပ်တည်းကျစေရန် (ထပ်တူညီစေရန်) ပထမဆုံး ကြိုးစားကြရမည်သာ ဖြစ်လေသည်။ သို့ရာတွင် မိမိထံမှ တစ်စုံတစ်ခုကို အလိုရှိ၍ အလိုပြိုင်ဆိုင်နေကြသူ သတ္တဝါတိုင်း၏ အလိုဆန္ဒအသီးသီးတို့ကို ထပ်တူညီစေရန် စွမ်းဆောင်နိုင်သူဟူ၍ကား ရှေးကလည်းမရှိခဲ့၊ ယခုလည်းရှိမည်မထင်၊ နောင်လည်းရှိလိမ့်မည် မဟုတ်ပေ။ ဥပမာအားဖြင့် ဘုရားလောင်းဝေဿန္တရာ ဇာတ်တော်ကို ကိုးကားကြည့်ကြပါမည်။ မင်းကြီးသည် မိုးခေါင်၍ ဒုက္ခရောက်နေကြရှာသော ကလိင်္ဂတိုင်းသား တို့အား နာဂပစ္စယာဆင်ဖြူတော်ကို လှူလိုက်၏။
သို့ရာတွင် သူ့တိုင်းသူပြည်သားတို့၏ အမြင်တွင် မင်းကြီးဝေဿန္တရာသည် ကိုယ့်တိုင်းသူပြည်သား တို့အပေါ် မေတ္တာတရားခေါင်းပါးသူအဖြစ် ရှုမြင်ခံခဲ့ရ၏။ ထို၏အကျိုးဆက်အဖြစ် လူသူအရောက်အပေါက် နည်းလှစွာသော ဝင်္ကဘာတောင်သို့ ပြည်နှင်ဒဏ်အပေးခံခဲ့ရ၏။ မင်းကြီးဝေဿန္တရာသည် သူ့တိုင်းသူပြည်သားတို့ ရှုမြင်ခဲ့ကြသကဲ့သို့ မေတ္တာတရား ခေါင်းပါးသူ ဖြစ်ခဲ့ပါသလော။ ဆိုလိုသည်မှာ သတ္တဝါတိုင်း၏ အလိုဆန္ဒအသီးသီးတို့သည် ဘယ်သောအခါမှ ထပ်တူညီနိုင်ကြမည်မဟုတ်ကား မဟုတ်ချေ။ သို့ဆိုလျှင် မေတ္တာစစ်စစ် ရှိသူဖြစ်ရန် မည်သူ၏အလိုကို မည်သို့ဖြည့်ဆည်းပေးကြမည်နည်း။
မာဂဏ္ဍီမိသားစုနှင့် ဘုရားရှင် ဒုတိယဥပမာအားဖြင့် မာဂဏ္ဍီမိသားစုတို့အား တရားဟောတော်မူခဲ့ရမှုကို ဆက်လက် လေ့လာကြည့်ကြ ပါမည်။ ကုရုတိုင်းတွင် မာဂဏ္ဍီဟု အမည်တွင်သော မိသားတစ်စုရှိသည်။ အဖမာဂဏ္ဍီက သူ့သ္မီးကို သားမယားအဖြစ် လက်ခံရန် မြတ်စွာဘုရားအား ပေးအပ်သည်။ မြတ်စွာဘုရားက “ပုဏ္ဏား-မာရ်နတ်မင်း၏ သမီးသုံးယောက်ကိုမျှ ငါဘုရားအလိုမရှိခဲ့။ ကျင်ကြီး ကျင်ငယ် ပြည့်နေတဲ့ မာဂဏ္ဍီသူငယ်မကို ဘယ်မှာ အလိုရှိပါ့မလဲ။ သင့်သမီး မာဂဏ္ဍီကို ခြေဖြင့်ပင် မထိလိုပါ” ဟု မိန့်ဆို ငြင်းပယ်လိုက်သည်။ တရားဟောပြသည်။ တရားအဆုံး၌ ပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမတို့သည် တရားထူးရသွားကြသည်။ အမိမာဂဏ္ဍီ၊ အဖမာဂဏ္ဍီ တို့သည် ဤစကားနှင့် ဤတရားကို ကြားနာရပါမှ တရားထူးရနိုင်မည့် သူများ ဖြစ်ကြသည်။ တစ်ဖက်ကကြည့်လျှင် ဤတရားကိုဟောလိုက်ပါက သမီးဖြစ်သူမာဂဏ္ဍီ၏ သူ့အလှကို ချိုးချိုးဖဲ့ဖဲ့ ပြောရက်လေခြင်းဟူသော အမြင်ဖြင့် ရန်ငြိုးဖွဲ့ခံရမည့်အဖြစ်၊ ထိုသို့ရန်ငြိုးမဖွဲ့ထိုက် မဖွဲ့အပ်သော ဘုရားရှင်ကို ရန်ငြိုးဖွဲ့တိုက်ခိုက်သဖြင့် ပစ္စုပ္ပန် သံသရာကြီးစွာသော ဆိုးကျိုးတို့ကို ခံရမည့်အဖြစ်တို့ကိုလည်း ဘုရားရှင် မြင်တော်မူသည်။ မည်သို့ရှိစေ ဘုရားရှင်သည် ထိုတရားကိုဟောတော် မူခဲ့သည်သာဖြစ်လေသည်။ ထိုသို့ဟောခဲ့ ခြင်းကြောင့် အမိမာဂဏ္ဍီနှင့် အဖမာဂဏ္ဍီတို့ သစ္စတရားကို သိမြင်ခွင့်ရခဲ့ကြသကဲ့သို့ သမီးဖြစ်သူမာဂဏ္ဍီသည်လည်း ဘုရားရှင်ကို ရန်ငြိုးထားတိုက်ခိုက်ခဲ့မှုကြောင့် ပစ္စုပ္ပန်သံသရာ ကြီးစွာသော ဆိုးကျိုးကို ရင်ဆိုင်ခဲ့ရလေသည်။ သမီးမာဂဏ္ဍီ ဘက်မှကြည့်၍ ဘုရားရှင်ကို မေတ္တာတရား ခေါင်းပါးသူအဖြစ် စွပ်စွဲရမည်လော။ စင်စစ် ဘုရားရှင်တို့မည်သည် သိနိုင်မြင်နိုင်သောဉာဏ်ရှိ၍ ကျွတ်ထိုက်သသူနှင့် သိနိုင်မြင်နိုင်သော ဉာဏ်မရှိ၍ မကျွတ်ထိုက်သူတို့ယှဉ်လာလျှင် (မကျွတ်ထိုက် သေးသူများကို မသနား၍ကားမဟုတ်) ကျွတ်ထိုက်သသူများကိုသာ အလေးဂရုပြုတော်မူကြရိုးသာ ဖြစ်လေသည်။
အကြောင်းကား၊ သံသရာ၌ ကျင်လည်ကြရဦးမည့်သူများအတွက် သံသရာဝဋ်ဆင်းရဲဆိုသည်မှာ အဆန်းမဟုတ်၊ ထိုဝဋ်ဆင်းရဲမှ လွတ်မြောက်ရေးသည်သာ အဆန်း ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် သံသရာ၌လည်ရဦးမည့် သမီးမာဂဏ္ဍီ အပေါ် မေတ္တာတရား ကင်းမဲ့သည် မဟုတ်သော်ငြားလည်း ကျွတ်တမ်းဝင်မည့် အမိမာဂဏ္ဍီနှင့် အဖမာဂဏ္ဍီ တို့ကို ပိုမိုအလေးဂရုပြုတော်မူ၍သာ ထိုတရားတော်ကို ဟောတော်မူခဲ့ရခြင်း ဖြစ်လေသည်။
ကမ္မဝါစာဖြင့် နှင်ထုတ်ခြင်းကြောင့် ထိ့ုပြင်တစ်ကြောင်းမှာလည်း မေတ္တာတရားနှင့်ပတ်သက်၍ ပရိတ်ရွတ်ခြင်းအမှု၊ ကမ္မဝါရွတ်ခြင်း အမှုတို့အထိ ဖြန့်ကျက် စဉ်းစားသင့်ကြသည်။ ဆွေးနွေးပါဦးမည်။ ဗုဒ္ဓဘာသာဝင် ဒကာ/မတို့သည် မိမိတို့နေရာအိမ်၌ စိတ်မသိုးမသန့် တွေ့လာသော အခါမျိုးတွင် ရဟန်းသံဃာတော်များကို ပင့်ဖိတ်၍ ပရိတ်- ကမ္မဝါစာ ရွတ်ဖတ်စေခြင်းတို့ကို ပြုစေတတ်ကြ, နာယူတတ်ကြသည်။ ရဟန်းသံဃာတော်များကလည်း ထိုအမှုတို့ကို ပြုပေးတတ်ကြလေသည်။ စင်စစ် ကမ္မဝါစာရွတ်ဖတ်ခြင်းဟူသည် လူကို မူးအောင် ဝေအောင် စိတ်နှလုံးထိတ်လန့် တုန်လှုပ်အောင် ပြုတတ်သော အစိမ်းသရဲ ပြိတ္တာများကို ထိုနေရာမှ နှင်ထုတ်ခြင်း အမှုကို ပြုကြခြင်းပင်ဖြစ် ပါသည်။
သို့ကြောင့် ကမ္မဝါရွတ်ဖတ်ခြင်း အမှုကို ပြုကြသောရဟန်း သံဃာတော်များသည် ထိုသတ္တဝါ တို့အပေါ်၌ မေတ္တာတရား ကင်းမဲ့သည်ဟု စွပ်စွဲခံရရာသောအခွင့် ဆိုက်ရောက်လျက်ရှိလေသည်။ ဤနေရာ၌ စာရေးသူ၏ သဘောထား အမြင်များကို ဆွေးနွေးတင်ပြလိုပါသည်။
နခသီခ သုတ္တန်ဒေသနာတော်အလိုအရ လောက၌ မကောင်းမှုပြုလိုသူမရှားသကဲ့သို့ မကောင်းမှုကိုပြုသည့် အတွက် အပါယ်သို့သွားကြရသည့် သတ္တဝါများလည်းမရှားပါးလှပေ။ သို့ရာတွင် ဆန့်ကျင်ဘက် အနေအားဖြင့်မူ ကောင်းမှုပြုလိုသူ ရှားလှသကဲ့သို့ သုဂတိဘုံသို့ သွားကြရသည့် သတ္တဝါတို့ကား ရှားပါး လှလေသည်။ အစိမ်းသရဲ စသည်တို့ကား မူလကပင် ကြမ်းကြုတ်တတ်ကြသူများဖြစ်သကဲ့သို့ သူတို့၏ ကမ္မဇိဒ္ဓိတန်ခိုးကလေးဖြင့် တစ်ဖက်သားအပေါ် ညှင်းဆဲနှိပ်စက်တတ်ကြသူများပင် ဖြစ်လေသည်။ ထိုသူတို့နှိပ်စက်သဖြင့် ကောင်းမှုပြုရန်အရေး၌ အနှောင့်အယှက်ဖြစ်ကြရသော သူများလည်း ရှိတတ်ကြသည်သာဖြစ်လေသည်။ ထို့ကြောင့် ဆရာမြတ်တို့ အလိုအားဖြင့် ပထမတွင် ထိုသူမျိုးတို့ ရှိသည်ဟု တတ်အပ်မြင်ခြင်း၊ တစ်ဆင့်ကြားသိရခြင်း (သို့မဟုတ်) ယုံမှားသံသယ ရှိခြင်းများ ရှိပါက မေတ္တာသုတ်ပရိတ်တော်၊ ရတနသုတ် ပရိတ်တော်၊ ဓဇဂ္ဂသုတ်ပရိတ်တော်၊ အာဋာနာဋိယသုတ် ပရိတ်တော်များကို ဦးစွာရွတ်ဖတ် ကြရလေသည်။ ထိုပရိတ်တော်များကို ရွတ်ဖတ်ခြင်းဖြင့် ထိုသူတို့ စိတ်နှလုံးနူးညံ့သိမ်မွေ့သွားသော်ကောင်း၏။ မရခဲ့သော် ပဗ္ဗာဇနိယ ကမ္မဝါစာစသည်ကို ရွတ်ဖတ်၍ နှင်ထုတ်ခြင်းအမှုကို မလွဲမရှောင်သာ ပြုကြရလေသည်။ ထိုသို့ပြုရာ၌လည်း လက်လွတ်စပယ် ပြုကြရသည်ကားမဟုတ်သေး၊ ဆိုင်ရာဆိုင်ရာ အစိုးပိုင်သူတို့ထံ သင့်လျော်ရာ နေရာကို တောင်းခံနေထိုင်နိုင်ကြစေဖို့ အမိန့်တော်ပြန်ကြရပေသေးလေသည်။ တကယ်စင်စစ်တွင် ဤအရာမျိုး၌လည်း အပေါ်၌ဆိုခဲ့ပြီးသော မာဂဏ္ဍီမိသားစု ဥပမာကဲ့သို့ပင် မှတ်ယူသင့်ကြပေသည်။
မကောင်းမှုပြုမည့်သူများနှင့် ကောင်းမှုပြုမည့်သူများ ယှဉ်လာလျှင် ကောင်းမှုပြုကြမည့် သူများကို စွမ်းနိုင်ရာက ကူညီစောင့်ရှောက်ပေးကြခြင်းသည် သူတော်ကောင်းတို့၏ ဝတ္တရားတစ်ရပ်ပင်ဖြစ်သင့်လေသည်။ အသက်ကို ကာကွယ်ကြရမည် မိမိတို့၏ အသက်သွေးတို့ကို ကာကွယ်စောင့်ရှောက်ကြရန်မှာ သတ္တဝါတိုင်း၏ တာဝန်ပင်ဖြစ်လေသည်။ ထိုသို့မကာကွယ်နိုင်ခဲ့သည့်အတွက် ကမ္ဘာမြေပေါ်မှ ကွယ်ပျောက်ခဲ့ရသော သတ္တဝါမျိုးစိတ်များထဲတွင် လူသားမျိုးနွယ်တို့ မပါဝင်သင့်ကောင်းချေ။
နိုင်ရာစားလောကကြီးတွင် ကိုယ့်အသက်သွေးကို တည်ခင်းပေးနိုင်သည်လောက်သည်အထိ စွမ်းရည်ကြီးမားလျှင် ထိုမေတ္တာမျိုးကို မေတ္တာစစ်ဟု မခေါ်ဆိုနိုင်စရာ အကြောင်းမရှိတော့။ သို့ရာတွင် ထိုမျှလောက်အထိ မစွမ်းနိုင်သေးစေကာမူ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်သည်မှတစ်ပါး မိမိကိုလာရောက် တိုက်ခိုက်သူတို့၏ အသက်အန္တရာယ်ကို ခွင့်လွှတ်ပေးနိုင်စွမ်းလောက်သော စွမ်းအားမျိုးကိုလည်း မေတ္တာစစ်ဟုပင် ခေါ်ဆိုနိုင်ကြမည် ဖြစ်လေသည်။ တစ်ကြောင်းမှာလည်း ကိုယ့်သွေးသားကို ပေးနိုင်ခြင်းသည် ဒါနအရာသာဖြစ်၍ တဖက်သားအပေါ် ချမ်းသာစေလိုခြင်းသည် မေတ္တာအရာဖြစ်လေသည်။
ဒါနအရာနှင့် မေတ္တာအရာတို့သည် တစ်ခုကိုတစ်ခု အမှီပြုနေကြသည် မှန်သော်လည်း သူ့သဘောလက္ခဏာနှင့်သူ တစ်သီးတစ်ခြားစီ ရှိကြသော တရားတို့ ဖြစ်ကြသည်ကို သတိပြုကြရပေမည်။ ရံခါ အလှူခံပုဂ္ဂိုလ်အပေါ် မေတ္တာမထားနိုင်သော်လည်း ဒါနမှုပြုကြသောအရာမျိုးရှိသကဲ့သို့ အတိုင်းအတာအရ ဒါနမှုပင်မပြုနိုင်စေကာမူ မေတ္တာထားနိုင်ကြသော အရာမျိုးလည်းများစွာပင်ရှိလေသည်။ စင်စစ်တွင် မေတ္တာဟူသည် ဘာဝနာစာရင်းဝင် တရားမျိုးသာဖြစ်၍ ဒါန စသောအခြားအကူအညီပင် မရှိစေကာမူ မေတ္တာပွါးပို့မည့် အာရုံအပြုခံ သက်ရှိသတ္တဝါ တစ်စုံတစ်ယောက်ကို အာရုံပြု၍ ထိုသတ္တဝါ ဘေးရန်ကင်းပါစေ၊ ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ စသည်ဖြင့် မိမိ၏စိတ်၌ ပွါးပို့နေရုံမျှဖြင့်ပင် မေတ္တာလုပ်ငန်းအောင်မြင်ပြီ ဟု ခေါ်ဆိုသတ်မှတ်နိုင်လေသည်။
လူ့ကပ်ပါးများရန်မှ ကာကွယ်ခြင်းကြောင့် ယနေ့မြန်မာနိုင်ငံတော်သည် လူ့ကပ်ပါးများ၏ အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည် ။ ခြင်ထူထပ်ပေါများ၍ ငှက်ဖျားဖြစ်ပွါးမှုနှုန်းမြင့်မားသော အရပ်ကို ငှက်ဖျားဇုံဟု သတ်မှတ်သကဲ့သို့ သတ်မှတ်ရည်ညွှန်းရလျှင် မြန်မာနိုင်ငံသည်လည်း လူ့ကပ်ပါးများ အထူးသောင်းကျန်းရာ လူ့ကပ်ပါး အန္တရာယ်ဇုံကြီးတစ်ခုအနေသို့ ဆိုက်ရောက်လျက်ရှိလေသည်။ ခြင်သည် လူ၏ အသွေးအသားကို စုပ်မြို၍ ငှက်ဖျားရောဂါကိုပြန့်နှံ့စေနိုင်သကဲ့သို့၊ လူ့ကပ်ပါးများသည်လည်း မြန်မာတိုင်းရင်းသားများ၏ သားပျို သမီးပျို အသွေးအသားများကို စုပ်မြို၍ မိစ္ဆာဝါဒရောဂါဆိုးကို ပြန့်နှံ့စေနိုင်စွမ်းရှိလေသည်။ ဦးနှောက်ထဲကို ငှက်ဖျားရောဂါပိုး ဝင်ရောက်ခြင်း ခံရလျှင် ကယောင်ကတမ်း ရူးနှမ်းကာသေကြရသကဲ့သို့၊ လူ့ကပ်ပါးတို့၏ မိစ္ဆာဝါဒဆိုးများ ဖိစီးလွှမ်းမိုးခြင်း ခံရသူများသည်လည်း အယူကောင်းဖောက်ပြန်၍ ကမ္ဘာ့ငြိမ်းချမ်းမှုကို ရန်ပြုမည့် အရူးအနှမ်းများအဖြစ်ကို ရောက်ရှိပျက်ပြားကြရသည်သာ ဖြစ်လေသည်။ ခြင်အန္တရာယ်ကို ခြင်ထောင်၊ ခြင်ဇကာ၊ ခြင်ဆေးခွေများဖြင့် ကာကွယ်ကြရသကဲ့သို့၊ လူ့ကပ်ပါးများ အန္တရာယ်ကိုလည်း အသိပညာ၊ ဥပဒေ၊ စသည်တို့ဖြင့် ကာကွယ်ကြရပေသည်။
မိမိသွေးသားကို စုပ်မြိုရန်လာသောခြင်ကို မရိုက်သတ်ပဲ မောင်းထုတ်ရုံမျှဖြင့် ပါဏာတိပါတကံကို ကျူးလွန်ရာရောက်သည် မဟုတ်။ သူ့အာဟာရကို ဖြတ်တောက်ရာရောက်သဖြင့် အကုသိုလ်အမှုကို ကျူးလွန်ခြင်းဖြစ်သည်ဟုလည်း မယူဆထိုက်။ စင်စစ် ရဟန်းတော်များအတွက် သင်္ကန်းကိုခွင့်ပြုတော်မူခဲ့ရင်း ရည်ရွယ်ချက်များစွာထဲတွင် ကိုယ်အင်္ဂါကိုလုံခြုံစေရန်အပြင်၊ ခြင်, မှက် စသော အန္တရာယ်မှ ကာကွယ်ရန်ဟူသော အချက်လည်း ပါဝင်နေသည်ကို မြင်မိအောင် ကြည့်ကြရမည်သာ။
ဤမျှဆိုလျှင် လူ့ကပ်ပါးများနှင့် အရောင်းအဝယ် အဆက်အဆံမပြုခြင်းကြောင့် အကုသိုလ်လုံးဝ မဖြစ်နိုင်ကြောင်း မှတ်ယူနိုင်ကြလောက်ပေပြီ။ ခြင်ဆေးကို သုံးသူတိုင်း ခြင်ကိုသေစေလို၍ သုံးသည်ကားမဟုတ်၊ မိမိနေရာအခန်းမှ ထွက်ပြေးရုံမျှ သုံးသူများအဖို့ ပါဏာတိပါတကံအပြစ်သို့ မည်သို့မျှမရောက်နိုင်လေ။ ထိုနည်းတူစွာ လူ့ကပ်ပါးများအန္တရယ်မှ ကာကွယ်ရန်အတွက် ပြဋ္ဌာန်းသင့်သည့် ဥပဒေများပြဋ္ဌာန်းခြင်း၊ အရောင်းအဝယ် အဆက်အဆံ ဖြတ်တောက်ခြင်းများကို ပြုရုံမျှဖြင့်လည်း ပါဏာတိပါတကံသို့ မည်သို့မျှ မရောက်နိုင်လေ။ စင်စစ် ဤသို့ကာကွယ်ခြင်းသည် ထိုခြင်ကောင်၊ လူ့ကပ်ပါးကောင်များအပေါ် မေတ္တာခေါင်းပါး၍မဟုတ်၊ ကုသိုလ်အမှု၌ မွေ့လျော်ကာ ကုသိုလ်အမှုကို ပြုမည့်သူများကို အကာအကွယ်ပေးရန် အတွက် မျှသာ ဖြစ်လေသည်။
မှန်၏၊ တရားဓမ္မကိုလေးစားသော ရိပ်သာကြီး များတွင် ခြင်ဇကာများ ၊ ခြင်ထောင်များ၊ ခြင်ဆေးခွေများကို တွေ့ရခြင်းသည် ခြင်ကောင်များအပေါ် မေတ္တာခေါင်းပါး၍ မဟုတ်၊ တရားအလုပ်ကို အားထုတ်နေကြသည့် ယောဂီများကို ကာကွယ်ပေးရန်မျှသာဖြစ်လေသည်။ ထိုသို့ပြုမူခြင်းကြောင့်လည်း မေတ္တာခေါင်းပါးသူဟု မဆိုထိုက်လေ။ ကုသိုလ်အမှု၌မမွေ့လျော်၊ အကုသိုလ်အမှု၌သာ မွေ့လျော်သော လူ့ကပ်ပါးကောင်များ၏ အန္တရာယ်ကို ကာကွယ်ခြင်းသည်လည်း ထိုသူများအပေါ် မေတ္တာခေါင်းပါး၍မဟုတ်၊ တန်ဖိုးကြီးလှသည့် လူ့ဘဝတွင် တစ်ရက်တစ်မနက်ပင် နေရနေရ၊ အေးအေးချမ်းချမ်း ကုသိုလ်ပြုခွင့်ရချင်သည့် အဖိုးတန်လူ့လောကကို ကာကွယ်ပေးရန်မျှသာ ဖြစ်လေသည်။ နိဂုံးချုပ်ဆိုရပါလျှင် မကောင်းမှုပြုမည့် သူများနှင့် ကောင်းမှုပြုမည့် သူများ ယှဉ်လာလျှင် ကောင်းမှုပြုကြမည့်သူများကို စွမ်းနိုင်ရာက ကူညီစောင့်ရှောက်ပေးကြခြင်းသည် သူတော်ကောင်းတို့၏ ဝတ္တရားတစ်ရပ်ပင်ဖြစ်သင့်လေသည်။ “သူတော်ကောင်းဓာတ်၊ တရားမြတ်၊ လွှမ်းပတ်ကမ္ဘာ တည်ပါစေ..”
မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)