ဗုဒ္ဓါနုဿတိဘာဝနာ
★ အရဟံ အရဟံ အရဟံ ချောက် ချက် ချောက် ချက် လုပ်နေရုံနဲ့ မရဘူးနော် ဘုရားဂုဏ်တော် မထိရောက်ဘူး။ ချောက် ချက် ဆိုတာ ပုတီးကျတာကိုပြောတာ။ ပုတီးလုံးလေးချပြီး ဂုဏ်တော် ဘယ်လောက်ရွတ်တယ်ဆိုတဲ့ အရွတ်၊ အရွတ်ဆိုတာ အားလုံးအမဲသားစားဖူးမှာပဲ ၀ါးလို့မှမရတာ။ သိပ် ၀မှမဟုတ်ဘူးနော်။ မရွတ်ရဘူးတော့ မဟုတ်ဘူး။★ အရေးကြီးတာက မြတ်စွာဘုရား၏ ဂုဏ်တော်ကိုသိဖို့ ကြိုးစားရမယ်။ အရည်အချင်းကို သိမှ စိတ်ထဲမှာ နှစ်နှစ်ကားကား ဖြစ်လာရတာ။ ရွတ်ရင်း ရွတ်ရင်း နုလုံးသွင်းရင်တော့ ကိစ္စမရှိဘူးပေါ့။ အရေအတွက် ဂဏန်းပေါ်မှာ စိတ်ရောက်နေရင် ဘုရားပေါ်မှာ စိတ်မရောက်ဘူး။ ကိုယ့်ကို ကိုယ် ဆင်ခြင်စဉ်းစားကြည့်ပေ့ါ။
★ စဉ်းစားရမှာက သောဘဂဝါ အရဟံ သောဘဝါ သမ္မာသမ္ဗုဒ္ဓေါ ပါဋ္ဌိလိုကျ ဒီလိုပြောရမယ်။ မြန်မာလိုပြောတဲ့အခါ ဒို့ကိုးကွယ်တဲ့ မြတ်စွာဘုရားဟာ ဒီအချက် ဒီအချက် တွေကြောင့် အရဟံ ဂုဏ်တော်နှင့်ပြည့်စုံပါပေတယ်။
★ ဗုဒ္ဓါနုဿတိဆိုတာ ဘုရားဂုဏ်ပေါ်မှာ အကြိမ်အကြိမ်အထပ်ထပ် အမှတ်ရခြင်း။ မြတ်စွာဘုရားဂုဏ်မှာ သင့်တင့်လျောက်ပတ်တဲ့ သတိရမှု။ ဗုဒါ္ဓနုဿတိ အားထုတ်ကြမယ်ဆိုရင် ပုတီးလည်းမလိုဘူး။ Counting လုပ်ဖို့လည်းမလိုဘူး။ အရေအတွက်ပေါ်မှာ စိတ်ရောက်နေရင် ဘုရားဂုဏ်တော်ပေါ်မှာ ရောက်မှာမဟုတ်ဘူး။ ကိုယ်ဘာသာတော့ အသိဆုံးပေါ့။
★ မြတ်စွာဘုရားဂုဏ်ကို စိတ်ထဲမှာ သဘောကျလာသည်ထိအောင် အကြိမ်ကြိမ်အထက်ထက် သတိမပြတ် သတိကပ်ပြီးတော့ စဉ်းစားဆင်ခြင်သုံးသပ်နေဖို့လိုတယ်။
★ ဒါကို ဗုဒ္ဓါနုဿတိဘာဝနာပွားတယ်လို့ ခေါ်တာ။ အဲဒီ စနစ်တကျပွားမယ်ဆိုရင် ဂုဏ်တော်ပွားနေမယ့်အချိန်မှာ ရာဂ လောဘ ဒေါသ မောဟတွေဖြစ်မှာ မဟုတ်ဘူး။ အင်မတန်မှ ကြည်နူးဖွယ်ရာတွေ ကျေနပ်ဖွယ်ရာတွေပဲ ဖြစ်လာမှာ ဖြစ်တယ်။
★ ဘုရားစေတီမြင်လိုက်တာနဲ့ စေတီထဲမှာထည့်သွင်းထားတဲ့ ဗုဒ္ဓါမြတ်စွာရဲ့ Relief လို့ခေါ်တဲ့ ဓာတ်တော်တွေကိုအာရုံပြီး မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ရုပ်ပုံတော်တွေ ဂုဏ်တော်တွေ စိတ်ထဲနုလုံးထဲမှာရပြီးတော့ အာရုံပြုတာ။ မြတ်စွာဘုရားသတင်းသုံးရာ ကျောင်းဆောင်အနေနဲ့ စေတီကနေ ဆက်နွယ်ပြီး မြတ်စွာဘုရားကို အာရုံပြုနိုင်ရမယ်။ ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 “မြတ်ဗုဒ္ဓ၏ဂုဏ်တော်” တရားတော်များမှ ကောက်နှုတ်ချက်ဖြစ်ပါသည်။ Credit --- Shwe Thu