Sunday, June 10, 2018

မြတ်သောဥစ္စာ - ‘သဒ္ဓါ’

 မြတ်သောဥစ္စာ - ‘သဒ္ဓါ’

 သဒ္ဓါတရားဆိုတာ လက်နဲ့တူတယ် 
★ သဒ္ဓါတရား ဖြစ်တဲ့အချိန်နဲ့ မဖြစ်တဲ့အချိန်ဟာ သိပ်ကို ကွာခြားလွန်းပါတယ်၊ အဲဒါကို ကြည့်ခြင်းဖြင့် ကိုယ့်မှာ သဒ္ဓါတရား ရှိသလား မရှိဘူးလား ဆိုတာကို သိနိုင်ပါတယ်၊ ဒီသဒ္ဓါဆိုတဲ့ ဥစ္စာဟာ အင်မတန်မှ အရေးပါတယ်တဲ့။

★ ဘာဖြစ်လို့တုန်းဆိုတော့ ဘုန်းကြီးတို့ စာပေကျမ်းဂန်မှာ သဒ္ဓါကို လက်နဲ့တူတယ်လို့ ဆိုထားပါတယ်၊ ပေးစရာရှိလည်း လက်ပါရတယ်၊ ယူစရာရှိလည်း လက်ပါရတယ်၊ လက်မရှိရင် ယူလို့မရသလို ပေးလို့လညး် မရပါဘူး။
 ★ ရွှေငွေရတနာတွေကို တွေ့လို့ရှိရင်လညး် လက်မပါရင် မကောက်ယူနိုင်သလို သဒ္ဓါဆိုတဲ့ လက်ကလေးမှ မရှိရင် ဒါနလည်း မလုပ်ဖြစ်ဘူး။ သီလလည်း မဆောက်တည်ဖြစ်ဘူး၊ ဘာဝနာဆိုတဲ့ ကုသိုလ်ရတနာကိုလည်း ရအောင်မယူနိုင်ဘူးလို့ ဆိုလိုတာနော်။
 ★ သဒ္ဓါဆိုတဲ့ ဒီတရားဟာ လက်နဲ့ အလားတူတယ်။
 ★ သဒ္ဓါလက်ရှိတဲ့ ပုဂ္ဂိုလ်ဟာ လှူဖို့ တန်းဖို့ အဆင်သင့်ဖြစ်တယ်၊ ပေးကမ်းဖို့လည်း အဆင်သင့် ဖြစ်နေမယ်၊ သဒ္ဓါလက်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ တရားနာဖို့ တရားအားထုတ်ဖို့ အဆင်သင့်ဖြစ်တယ်၊
 ★ ကောင်းတာတွေလုပ်ဖို့ သဒ္ဓါလက်ရှိတဲ့ ပုဂ္ဂိုလ်ဟာ အားလုံးကို အဆင့်သင့်ဖြစ်တယ်။ သဒ္ဓါဟာ မျိုးစေ့နဲ့တူတယ်
 ★ နောက်တစ်ခုက သဒ္ဓါဟာ ဘာနဲ့တူသလဲဆိုရင် မျိုးစေ့နဲ့ အလားတူတယ်၊ ဘယ်လိုတူတာလဲဆိုတော့ မျိုးစေ့လေးဟာ အလုပ်(၂)ခုကိုလုပ်တယ်၊ ဆိုပါစို့ သရက်စေ့လေး တစ်စေ့ကို မြေကြီးထဲ ထည့်လိုက်မယ်ဆိုရင် သရက်စေ့လေးဟာ အောက်ကို အမြစ်ဆင်း သက်စေခြင်းဆိုတာ ဖြစ်စေသလို အပေါ်မှာ အညှောက်ထွက်ခြင်း ဆိုတာကိုလည်း လုပ်ဆောင်တယ်၊ အေး ဒါက မျိုးစေ့လေးက လုပ်ဆောင်ရတဲ့ အလုပ်နှစ်ခုဖြစ်တယ်။
 ★ သဒ္ဓါတရား ဆိုတာလည်း ထို့အတူပဲ၊ သဒ္ဓါတရားရှိလာတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်ကျင့်တရား ကောင်းလာတယ်၊ အေး ကိုယ်ကျင့်တရား ကောင်းလာပြီဆိုရင် ကိုယ်ကျင့်တရားတွင် မကဘူး၊ သမထ, ၀ိပဿနာ ကျင့်စဉ်တို့ကိုလည်း ကျင့်လာပြီ။
 ★ သီလဆိုတဲ့ အမြစ်ကလေး ဆင်းလာပြီး သမထ, ၀ိပဿနာဆိုတဲ့ အညွှန့်ကလေး တက်လာတာဟာ သဒ္ဓါတရားကြေ င့် ဖြစ်တာတဲ့၊ ဒါကြောင့် သဒ္ဓါဟာ မျိုးစေ့နဲ့တူတယ်လို့ စာပေကျမ်းဂန်မှာ ဆိုထားတယ်။
 ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 
“မြတ်သာဥစ္စာ စုဆောင်းပါ” တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
 Credit --- Shwe Thu