Tuesday, June 5, 2018

အကောင်းမြင်ဝါဒ- Positive Thinking

အကောင်းမြင်ဝါဒ- Positive Thinking

★ မကောင်းတာတွေနဲ့ တွေ့ရင် စိတ်ညစ်စရာတွေနဲ့ တွေ့ရင် မကောင်းတဲ့လူနဲ့တွေ့ရင် လောကကြီးကို စိတ်မကုန်နဲ့ မကြောက်နဲ့။ ကောင်းတာတွေ အများကြီးရှိတယ်တဲ့ မြတ်စွာဘုရား ဟောထားတယ်။


★ နောက်တခု အဘိဓမ္မာထဲကပဲဆိုတာ မကောင်းတဲ့စိတ်တွေက အကန့်အသတ်ရှိတယ် ပရိတ္တာဓမ္မာဆိုတာ အကန့်အသတ်ရှိတယ်။ ဥပမာ ဒေါသဆိုတဲ့ စိတ်ခံစားမူဖြစ်တယ်ဆိုတာ ဒေါသဆိုတဲ့ စိတ်ခံစားမူဖြစ်လာရင် ဒီမှာ ရာသီဥတုအေးချမ်းတဲ့ညမှာ ဒီလို စကားပြောရင်းနဲ့ ရေနွေးသောက်ရတာ ဒါ တကယ့်ဇိမ်ပဲ ဟုတ်တယ်မို့လား။

★ တရားနာပရိတ်သတ်တွေရဲ့ရှေ့မှာ ရေနွေးခွက်မရှိတာကြည့်ပြီး တချက်ချက် သောက်ရတာ အားတောင်နာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘုန်းဘုန်း သောက်ရတဲ့အချိန်မှာ ပီတိဖြစ်တယ်။

★ ဒါပေမဲ့ ဒီအချိန်မှာ တကယ်လို့ ဒီလိုတရားနာ ပရိတ်သတ်တွေလို မဟုတ်ဘူး၊ တရားနာ ပရိတ်သတ်တွေလို အာရုံတပါး စိတ်မသွားပဲ ဆိုသလိုမျိုး စူးစူးစိုက်စိုက်နဲ့ သဒ္ဓါတရားနဲ့ တရားနာတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး၊ အရက်သမားတယောက် ဝင်လာတယ် ဆိုပါစို့။

 ★ ဝင်လာပြီးတော့ ဟိုပြောဒီပြော ဘုန်းဘုန်းကို လက်ညှိုးနဲ့ မဟုတ်မတရားတွေ ပြောမယ်ဆိုရင် ဒေါသဖြစ်သွားမယ်။ ဒေါသမဖြစ်လည်းပဲ ကြောက်စိတ်ဖြစ်သွားမယ်။ စိတ်မဆိုးရင်လည် ကြောက်စိတ်ဝင်သွားမယ်။ ကြောက်စိတ်မဖြစ်ရင်လည်း စိတ်အနှောင့်အယှက်ဖြစ်သွားမယ်။

 ★ စိတ်အနှောင့်အယှက်ဖြစ်တာလဲ ဒေါသပဲ။ ကြောက်တာလဲပဲ ဒေါသပဲ။ စိတ်ဆိုးတာလည်းပဲ ဒေါသပဲ။ အကုန်လုံး ဒေါသတွေ။ ဒေါသဖြစ်ရင် စိတ်က အဖျက်သဘောဘက်ကို ဆောင်သွားပြီ။ ပါဠိလိုက ဒုက္ခော ဒေါသောတဲ့။

 ★ ဒေါသဖြစ်တယ်ဆိုရင် စိတ်က အဖျက်သဘောဘက်ကို ရောက်သွားတယ် Destructive emotion ခေါ်တယ်။ အဖျက်သဘောကို ရောက်သွားတယ်။ ဒီလောက် ပူပူနွေးနွေးနဲ့ရေ သောက်လိုက်ရင် ချက်ချင်းနွေးထွေးသွားတယ် ဒါပေမဲ့ လုံးဝသောက်ချင်စိတ်မရှိတော့ဘူး ဘာလို့သောက်ချင်စိတ် မရှိတုန်း ဒေါသဖြစ်နေလို့။  ★ ကလေးတစ်ယောက် သူ စိတ်မဝင်စားဘူး စိတ်ညစ်နေတယ်ဆိုပါစို့ စိတ်ညစ်နေတဲ့ကလေး ထမင်းကျွေးရတာ အရမ်းခက်တယ် စိတ်ညစ်နေတဲ့လူ ထမင်းမစားချင်ဘူး။ ထမင်းစားတယ်ဆိုတာ သူ့ကိုယ်သူ မေတ္တာထားတာ ကိုယ့်ကိုယ်ကို မေတ္တာထားလို့ ထမ်းစားတာ ဒီခန္ဓာကိုယ် ကျန်းမာအောင် အဲ့ဒီအချိန်မှာ စိတ်ဆိုးတယ်ဆိုတော့ ဒီခန္ဓာကိုယ်ပေါ်မှာ ထားတဲ့ မေတ္တာက အတိုငး်အတာ ရှိသွားပြီ။ သူရဲ့ Limit ကိုရောက်သွားပြီ။ သူရဲ့ အတိုင်းအတာကို ရောက်သွားပြီ အဲ့ဒါကို အဘိဓမ္မာလို ပရိတ္တာဓမ္မာတဲ့ အကန့်အသတ်ရှိတယ်။

★ ကုသိုလ်တရားကြတော့ ကုသိုလ်တရားတွေ လောကုတ္တရာတရားတွေ လောကုတ္တရာတရားမဟုတ်တာတောင်မှ ဒီလို မေတ္တာတရားတို့၊ ကရုဏာတရားတို့၊ မုဒိတာ တရားတို့ ဥပက္ခာတရား ဒီလို ဗြဟ္မစိုရ်တရားတွေ သူတို့ကြ အပ္ပမာဏာဓမ္မာ အတိုင်းအတာမရှိဘူး Limit မရှိဘူး။ ဒုက္ခတွေ ဘယ်လောက်ပဲများများ ပွေ့ဖက်နိုင်စွမ်းရှိတယ်တဲ့။ မပင်ပန်းဘူး၊ မကြောက်ရွှံ့ဘူး၊ များတယ်ဆိုတာ မရှိဘူး၊ အကုန်လုံးလက်ခံတယ်။

★ ဘယ်သူနဲ့တူတုန်းဆိုရင် ကလေးက ဘယ်လောက်ပဲ ဒုက္ခပေး ဒုက္ခပေး မိခင်တစ်ယောက် မိခင်တစ်ယောက်စိတ်မကုန်နိုင်သလို။ မွေးကင်းစကလေးငယ်တွေဆို တစ်ညကို နှစ်ကြိမ် သုံးကြိမ် နို့ထတိုက်ရတယ်လေ အိပ်ရေးအရမ်းပျက်တယ် ဒါပေမဲ့ မိခင်ကအဲ့ဒါကို လုံးဝ စိတ်မပျက်ဘူး။ သားလေးပေါ်မှာ သမီးလေးပေါ်မှာ ရှိတဲ့မေတ္တာကြောင့် ထပြီးတော့ နို့တိုက်တယ်။

★ ဒီလို အလိုလိုနေရင်းနဲ့ ဘာမှမဆီမဆိုင်ပဲနဲ့ ကိုယ့်ရဲ့သူငယ်ချင်းကလာပြီးတော့ ညသန်းခေါင်းကြီး တခါးလာခေါက်တယ်ဆိုရင် ဒီသူငယ်ချင်းကို မဆက်ဖြတ်ပစ်မှာပဲ အိပ်ရေးပျက်လို့။ တကြိမ်ပဲ အိပ်ရေးပျက်သေးတာ တကြိမ်ပဲရှိသေးတာ ခုဟာက ကလေးငယ်လေး အမေကို တနေ့ နှစ်ကြိမ် သုံးကြိ်မ်နိုးနေတာ အမေက။

 ★ သူရဲ့မေတ္တာအတိုင်းအဆလေ အရမ်းကြီးမားတယ် သူရဲ့မေတ္တာအတိုင်းအဆ လုံးဝအဆုံးမရှိတာ အပ္ပမာဏာဓမ္မာခေါ်တယ်။ အတိုင်းအဆမရှိတာ ကုသိုလ်ကိုမှ အတိုင်းအဆမရှိဘူးလို့ပြောတာ။ အကုသိုလ်တွေက အတိုင်းအဆရှိတယ်တဲ့။

 ★ ဒါကြောင့် လောကကြီးထဲမှာ ဘယ်သူကဘာပြောပြော တခါတခါ Facebook တို့၊ သတင်းစာတို့၊ အင်တာနက်တို့သွားကြည့်ရင် မြန်မာနိုင်ငံအကြောင်း မကောင်းပြောတာရှိတယ် အဲ့လောက်လေးပဲ သွားကြည့်ရင် စိတ်ပျက်တတ်တယ်။ စိတ်ပျက်တယ်ဆိုတာက စိတ်ခံစားမူ အဆိုးဘက်ကိုရောက်အောင် သွားပြီးတော့ စိတ်ကလုံးလုံးကျသွားတာ အောက်ကိုကျသွားတာ။

★ အခုပြောတဲ့ဟာတွေ စေတသိက်ထဲမှာ အကောင်းက ၂၅-ခု ရှိတယ်၊ အဆိုးက ၁၄-ခု ပဲရှိတယ်။ ဒါလေးကိုမှတ်ထားပြီးတော့ လူ့လောကကြီးထဲမှာ သူတို့ပြောချင်မှပြောမယ် ဒါပေမဲ့ ဒို့အပေါ်မှာ မေတ္တာရှိတဲ့သူ အများကြီးရှိတယ်ဆိုတာ အဲ့ဒါလေးမှတ်ထားပြီး အားရှိစမ်းပါ တရားနာပရိတ်သတ်တို့။

★ အင်္ဂလန်နိုင်ငံကို သာသနာသွားပြုဖို့အတွက် တောရဆရာတော်ကြီးတပါးရာတော်ကြီးတပါး ထိုင်းနိုင်ငံက အဲ့ဆရာတော်ကြီးကို အင်္ဂလန်ကပင့်တယ်တဲ့။ ပြီးခဲ့တဲ့ ၁၉၇၆ခုနှစ်က ၇၆ ၈၆ ၉၆ ၂၀၀၆ ဆို နှစ်ပေါင်း၄ဝကျော် ရှိပြီ။ သူရဲ့နိုင်ငံခြားသားတပည့်ဘုန်းကြီးတွေ အင်္ဂလန်လည်းရှိတယ် အင်္ဂလိပ်လည်းရှိတယ် ဂျာမန်တွေလည်းရှိတယ် လိုက်ခဲ့ဆိုတော့ အဲ့ဘုန်းကြီးတွေက မလိုက်ဘူး။

★ ဆရာတော် တပည့်တော်တို့ မလိုက်ချင်ဘူး တပည့်တော်တို့ နိုင်ငံအကြောင်း တပည့်တော်တို့ သိတယ်တဲ့ တပည့်တော်တို့ မလိုက်ပါရစေနဲ့ ဟာ ဘာဖြစ်လို့မလိုက်တာလဲ အဲ့ဒီနိုင်ငံမှာ ဗုဒ္ဓဘာသာမရှိဘူးတဲ့။ တပည့်တော်တို့ ဆွမ်းခံစားလို့မရဘူး။ ဆွမ်းငတ်မယ်ဆရာတော် ဆရာတော်လည်းမကြွနဲ့ တပည့်တော်တို့လည်း မလိုက်ဘူး။

★ မဖြစ်နိုင်တာကို တွေးတာလေ အားငယ်တတ်တာ။ ဆရာတော်ကြီးကတော့ အေး ဟုတ်တယ် ဆွမ်းလောင်းတဲ့ ဗုဒ္ဓဘာသာတွေ မရှိတာဟုတ်တယ် အဲ့ဒီနိုင်ငံမှာ စိတ်ကောင်းရှိတဲ့သူရှိလား? အများကြီးရှိတာပေါ့ဘုရား စိတ်ကောင်းရှိလို့ချင်ရင် တော်ပြီတဲ့ သွားမယ်ဆိုပြီးတော့ သွားပြီးတော့သာသနာပြုတာ ကျောင်းအကြီးကြီးတွေ ၅-ကျောင်းရှိတယ် အင်္ဂလန်တင်။ ကျောင်းတကျောင်းကို ဧက ၄၀ ၅၀ အဲ့လိုရှိတယ်။ ဗုဒ္ဓသာသနာ အဲ့လိုကြီးပွားလာတယ်။

★ အကောင်းကိုယုံကြည်ရင် Positive thinking ဆိုတာ အကောင်းမြင်ဝါဒရှိတယ်ဆိုရင် အခွင့်အလမ်းတွေ အများကြီးပေါ်လာတယ်တဲ့။

★ မယုံကြည်တော့ဘူး ဆိုရင်တော့ အခွင့်အလမ်းတွေ ရှိလည်းပဲ ကိုယ်က မမြင်တော့ဘူး။ မိုးလင်းနဲ့အချိန်မှာ နေမင်းထွက်တဲ့အချိန်မှာ အိပ်ပျော်နေတဲ့သူနဲ့ တူတယ်။

 ကျေးဇူးတော်ရှင်Oxfordဆရာတော်ဒေါက်တာဓမ္မသာမိ 🙏 🙏 🙏

“စိတ်ခံစားမှု မျက်လုံးကောင်းအင်အား - The Power of Emotionally Intelligent Eyes (၂၄.၁၂.၂၀၁၇)” တရားတော် မှ ကောက်နှုတ်ဖော်ပြပါသည်။

 Credit to #ThazinHteik