Tuesday, June 5, 2018

ကရုဏာအသိဆေး သောက်သုံးပါ

ကရုဏာအသိဆေး သောက်သုံးပါ

★ ကရုဏာ (compassion) တရားအကြောင်း အကျဉ်းချုံးပြောရရင် သတိတရား (mindfulness) နဲ့ ကရုဏာတရား ( compassion) ဒီနှစ်ခုကို ကိုင်ပြီးတော့ negative emotion ကို manage ကိုင်တွယ်တာပါ။


★ လူတော်တော်များများက ကရုဏာရဲ့ တန်ဖိုးကို မသိကြသေးပါဘူး၊ ကရုဏာကို အားနည်းချက်တစ်ခုအနေနဲ့ မြင်နေကြတယ်၊ အလုပ်မဖြစ်ဘူး၊ လက်တွေ့မကျဘူးလို့ မြင်ကြတယ်။ ကရုဏာရဲ့ ကောင်းကျိုးကို မမြင်လို့ ကရုဏာကို နေ့စဉ်ပြသာနာဖြေရှင်းရန် နည်းလမ်းတစ်ခုအနေနဲ့ လက်မခံကြသေးဘူး။

 ★ ကရုဏာကို ‘သနားကြင်နာမူ’ လို့ ပြောရင် တချို့လူက ‘ငါ့အပေါ် ရက်စက်တဲ့သူကို ငါ ဘာလို့ သနားရမှာတုန်း၊ ငါနဲ့မဆိုင်တဲ့သူကို ဘာလို့ သနားရမှာတုန်း’ ဒီလိုမေးခွန်းတွေ မေးတတ်တယ်၊ အခြားသူတွေရဲ့ ပြသာနာနဲ့ဆက်စပ်ပြီး မခံစားတတ် မတွေးတတ်ဘူး၊ သူတို့ပြသာနာ ကိုယ့်ဆီ ရောက်မလာအောင်ဆိုပြီး လျစ်လျူရှုတဲ့လမ်းကိုပဲ ရွေးတတ်ကြတယ်။

★ အဲဒီလို အထက်ပါမေးခွန်းမျိုးမေးတဲ့သူဟာ မိမိအကျိုးကိုလည်း မငဲ့ကွက်ဘူး၊ မိမိသူတစ်ပါးအကျိုး မငဲ့ကွက်လို့ဘဲ နာကြည်းမှုစိတ်ဒဏ်ရာတစ်ခုခုကို ရင်ထဲမှာ မွေးထားတာ။

★ စိတ်နာကြည်းမှုရှိသူဟာ စိတ်ဒဏ်ရာဒဏ်ချက်ဖြစ်စေတဲ့အကြောင်းကို အလိုအလျောက် စားမြုံ့ပြန် တွေးနေတတ်တယ်၊ တွေးတိုင်း တွေးတိုင်း ကိုယ့်ကိုယ်ကို ဒဏ်ရာရသူ(victim) အနေနဲ့ ပုံဖော် (perceive လုပ်) ပြီး အဲဒီပုံကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထား (cling) လုပ်နေတတ်တယ်။

★ Victimization ဒဏ်ရာရသူ + ဒဏ်ရာဖြစ်အောင် ပြုလုပ်သူ စိတ်သဘောထား (Attitude) မျိုးနဲ့ စိတ်ဒဏ်ရာကို ကြီးမားစေ ခိုင်မြဲစေတယ်၊ (Besiege mentality) ဝိုင်းပိတ်ဆို့ခံရတဲ့ စိတ်သဘောထားကို မွေးပြီး အသက်ရှင်နေတယ်၊ ဒီလိုနဲ့ စိတ်ဒဏ်ရာက ပိုပိုကြီးလာတတ်တယ်။

★ တချို့ကြတော့ မိသားစုတစ်ခုနဲ့ တစ်ခုကြား တချို့ကျတော့ အသင်း၊ အစည်းအရုံး၊ ကုမ္ပဏီ၊ ပါတီ၊ နိုင်ငံ တစ်ခုနဲ့တစ်ခုကြား စိတ်နာကြည်းမှု စိတ်ဒဏ်ရာတွေကို ကိုယ်ကျိုးအတွက် အသုံးပြုပြီး စိတ်ဒဏ်ရာတစ်ခု ရေရှည်တည်တံ့အောင်လည်း လုပ်ကြတယ်။

★ စိတ်ဒဏ်ရာတစ်ခုဟာ ရုပ်ခန္ဓာကိုယ်ပေါ်မှာ ရထားတဲ့ဒဏ်ရာလိုပဲ မကုသရင် ရောဂါပိုး (infection) ဝင်တတ်ပါတယ်၊ အသက်အန္တရာယ်ပေးနိုင်တယ်၊ ခန္ဓာကိုယ်တွင်း ကာကွယ်မှုအင်အား (immunity) ကိုလည်း လျော့နည်းစေတယ်။

 ★ လွယ်လွယ်ပြောရရင် ဘာမဟုတ်တာလေးနဲ့ စိတ်ပျက် စိတ်ကောက် စိတ်တိုတယ်၊ စိတ်ဓာတ်ကျတတ်လာမယ်၊ လောကဓံဒဏ်ခံနိုင်စွမ်း မရှိတော့ဘူး၊ ကိုယ်ခံအားနည်းလို့ ရာသီ နည်းနည်းပြောင်းတိုင်း နှာစေး ချောင်းဆိုး အဖျားဝင်တာမျိုး ဖြစ်နိုင်တယ်။

★ ဘာကြောင့်ပဲ စိတ်နာကြည်းမှု ဖြစ်ခဲဖြစ်ခဲ့ အဲဒီစိတ်နာကြည်းမှုပျောက်အောင် သတိနဲ့ကရုဏာ ရောဖော်ထားတဲ့ ကရုဏာအသိဆေး သောက်သုံးပါ၊ နဂိုထက် စိတ်ဓာတ် ပိုမိုခိုင်မာပြီး အေးချမ်းလာပါလိမ့််မယ်။

★ ဆက်လက်ရှင်းပြရရင် အခြားရောဂါလိုပါပဲ နာကြည်းမှုက ကူးစက်တတ်ပါတယ်၊ နာကြည်းသူဟာ အဖော်ရှိအောင် အဖော်လိုက်ညှိလေ့ရှိတယ်၊ အတင်းအဖျင်းပြောရမှ စိတ်ထဲမှာ သက်သက်သာသာ ခံစားရတတ်တယ်၊ အတင်းအဖျင်းပြောလေ နာကြည်းမှုကို စွဲလမ်းလေပဲ။

★ နားကြည်မှုဆိုတဲ့ negative emotion က စိုးမိုးထားတဲ့အခါမှာ ဥပမာ - လူတစ်ယောက်က ကိုယ့်ကိုလာပြီးတော့ ဝေဖန်တယ်ဆိုပါတော့၊ အဲဒီလူကို ကိုယ်က ‘ဘာမှသနားစရာမရှိဘူး’ ဆိုပြီးတော့ ပုံမှန်ဆိုကြပြောကြတယ်၊ ဒီနေရာမှာ ကိုယ့်ကို လာဝေဖန်သူကို မသနားတဲ့အခါမှာ ဘာဖြစ်တုန်းဆိုတော့ သူပစ်လိုက်တဲ့ သူပြာလိုက်တဲ့ ဒီဝေဖန်သံတွေအားလုံးက မြားတွေ ကျည်ဆံတွေနဲ့ တူတယ်၊ ပစ်တိုင်းပစ်တိုင်း ကိ်ုယ့်ကိုမှန်တယ်၊ သူပြောတာတော့ တစ်ကြိမ်ပဲ။

★ အဲဒါ ပထမဆုံးမှန်တဲ့မြားကို auto mind နဲ့ ပြန်ပြီး replay လုပ်တဲ့အခါကျတော့ ဒုတိယအကြိမ်မှာ တစ်ကို နှစ်နဲ့မြှောက်တော့ နှစ်ကြိမ်ဖြစ်လာတယ်၊ နားထဲမှာ တစ်ခါထပ်ကြားတယ်၊ အဲဒီမှာ တစ်နဲ့တစ်ခါထပ်မြှောက်၊ မြားက နောက်ထပ်တစ်ချောင်း ပြန်မှန်ပြန်ပြီ၊ အဲဒါကိုပဲ တစ်ခါပြန်ပြီးတော့ တတိယအကြိမ်တွေးရင် ဒီတစ်ခါ နှစ်ကို တစ်နဲ့ထပ်မြှောက်တဲ့အခါကျတော့ သုံးမဟုတ်တော့ဘူး၊ လေးဖြစ်သွားတယ်၊ ဒဏ်ရာကပိုပြီးတော့ ပြင်းထန်သွားတယ်၊ နာကြည်းမှုအရှိန်ဟုန် ပိုမြင့်မားသွားတယ်။

★ ဗုဒ္ဓက ဘယ်လိုအမိန့်ရှိတုန်းဆိုတော့ ပထမဆုံးမှန်တဲ့မြားက ကိုယ့်အပြစ်မဟုတ်ဘူး၊ ဒုတိယမှန်တဲ့မြားက ကိုယ့်အပြစ်ပါ၊ တတိယမှန်တဲ့မြားကလည်း ကိုယ့်အပြစ်ပဲ။

 ★ အတိတ်က ဒဏ်ရာဒဏ်ချက်အကြောင်း ပြန်တွေးတိုင်း တွေးတိုင်း မကျေမနပ်ဖြစ်တယ်၊ ဒေါသတွေ ဖြစ်တယ်၊ ခါးသီးမှုတွေ ဖြစ်တယ်ဆိုရင် ပစ်တဲ့သူအပြစ် မဟုတ်တော့ဘူးတဲ့၊ ကိုယ့်အပြစ်ပါတဲ့။ ကလေးစကားနဲ့ ပြောမယ်ဆိုရင် ကိုယ်က အ လို့ပေါ့၊ ကိုယ့်ကိုယ်ကို မစောင့်ရှောက်တာ။

 ကျေးဇူးတော်ရှင်Oxfordဆရာတော်ဒေါက်တာဓမ္မသာမိ 🙏 🙏 🙏

“လူတိုင်း နေ့စဉ် အသုံးပြုနိုင်တဲ့ ကရုဏာ နှင့် မုဒိတာ - Compassion and Appreciative Job for Daily Life)” တရားတော်စာအုပ် မှ ကောက်နှုတ်ဖော်ပြပါသည်။

 credit to #ThazinHteik

photo credit #လှဂုဏ်ရည်

 🌺အမှောင်ပျောက်၍ အလင်းရောက်ပါစေ။