ဝိပဿနာသို့ သွားရာလမ်း
ဝိပဿ နာ -၂မျိုး ရှိတယ်.. ဒုဗ္ဗလဝိပဿ နာ -အားနည်းတဲ့ ဝိပဿ နာ ဗလဝ ဝိပဿ နာ - အားကြီးတဲ့ ဝိပဿ နာ .. ရယ် -၂ မျိုး ရှိတယ်။ ဝိပဿ နာ ရှု တဲ့နေရာမှာ [ ဒိဋ္ဌိ ] ကို မဖြုတ်ပဲ ရှုတဲ့ ဝိပဿ နာက အားနည်းတဲ့ ဝိပဿ နာ.. [ ဒိဋ္ဌိ ] ကို အသိဉာဏ်နဲ့ ခွာပြီး ရှုတဲ့ ဝိပဿ နာက.. အားကြီးတဲ့ ဝိပဿ နာ ဖြစ်တယ်။ - သက္ကာယ ဒိဋ္ဌိ - ဥစ္ဆေဒဒိဋ္ဌိ - အရှုခံ ခန္ဓာ ငါးပါး - အာယတန ... မသိ - ဓာတ် .. မသိ - စိတ္တာနုပဿ နာ အရှုခံ ... မသိ - ဝေဒနာနုပဿ နာ အရှုခံ ... သိပဲနဲ့ ရောက်လာတာနဲ့ ... ရှုဟဲ့, မှတ်ဟဲ့ လို့ ခိုင်းတာကတော့ အားနည်းတဲ့ ဝိပဿ နာပဲ ဖြစ်မယ်။ [ ခန္ဓာ မှ မသိမှတော့ .. ဒိဋ္ဌိ ကပ်ပြီ ပေါ့။ ]အားနည်းတဲ့ ဝိပဿ နာက အကျိုးပေးတဲ့အခါ .. ကုသိုလ်ပဲရပြီး , နိဗ္ဗာန် မရနိုင်ပါဘူး ။ အားကြီးတဲ့ ဝိပဿ နာမှ ကုသိုလ်လည်း ရ , နိဗ္ဗာန်လည်း ရနိုင်တယ်။ ဒါကြောင့် ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်ပါ။ အားကြီးတဲ့ ဝိပဿ နာ သင်ပေးမယ့် ဆရာကို ရှာရမယ်။
----------------------------------------
ဒိဋ္ဌိက အကျယ်အားဖြင့် -၆၂ မျိူ း တောင် ရှိတာပါ။ အရေးကြီးတဲ့ အကျဉ်းချုပ် ဒိဋ္ဌိ-၃ မျိုးကို အရင်သိအောင် လုပ်ပါ။ - သက္ကာယ ဒိဋ္ဌိ - သဿ တ ဒိဋ္ဌိ - ဥစ္ဆေဒ ဒိဋ္ဌိ ဒီ ဒိဋ္ဌိ- ၃ မျိုးက အပါယ်ကို ဆွဲချတဲ့ တရားဖြစ်လို့ အရင် ဖြုတ်ထား ရမယ်။
အပါယ်လေးပါးက ဒိဋ္ဌိကြောင့် ကျတာ။ ဒိဋ္ဌိက အကြောင်း , အပါယ်လေးပါးက အကျိုး အပါယ်လေးပါးက လွတ်ချင်ရင် .. ဒိဋ္ဌိ ပယ်ရမယ်။ တကယ်ကြောက်ရမှာက အပါယ်လေးပါး မဟုတ်ဘူး [ ဒိဋ္ဌိ ] ပါ။ [ ဒိဋ္ဌိ ] ကို ကြောက်ရမှန်း မသိကြဘူး။
ဥပမာ ပြောရရင် - ကလေးတစ်ယောက်က ခွေးက်ို ခဲနဲ့ပစ်ရင် ခွေးက ခဲလိုက်ကိုက်နေသလိုမျိုး ပဲ။ ကလေး ပစ်လို့ ခဲ ရောက်လာတာပဲ။ ကိုက်ခြင်း ကိုက်ရင် ကလေးပဲ ကိုက်ရမှာနော် ၊ ကလေးမကြောက်ပဲ , ခဲ ကြောက်နေတယ်၊ အကြောက်မှားနေတာ နော်.. ဘာဖြစ်လို့ အကြောက်မှားနေတာလဲ .. ဆိုတော့ [ မသိ သေး လို့ ပေါ့ ] တို့တစ်တွေလည်း [ ဒိဋ္ဌိ ] ကြောက်ရမယ့်အစား [အပါယ်လေးပါး] ကြောက်ပြီး အကြောက်မှားနေကြတာ နော်.. ဒိဋ္ဌိကို ပယ်နိုင်မှ အပါယ်လေးပါးက လွတ်မယ်။ ဒိဋ္ဌိကို ပယ်နိုင်တဲ့တရားဟာ [ ဝိပဿ နာ တရား ] ဖြစ်တယ်လို့် လိုရင်းကို မှတ်ပါ။
-----------------------------
ဒိဋ္ဌိကို ပယ်တော့မယ်ဆိုရင် ... ခန္ဓ ပဋိစ္စသမုပ္ပါဒ်တရားကို နားလည်အောင် လုပ်ရမယ်။ ပဋိစ္စသမုပ္ပါဒ်တရားကို ဟောကြားတာဟာ [ ခန္ဓာပေါ် ဉာဏ် ရောက်အောင်] လို့ ဖြစ်ပါတယ်။ ပဋိစ္စသမုပ္ပါဒ် က [ နိဗ္ဗာန် ရောက်ကြောင်းရဲ့ အခြေခံ ဖြစ်ပြီး နိဗ္ဗာန် ရောက်ကြောင်းရဲ့ အဖြေမှန် ] ဖြစ်ပါတယ်။ ပဋိစ္စသမုပ္ပါဒ် ကို နားမလည်ပဲ နဲ့ ဝိပဿ နာတရား အားထုတ်ရင် နိဗ္ဗာန် မရောက်နိုင်ပါဘူး.. ဒိဋ္ဌိ မပြုတ်ပဲနဲ့ နိဗ္ဗာန် ရောက်သွားတဲ့သူ တစ်ယောက်မှ မရှိပါဘူး။
ဥပမာပြောရရင်- အိမ်ဆောက်တဲ့အခါ တိုင်မပါပဲနဲ့ ဒိုင်း တင်လို့မရသလိုပဲ.. ဒိဋ္ဌိမဖြုတ် ပဲနဲ့ ဒိဋ္ဌိ တန်းလန်းနဲ့ သောတာပန် တည်တယ်လို့ ထုံးစံ မရှိပါဘူး... မိုးကုတ်ဆရာတော်ဘုရားကြီးက "ဇီးရွက်နဲ့ ရေကိုထုပ်ပြီး တိုက်သလိုပါပဲ" တဲ့ ။ ဒိဋ္ဌိမပြုတ်ပဲ နိဗ္ဗာန်ရောက်တယ် ဆိုတာ အလကား ပြောတာ။ တကယ် နိဗ္ဗာန် ရောက်ချင်ရင် .. [ ဒိဋ္ဌိ ] အရင်ဖြုတ်ရမယ်၊ ဒိဋ္ဌိဖြုတ်ချင်ရင် "ခန္ဓ ပဋိစ္စသမုပ္ပါဒ်" နားလည်ရမယ်။
"ခန္ဓ ပဋိစ္စသမုပ္ပါဒ်" ကို နားလည်ချင်ရင် "စာ ပဋိစ္စသမုပ္ပါဒ်" ကို အရင်နားလည်အောင် လုပ်ရမယ်။ "စာ ပဋိစ္စသမုပ္ပါဒ်" ကို လေ့လာရင် "ခန္ဓ ပဋိစ္စသမုပ္ပါဒ်" နားလည်မယ်။ "ခန္ဓ ပဋိစ္စသမုပ္ပါဒ်" လေ့လာရင် " ဒိဋ္ဌိ" ကွာမယ်။ [ ဒိဋ္ဌိကို အသ်ိဉာဏ်နဲ့ ရှေ့က ဖြုတ်ပြီးတဲ့ ဝိပဿ နာသည် "အားကြီးတဲ့ ဝိပဿ နာ", အားကြီးတဲ့ ဝိပဿ နာက [ မဂ်ဉာဏ် ] ကို ကျေးဇူးပြုမယ်။
နိဗ္ဗာန် ရောက်ချင်ရင် >> မ ဂ်ဉာဏ် ရအောင် ကြိုးစားရမယ်.. မဂ်ဉာဏ် ရချင်ရင် >> အားကြီးတဲ့ ဝိပဿ နာ အားထုတ်ရမယ် အားကြီးတဲ့ ဝိပဿ နာ ဖြစ်ချင်ရင် >> ဒိဋ္ဌိ ရှေ့ထား ဖြုတ်ရမယ် ဒိဋ္ဌိ ရှေ့ထားဖြုတ်ချင်ရင် >> "ခန္ဓ ပဋိစ္စသမုပ္ပါဒ်" နားလည်ရမယ် "ခန္ဓ ပဋိစ္စသမုပ္ပါဒ်" နားလည်ချင်ရင် >> "စာ ပဋိစ္စသမုပ္ပါဒ်" အရင် လေ့လာ ရမှာပါ။
--------------------------------
ဝိပဿ နာ အားထုတ်ရင် ဒီတရားစဉ် [ ပါ, မပါ ] အရင် လေ့လာပါ ဘယ်မှာအားထုတ်ထုတ်, ဘယ်စခန်းကို ဝင်ဝင်.. ဒီ အစီအစဉ် မပါပဲ ရောက်လာတာနဲ့ "ရှု ဟဲ့, မှတ် ဟဲ့" ဆိုရင်တော့ [ အားနည်းတဲ့ ဝိပဿ နာ ဖြစ်သွားပါပြီ ] ကုသိုလ် ရပေမယ့် နိဗ္ဗာန် မရနိုင်တဲ့အတွက် ရည်ရွယ်ချက် မကိုက်တော့ပါဘူး။
ဝိပဿ နာတရား အားထုတ်တဲ့ ယောဂီပုဂ္ဂိုလ် ဟာ.. [ သမထ နဲ့ ဝိပဿ နာ တော့ ကွဲကွဲပြားပြား နားလည်ဖို့ လိုပါတယ်.. ] သမထနဲ့ ဝိပဿ နာ ပိုင်ပိုင်နိုင်နိုင် နားလည်ပြီးမှ အားထုတ်ရင်.. ကိုယ် လိုချင်တဲ့ နိဗ္ဗာန်ကို [ ဒီဘဝ ဒီခဏ နဲ့ ရပါတယ် ] သံယုတ်ပါဠိတော်မှာ နတ်သားတစ်ပါးက ဘုရားရှင်ကို ဘယ်လို လျှောက်သလဲ ဆိုတော့.. "မြတ်စွာဘုရား နိဗ္ဗာန်ရောက်ချင်တယ် ဆ်ိုရင် [ ရာဂ, ဒေါသ , လောဘ တရားတွေကို အရင်ဆုံး ပယ်ရမှာ မဟုတ်ပါလား? ] တဲ့၊ ဒီတော့ မြတ်စွာဘုရားက ..မင်း တကယ်နိဗ္ဗာန် ရောက်ချင်တယ် ဆိုရင် "ကာမ ရာဂ လောဘ ဒေါသ မောဟတွေကို ခဏထားဦး ဒိဋ္ဌိကို အရင်ဖြုတ်ပါ... လို့ မိန့်တော်မူခဲ့တာ အထင်အရှား ရှိပါတယ်။
အရပ်ထဲမှာ .. လူတွေက "လောဘ ကုန်ဖို့ အရေးကြီးတယ်.. ဒေါသကုန်ဖို့ အရေးကြီးတယ်.. ပြောနေကြတော့ ဒိဋ္ဌိက .. ပြုံး နေပါတယ်။ "ဒီ ကောင် တွေ ငါ့အကြောင်း မသိဘူး.. နိဗ္ဗာန်ကို မရောက်အောင် ကန့်ကွက်နေတာ.. ငါကွ" လို့ ဒိဋ္ဌိ က ပြောချင်နေတာနော်.. လောဘ , ဒေါသ အရင်ပယ်ရမှာလား ? ဒိဋ္ဌိ အရင်ပယ်ရမှာလား ? ဆိုရင် ဒိဋ္ဌိပါယ်မှ နိဗ္ဗာန်ရမယ် လို့ သဘောပေါက်ဖို့ လိုပါတယ်၊ ဒိဋ္ဌိဖြုတ်ပုံ အလုပ်သင်တရားကို နောက်နေ့တွေမှ ဆက်ကြရအောင်...
#ဒိဋ္ဌိဖြုတ် တရား ဆက်ရန် ..
ဆရာတော် ဘဒ္ဒန္ဒ သုနန္ဒ [ ဓမ္မရံသီ မိုးကုတ်ရိပ်သာ ]