ကိလေသာ အပုပ်ရည်များ
ရုပ်ပရမတ်တို့ကို အနိစ္စ ဒုက္ခ အနတ္တ ဟု ရှုနိုင်ရုံသာမက အသုဘဟုလည်း ရှုနိုင်ပေသည်။ မည်သို့သော အသုဘနည်းဟု မေးရန်ရှိ၏။၁။ ဒုဂ္ဂန္ဓ = မကောင်းသော အနံ့ရှိခြင်း,
၂။ အသုစိ = မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ်သဘောရှိခြင်း,
၃။ ဗျာဓိ = နာမှုသဘောရှိခြင်း,
၄။ ဇရာ = အိုမှုသဘော = ဌီသဘောရှိခြင်း,
၅။ မရဏ = သေမှုသဘော = ပျက်မှုသဘော = ဘင်သဘောရှိခြင်း -
ဤသဘောတရားတို့ကား ရုပ်တရားတ၏ အသဘု အခြင်း အရာသဘောများပင် ဖြစြ်ကသည်။ ရုပ်ကလာပ် အသီးအသီး၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့သည် ယင်း ဒုဂ္ဂန္ဓ အသုစိ ဗျာဓိ ဇရာ မရဏဟူသော အကျိုးမဲ့ တရား (၅)မျိုး ကို ယူဆောင်လျက်ဖြစ်ပေါ်လာကြ၏။
ရုပ်တရားတို့၌ ရှိသော ယင်း သဘောတရားများကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဉာဏ်ဖြင့် အာရုံယူ၍ ယင်းပရမတ်တို့ကို အသုဘ-အသုဘ ဟူ၍လည်း ရှုနိုင်ပေသည်။ ဤသို့လျှင် ရုက်တတရား၌ သို့မဟုတ် ကာယာနုပဿနာပိုင်း၌ ပညတ်ကို အသုဘရှုနည်း ပရမတ်ကို အသုဘရှုနည်းဟု နှစ်မျိုးရှိသည်ကို မှတ်သားပါလေ။ နာမ်ခန္ဓာ (၄)ပါးတို့၌လည်း အနိစ္စပြစ်ချက်ကြီး, ဒုက္ခပြစ်ချက်ကြီး, ဖောက်ပြန်ပျက်စီးတတ်သော ၀ိပရိဏာမဓမ္မ ပြစ်ချက်ကြီးများ ရှိကြသည်သာ ဖြစ်၏။
ယင်း ပြစ်ချက်ကြီးတို့ကား နာမ်တရားတို့၏ နာမှု အိုမှု သေမှုများပင် ဖြစ်ကြ၏၊ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောတို့သာ ဖြစ်ကြ၏။ ယင်းသဘောကို အာရုံယူ နှလုံးသွင်း၍ နာမ်ခန္ဓာ (၄)ပါးတို့ကိုလည်း အသုဘ-အသုဘဟု ရှုပါ။ ကိလေသာသုစိပဂ္ဃရဏတာယ စ။ ပ ။ အသုဘာကာရာနုပဿီ။ (မ၊ဋီ၊၁၊၃၄၆။)
အကုသိုလ်ဇောနာမ်တရားစုတို့ကား မိမိအကုသိုလ်နာမ်တရားစုမှ မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် ကိလေသာအပုပ်ရည်များ တစီစီ စီးကျ ယိုစီး စိမ့်ထွက်နေသဖြင့် ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောတရားတို့သာ ဖြစ်ကြ၏။
ထို့ကြောင့် ယင်းအကုသိုလ်ဇောများ စောကြသည့် မကောင်းအုပ်စု နာမ်တရားတို့ကိုလည်း ကိလေသာ အပုပ်ရည်များ ယိုစီးစိမ့်ထွက်လာမှုကို အာရုံယူ၍ အသုဘ အသုဘဟု ရှုပါ။ ကုသိုလ်ဇောစိတ်နာမ်တရားတို့ကို အကြောင်းပြု၍ လောဘ-ဒေါသမောဟ-မာန်မာန-ဣဿာ-မစ္ဆရိယစသော ကိလေသာ အပုပ်ရည်များ စီးကျလာသည်ဖြစ်အံ့၊ ဤကဲ့သို့သော သမထဝိပဿနာ ဘာဝနာတို့အပေါ်၌ သာယာမှု နိကန္တိ ဖြစ်နေငြားအံ့၊ သို့မဟုတ် သမထဝိပဿနာကုသိုလ်တို့ အပေါ်၌ စိတ်တိုင်းမကျသဖြင့် ဒေါသဖြစ်နေအံ့။
ငါမို့ ဤသို့ရှုရတာ၊ သင်းတို့ ဘယ်ရှုလို့ရနိုင်မတုန်း စသည်ဖြင့် တစ်ဖက်သားအပေါ်၌ အသာယူလိုသည့် ထောင်လွှားမှု မာန်မာနတရားတွေ ဖြစ်လာငြားအံ့၊ ကိုယ့်ထက်သာ မနာလိုသည့် ဣဿာတရား၊ မိမိတရားကို အထိမခံနိုင်သည့် မစ္ဆရိယတရားတို့ ဖြစ်လာငြားအ့ံ။
ဤသမထဝိပဿနာ ဘာဝနာကုသိုလ် အဟုန်ကြောင့် လူတော်လူကောင်း၊ နတ်ကောင်းနတ်မြတ်၊ နတ်ထက်နတ်၊ ဗြဟ္မာထက်ဗြဟ္မာဖြစ်ရပါလို၏ဟူသော အဝိဇ္ဇာ တဏှာ ဥပါဒါန်တရားတို့ ထင်ရှားဖြစ်ပေါ်လာသည် ဖြစ်ငြားအ့ံ၊ ယင်းသို့ဖြစ်သော် ကုသိုလ်ဇောစိတ် နာမ်တရားစုမှ ကိလေသာအပုပ်ရည်များ ယိုစီးစိမ့်ထွက်လာခြင်းပင်ဖြစ်၏။
ယင်းသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကောင်းအုပ်စု နာမ်တရားများကိုလည်း အာယတနဒွါရအလိုက် အသုဘ-အသုဘဟု ရှုပါ။ (ကိလေသာသုစိပဂ္ဃရဏတာယ စ ။ ပ ။ အသုဘာကာရာနုပဿီ။ မ၊ဋီ၊၁၊၃၄၆။) အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး၊ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌ နည်းတူ ရှုပါ။ ဤသို့ ရှုနိုင်ခဲ့သော် အောက်ပါအဋ္ဌကထာကြီးများ၏ သတ်မှတ်ချက် ဘောင်အတွင်းသို့ ဝင်သွားပြီ ဖြစ်ပေသည်။ သတ္တဋ္ဌာနကုသလသုတ္တန် (သံ၊၂၊၅၁။)
"ဖားအောက်တောရဆရာတော်
" Bhikkhu's Dhamma https://www.facebook.com/Bhikkhu.BuddhaDhamma/ http://bhikkhudhamma.blogspot.com/