Tuesday, June 5, 2018

ကိုယ်စိတ်နှစ်ပါး အာဟာရဖြစ်အောင် သတိနဲ့စားပါ

ကိုယ်စိတ်နှစ်ပါး အာဟာရဖြစ်အောင် သတိနဲ့စားပါ

 Emotion management လုပ်ရမည့် အချိန်တွေထဲမှာ စားသောက်တဲ့အခါလည်း အရးကြီးတဲ့အချိန်တစ်ချိန်ပါပဲ။ ဒီနေ့ နေ့လည်စာစားသုံးချိန်မှာ လက်တွေ့အသုံးချဖို့ ကိုယ်စိတ်နှစ်ပါး အာဟာရဖြစ်အောင် စားသုံးနည်း ပြောပြဦးမယ်။ အာဟာရစားသုံးတဲ့အခါ သတိ-Mindfulness နဲ့ စားမှကိုယ်စိတ်နှစ်ပါးစလုံး ကျန်းမာမယ်၊ ထမင်းစားတဲ့အခါ ထမင်းလုတ်တစ်လုတ်က အနည်းဆုံး အကြိမ် ၂၅ -ကြိမ်လောက် ဝါးပေးမှ သတိတိုးတက်တယ်၊ ဖြစ်နိုင်ရင် အကြိမ် ၃၅- ကြိမ်လောက်အထိ ဝါးပေးပါ၊


အဲ့ဒိလို ကျကျနနဝါးတယ်ဆိုရင် စိ်တ်ကငြီးငွေ့လာတယ်၊ ငြီးငွေ့တာလည်းပဲ emotion တစ်ခုပဲလို့ လိုက်သိလိုက်ပါ၊ ပြီးရင်ဆက်ဝါးပါ၊ လူတွေ အင်မတန် အလုပ်ကြိုးစားကြတယ်၊ မနက် ၇- နာရီလောက် အိပ်ယာထ အလုပ်သွား၊ ည ၉-နာရီလောက်မှ အိမ်ပြန်ရောက်၊ ကောင်းကောင်းစားနိုင်ဖို့အတွက် အလုပ်တွေ အများကြီးကြိုးစားကြရတယ်၊ တကယ်စားတဲ့အခါကျတော့ အရသာလေး ခံစားပြီးတော့ မစားနိုင်ဘူး၊

ဘာဖြစ်လို့တုန်းဆိုရင် စိတ်က ငြီးငွေ့လာလို့ မြန်မြန်မြိုချလိုက်တယ်၊ အရသာတစ်မျိုးတည်းနဲ့ မတင်တိမ်နိုင်ဘူး၊ တစ်ခြားအလုပ်နဲ့ သူ့ကို supplement လုပ်ရတယ်၊ ဖြည့်ရတယ်ပေါ့။ ဘာတွေနဲ့ဖြည့်ရလဲဆိုတော့ တချို့က စကားပြောတာတွေနဲ့ ဖြည့်တယ်၊ တစ်ချို့က သတင်းစာနဲ့ ဖြည့်တယ်၊ တချို့က တီဗီနဲ့ ဖြည့်တယ်၊ တချို့က earphone ကိုတပ် သီချင်းနဲ့ ဖြည့်တယ်၊ သီချင်းကိုလည်း ရာနှုန်းပြည့် မခံစားနိုင်ဘူး၊ အစားအသောက်လည်း ရာနှုန်းပြည့် မခံစားနိုင်ဘူး၊

အလုပ်ကိုကြိုးကြိုးစားစား လုပ်ပြီးတော့မှ အစားအသောက်ကောင်း စားချိန်ကျတော့ တကယ်မစားနိုင်ဘူး၊ တကယ်စားနိုင်တဲ့အခါ ကောင်းကောင်းမစားနိုင်ဘူး။ ဘာလို့မစားနိုင်တာလဲဆိုတော့ စားနိုင်တဲ့ စိတ်ရဲ့စွမ်းရည်၊ စိတ်ရဲ့ capacity မရှိလို့၊

ဒီနေရာမှာ ထမင်းတစ်လုတ် တည်းမှာတင် emotion တွေက အများကြီးဖြစ်နေတာ၊ ကြိုက်လိုက်မကြိုက်၊ အဲ့လို အော်တိုစိတ်တွေ ဖြစ်နေတာ။ အဲ့ဒါကြောင့် အော်တိုစိတ် auto emotion ဖြစ်နေတာလေးကို သိအောင်ဝါးတဲ့အခါမှာ အနည်းဆုံးအကြိမ် ၂၅- ကြိမ် လောက်ဝါးပါ၊ ဖြစ်နိုင်ရင် ၃၅- ကြိမ်လောက်ဝါးပါ၊ ေ

အာ်တိုစိတ်ကို ရင်ဆိုင်ခွင့်ရရှိမယ်၊ manage လုပ်ခွင့်ရမယ်၊ တရားကျင့်ကြံတဲ့ဆရာတော်ကြီးတွေက အကြိမ် ၅၀-၆၀ ဝါးပါတယ်တဲ့၊ အဲ့လိုဝါးတယ်ဆိုရင်ပါးစပ်ကနေ enzyme ထွက်လာတဲ့အခါကျတော့ ဝမ်းထဲအစာအာဟာရရောက်သွားရင် သိပ်ပြီးအစာမချက်ရတော့ဘူး၊ အစာအိမ် သက်သာတယ်၊ ပါးစပ်နဲ့သွားက သူတို့လုပ်ရမယ့်အလုပ် သူတို့တာဝန်တွေကို ကောင်းကောင်းမွန်မွန်မလုပ်ရင် အစာဗိုက်ထဲရောက်သွားတဲ့အခါ အစာအိမ်က သူလုပ်ရမယ့် ပုံမှန်အလုပ်ထက် ၂-ဆ ၃-ဆ ပိုလုပ်ရတယ်၊

 အဲဒီကျတော့ enzyme တွေအများကြီးကုန်တယ်၊ လူတွေ မြန်မြန်ထမင်းစားတဲ့အခါ စားပြီးမကြာခင် အစာချေချက်နေတဲ့ အချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံးက ပင်ပန်းတယ်၊ အိပ်ငိုက်ကြတယ်၊ ဝမ်းဗိုက်ကအားတွေအများကြီးအသုံးပြုနေရလို့။

ဒါကြောင့် ဒီနေ့စားတဲ့အချိန်မှာ-----

(၁) စကားပြောမယ်ဆိုရင် ထမင်းလုတ်လည်း မပြင်နဲ့၊ ပါးစပ်ထဲမှာလည်းမဝါးနဲ့၊ စကားပဲပြော။

(၂) ထမင်းစားတဲ့အချိန်မှာလည်း ပါးစပ်ထဲမှာ ထမင်းလုတ်ရှိနေရင် အဲဒီထမင်းရဲ့အရသာ ဟင်းရဲ့အရသာကိုပဲ အရသာခံပြီးတော့စား၊ ခပ်ကြာကြာဝါး၊ စကားမပြောနဲ့၊ လက်ကိုလည်းနားထား။

 (၃) ထမင်းလုတ်ပြင်တဲ့အချိန်မှာ စကားမပြောနဲ့ စကားမပြောနဲ့၊ မဝါးနဲ့၊ တစ်ချိန်မှာ အလုပ်တစ်ခုပဲလုပ်၊ ထမင်းတစ်လုတ်စားနေချိန်တင် emotion တွေက အများကြီးဖြစ်နေတတ်တယ်၊ ကြိုက်လိုက်မကြိုက်လိုက်၊ အဲလို အော်တိုစိတ်တွေ ဖြစ်နေတတ်တယ်၊ ဖြစ်နေရင်ဖြစ်နေတယ်လို့သိ၊ register လုပ်လိုက်၊ လိုက်ပြီးတော့ သိလိုက်၊ အကောင်းအဆိုး မဝေဖန်နဲ့။ ရုံးမှာလည်း ဒီလိုလုပ်မယ်၊ အိမ်မှာလည်း ဒီလိုလုပ်မယ်၊ ဒီလိုကောင်းကောင်း စားတယ်၊ လုပ်မယ်ဆိုရင် အလုပ်ကြိုးစားရကျိုး နပ်တာပေါ့။

 ပင်ပင်ပန်းပန်း ရှာထားရတဲ့ဟာကို စားတဲ့အခါလည်း ဇိမ်နဲ့စားတတ်အောင် သင်ပေးနေတာ၊ ထမင်းလုတ်တိုင်းကို ဝါးတိုင်းဝါးတိုင်းမှာ emotion management တွေပါနေတယ်၊ မိမိရဲ့စိတ်ခံစားမှုကို ကိုယ်တွယ်တဲ့အလုပ်ပါ တစ်ခါတည်းပြီးသွားပါတယ်၊ အဲဒိလိုလုပ်တယ်ဆိုရင် ပါးစပ်ကဝါးတာက ရုပ်အာဟာရ၊ စိတ်က enjoy လုပ်နေတာက စိတ်အာဟာရ၊ ရုပ်အာဟာရရော စိတ်အာဟာရရော နှစ်ခုလုံးဖြစ်ပါတယ်။

အဲလိုမဟုတ်ဘဲနဲ့ စားရင်းနဲ့ အော်တိုစိတ်က complam လုပ်လိုက်၊ စားရင်းနဲ့ အတင်းပြောလိုက်ဆိုရင် ပါးစပ်ကတော့ ရုပ်အာဟာရဖြစ်အောင် စားနေပေမယ့် စိတ်က အာဟာရမဖြစ်အောင်ဖြစ်နေတယ်၊

 အတင်းပြောတယ်ဆိုတာ positive မရှိဘူးလေ၊ negative ပြောကြတာ၊ စိတ်ကကြားထဲမှာ အဆိပ်လေးတွေးတွေ ထည့်ထည့်ပေးနေတာနော်၊ ဒါကြောင့် အဆိပ်မဖြစ်အောင် စားတတ်ဖို့အတွက် mindful eating - သတိနဲ့ စားတတ်ပါစေ။ အေးအေးဆေးဆေးစားသုံးကြပါ။

 အောက်စဖို့ဒ် ဆရာတော် ပါမောက္ခဒေါက်တာ ဓမ္မသာမိ