စိတ်ဆန္ဒဖြင့် ဘဝကိုပုံဖော်သူများ
★ မြတ်စွာဘုရားရဲ့ အဆုံးအမတွေဟာ သေချာစဉ်းစားကြည့်ရင် ဘာသာရေးလုပ်ငန်းတခုလို့တောင် ဆိုနိုင်စရာမရှိဘူး။.. ပညာရေးလုပ်ငန်းတခု..ဘဝပညာ။★ ဘဝမှာ နေနည်း ထိုင်နည်း ဆုံးမသြဝါဒပေးပြီးတော့ ဒီဘဝလဲကောင်း၊ နောင်ဘဝလဲကောင်း၊ ဘဝမှာကြီးပွားတိုးတက်ပြီးတော့ သောကနည်းနိုင်သမျှနည်း၊ အရှုပ်အထွေးတွေ နည်းနိုင်သမျှနည်း၊ စိတ်နုလုံးအေးချမ်းစွာဘဝခရီးကို ဖြတ်သန်းနိုင်တဲ့ ပညာမျိုးလို့ ဒီလိုတောင် ဆိုသင့်အရာမျိုးဖြစ်တယ်။
★ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို လိုက်ကြည့်မယ်ဆိုရင် လက်တွေ့ကျပြီးတော့ ဘဝမှာချမ်းသာဖို့အတွက် ဟောပြောထားတာတွေသာဖြစ်တယ်။ ကိုယ်တိုင်လက်တွေ့ကျင့်သုံးရမယ်။
★ မြတ်စွာဘုရား၏ အဆုံးအမတွေကို လိုက်နာကျင့်သုံးတဲ့ ပုဂ္ဂိုလ်တွေဟာလည်း စိတ်ဓာတ်ခွန်းအားတွေ တိုးတက်လာမှာဖြစ်တယ်ဆိုတာဟာ မြေကြီးလက်ခက်မလွှဲပါဘူး။
★ လူတွေရဲ့ စိတ်ဆန္ဒဟာ ဘဝကိုပုံဖော်ပေးနိုင်တယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဘဝတခုကိုရလာပြီဆိုရင် စိတ်ဓာတ်အရည်အချင်းက အလွန်အရေးကြီးတယ်ဆိုတာ အမြဲမပြတ် ဟောကြားတော်မူတာဖြစ်တယ်။
★ မြတ်စွာဘုရားရဲ့အဆုံးအမဆိုတာ ဘဝရှင်သန်ရေး၊ ဘဝအသိဉာဏ်ရရှိရေး၊ ဘဝမှာရဲရင့်ရေး၊ စိတ်နုလုံးအေးချမ်းစွာ ဘဝရဲ့ အရှုပ်တွေကို ဖြေရှင်းနုင်ရေး၊ ပူပင်သောကတွေလွတ်မြောက်ရေးဆိုတဲ့ ဘဝအရေးမျိုးတွေ ဖြစ်တယ်ပေ့ါ။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 “စိတ်ဆန္ဒဖြင့် ဘဝကိုပုံဖော်သူများ” တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
Credit --- Shwe Thu