Wednesday, June 6, 2018

မြတ်စွာဘုရား၏ Emotion Management

မြတ်စွာဘုရား၏ Emotion Management

(ဘုရားဖြစ်တော်မူပြီး ပဥ္စဝဂ္ဂီငါးဦးကို တရားဦးဟောကြားပုံ)
★ ဗုဒ္ဓဝင်ထဲက ဘုန်းဘုန်း အင်မတန်မှ ကြည်ညိုတဲ့ အကွက်တကွက်ပေါ့ ဖြစ်စဉ်တစ်ခု သိဒ္ဓတ္ထမင်းသား မွေးဖွားလာတဲ့ အခါကြတော့ နန်းတော်ထဲမှာ အမတ်ကြီးတွေ အများကြီးရှိတယ်။ အဲ့ဒီအမတ်ကြိးတွေထဲမှာ ငါးဦး သိဒ္ဓတ္ထမင်းသားကို သူတို့က ဗေဒင်ဟောကြတယ်လေ။ လေးယောက်က ဟောတာက သိဒ္ဓတ္ထ မင်းသားဟာ တကယ်လို့ ဘုရင်လုပ်မယ်ဆိုရင် စကြာဝတေးမင်းဖြစ်မယ်။ တောထွက်ပြီး တရားကျင့်မယ်ဆိုရင် ဘုရားဖြစ်မယ်။ ဒီလိုဖြစ်နိုင်ချေ (၂)ခု သူတို့ဟောတယ်။


 ★ အငယ်ဆုံးအမတ် အငယ်ဆုံးပညာရှင် ကောဏ္ဍညကတော့ စကြာဝတေးမလုပ်ဘူးတဲ့ ဒီမင်းသားလေးဟာ အတိအကျ အမှန်အကန် အသေအချော တောထွက်မယ် ပြီးရင် ဘုရားဖြစ်မယ်။ အဲ့ဒီနောက်ပိုင်း မကြာခင်မှာတော့ ကောဏ္ဍညတောထွက်သွားတယ်။ ကောဏ္ဍညအမတ် အငယ်ဆုံးအမတ် ဘုရားဧကန်ဖြစ်မယ်ဆိုပြီးတော့ ဟောတဲ့အမတ်တောထွက်သွားတယ်။ နောက်ပိုင်းကြတော့ အရှင်ကောဏ္ဍညဖြစ်သွားတယ်လေ။ ပထမဦးဆုံး တရားသိတဲ့ ပဥ္စဝဂ္ဂီထဲက တစ်ဦး။

 ★ ကျန်တဲ့လေးယောက်ကတော့ သူတို့ တောထွက်နှင့်ပြီးတော့ တော်ထဲမျာ စောင့်နေမယ်၊ တရားကျင့်နေမယ် စဉ်းစားကြည့်လိုက်တဲ့အခါကြတော့ သူတို့က အသက်ကြီးနေပြီ တောမထွက်နိုင်ဘူး။ နောက်ပိုင်းကြာတဲ့ အခါကြတော့ သူတို့ရဲ့သားတွေ သူတို့လေးယောက်ရဲ့သားတစ်ယောက်စီ တောထွက်ကြတယ်။ အဲ့ဒီ လေးယောက်နဲ့ ကောဏ္ဍညနဲ့ပေါင်းလိုက်တဲ့အခါကြတော့ ငါဦးဖြစ်သွားတယ် ပဥ္စဝဂ္ဂီ။

 ★ သိန္ဓတ္ထမင်းသားတောမထွက်ခင်တည်းက သူတို့က သိဒ္ဓတ္ထမင်းသားဘုရားဖြစ်မယ် ယုံကြည်ပြီးတော့ သိဒ္ဓတ္ထမင်းသားပေါ်မှာ အရမ်းသဒ္ဓါတရားဖြစ် အရမ်းကိုယုံကြည် ရာနှုန်းပြည့်ယုံကြည်တယ်။ ဟိုက လုံးဝ တရားမကျင့်သေးဘူး၊ နန်းတော်ထဲမှာ အိမ်ထောင်ပြုတယ်၊ နောက်ပြီးတော့ သားလေးမွေးတယ်။ သားလေးမွေးတဲ့ တနေ့ကြမှ အိမ်ရာတည်ထောင်လူတို့ဘောင်ကို စွန့်ခွာပြီးတော့ ရဟန်းဘောင်ကို ရယူတာ တောထွက်တာ။ တရားအချိန်ပြည့်ကျင့်ကြံဖို့အတွက် စတင်လုပ်ဆောင်တာ။ ဒါအားလုံး သိထားတဲ့ ဗုဒ္ဓဝင်။

★ သိဒ္ဓတ္ထမင်းသာ (၆)နှစ်ပတ်လုံး တရားကျင့်နေတဲ့ အချိန်မှာ ပဥ္စဝဂ္ဂီက လိုက်ပြီးတော့ ပြုစုတယ်။ တချို့နေရာမှာ အနီးကပ်ပြုစုတယ်။ တချို့နေရာမှာ ခပ်ဝေးဝေးကနေ ပြုစုတယ်။ ဥပမာ အာဠာရကာလာမတို့ ဥဒကရာမပုတ္တတို့ အဲ့ဒီဆရာကြီးဆီမှာသွားပြီးတော့ သိဒ္ဓတ္ထမင်းသား အခု ရဟန်းဂေါတမ ပြောရမှာပေါ့ ဘုရားမဖြစ်သေးဘူး ရဟန်းတော့ဖြစ်နေပြီ။ ရဟန်းဂေါတမ မထေရ်မြတ် တရားသွားကျင့်တဲ့အချိန်မှာ ပဥ္စဝဂ္ဂီငါးဦး ပါတယ်ဆိုတာတော့ မှတ်တမ်းထဲပြောတာ မကြားဘူးဖူး။

 ★ အဲ့ဒီ အာဠာရကာလာမ နှင့် ဥဒကရာမပုတ္တ တို့ဆီမှာ ရတဲတရားနဲ့မတင်းတိမ်ပဲနဲ့ ဒီတရားတွေက သူတကယ်ရှာတဲ့တရားတွေ မဟုတ်သေးဘူး။ ဒုက္ခကိုအပြီးအပိုင် ဖြေရှင်းပေးနိုင်တဲ့ ပြသာနာကိုဖြေရှင်းပေးနိုင်တဲ့ တရားမဟုတ်သေးဘူးဆိုတာ သိတဲ့အခါကြတော့ အဲ့ဒီဆရာတွေကို ထားခဲ့ပြီးတော့ ဒုက္ကစရိယာသွားကျင့်တာ အားလုံးသိတဲ့အတိုင်း။ ဒုက္ကစရိယကျင့်တဲ့အချိန်မှာ ပဥ္စဝဂ္ဂီငါးဦး အနီးကပ်ပြုစုတယ်။ ဒါလည်း အားလုံးသိကြတယ်။ ပဥ္စဝဂ္ဂီငါးဦးကိုယ်တိုင်လည်း သူတို့လည်းကျင့်ကြံကြတယ်။

 ★ ဒါပေမဲ့ ရဟန်းဂေါတမလောက် သူတို့ကမကျင့်နိုင်ဘူး ဘုရားအလောင်း ရဟန်းဂေါတမလောက် မကျင့်နိုင်ဘူး၊ ဝီရိယ အနေအထားမတူဘူး။ သန္နိဋ္ဌာန် ကရုဏာအင်းအား အနေအထားမတူဘူး။ ဉာဏ်ပညာအနေအထား မတူဘူး။ မတူတဲ့ အခါကြတော့ သူတို့ငါးဦးက ဘုရားအလောင်း ရဟန်းဂေါတမကို ပိုပြီးတော့ ကြည်ညိုတာ အရမ်းကြည်ညိုတာ။ ဒီလိုကြည်ညိုတဲ့ကြားထဲကနေပြီးတော့ ဘုရားလောင်းကတော့ ဒုက္ကစရိယအကျင့် ကိုယ့်ကိုယ်ကို ညှဉ်းပန်းပြီးကျင့်ရတဲ့အကျင့် “အတ္တကိလမထာနုယောဂ” ဒီအကျင့်ကိုကျင့်တာ လုပ်ရမယ့်ဟာတွေ သူတို့ကျမ်းစာထဲမှာ လုပ်ရမယ့်ဟာ ငါအကုန်လုပ်ပြီးပြီ ရချင်တဲ့တရားမရသေးဘူး၊ ရချင်တဲ့ အသိဉာဏ်မရသေးဘူး။

★ ဒါကြောင့် ဒီနည်းက မဟုတ်သေးဘူး ထင်တယ်ဆိုပြီး ဒီနည်းကိုလည်း စွန့်ပစ်လိုက်ရော၊ စွန့်ပစ်တာ ဘယ်လိုစွန့်ပစ်လိုက်ရတာလဲဆိုတော့ အစာရေစာကို နဲနဲပဲစားတာကနေပြီးတော့ ထမင်းတစ်လုတ်လာက် စားတဲ့ဟာ အဲ့ဒီလိုခက်ခဲတဲ့ အကျင့်ကိုထားခဲ့ရတယ်။ ထားခဲ့ရတယ်ဆိုတာ အစားပြန်စားတယ်ပေါ့ အားလုံးသိကြတဲ့အတိုင်း သုဇာတာကပ်တဲ့ နို့ဃနာဆွမ်း ဘုန်းတယ်။ အဲ့ဒီဟာကို ပဥ္စဝဂ္ဂီငါးဦး အရမ်းအထင်လွှဲသွားတယ်။ အော် ရဟန်းဂေါတမ ဘုရားဖြစ်မှာပဲလို့ထင်ပြီးတော့ နှစ်ပေါင်းနှစ်ဆယ်ကျော် တောထဲမှာ တို့လာပြီးတော့စောင့်နေတာ တရားကျင့်ပြီးတော့ စောင့်နေတာ တကယ်တော့မဖြစ်နိုင်ဘူး။

 ★ သူတို့ဗေဒင်ကိုလည်း သူတို့ကပြန်မယုံကြည်တော့ဘူး။ သူတို့ကိုယ်တိုင် ဗေဒင်တွက်တာ အခုကြတော့ သူတို့ မယုံကြည်တော့ဘူး။ ဒီမှာ ထမင်းပြန်စားပြီ ပြန်ပြီးတော့ဇိမ်ခံပြီ မယုံကြည်တော့ဘူး သူတို့က စိတ်ပျက်ပြီ။ စိတ်ပျက်တာကို ပါဠိလို ဒေါသလို့ခေါ်တယ်။ ဘာလို့ခေါ်လဲ (ဒေါသပါ.. ဘုရား။) ဒေါသတဲ့ ဒေါသ.. စိတ်ပျက်တာကို ဒေါသ။ Negative emotion ခေါ်တယ် စိတ်ခံစားမူ အကျစိတ်ခံစားမူပေါ့ အနုတ်စိတ်ခံစားမူပေါ့ အဖျက်သဘောစိတ်ခံစားမူ ဒီလိုခေါ်တယ်။ ပဥ္စဝဂ္ဂီငါးဦးက သမာဓိကောင်းတဲ့ ပုဂ္ဂိုလ်တွေဆိုတော့ အဲ့ဒီ စိတ်ပျက်တဲ့ဟာကို သူတို့သိတယ်။

★ ငါတို့ စိတ်ပျက်နေပြီဆိုတာ သူတို့သိတယ်။ ဒါပေမဲ့ အဲ့ဒီစိတ်ပျက်တာကို ဘယ်လိုကိုင်တွယ်ရမယ် ဘယ်လို overcome.. manage လုပ်ရမယ်ဆိုတာ သူတို့မသိဘူး။ အင်္ဂလိပ်လိုပြောရင် anger ဆိုတာတော့သိတယ် anger management ကိုမသိဘူး။ ဒေါသဖြစ်လာတဲ့အချိန် ဒါဒေါသဖြစ်နေပြီဆိုတာတော့သိတယ်။ ဒါပေမဲ့ ဒီဒေါသ ဒီထက်ပိုပြီး မကြီးထွားအောင်၊ အခု စကားပြောနေဆဲဆို စကားပြောတာ မထိအောင်၊ ထမင်းစားနေတယ်ဆို ထမင်းစားတာ မထိအောင် စီးပွားရေးလုပ်နေဆိုလည်း စီးပွားရေးမထိအောင် လူမူရေး ဒါမှမဟုတ် နိုင်ငံအရေးလုပ်နေတယ်ဆိုလည်း လုပ်နေတဲ့လုပ်ငန်းတွေ မထိခိုက်အောင် ဒေါသက အနိုင်ယူမသွားအောင် ဖုံးလွှမ်းမသွားအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ပဥ္စဝဂ္ဂီငါးဦးတို့ မသိဘူးတဲ့။ သိရဲ့လား ပရိတ်သတ်တို့.. မသိဘူး။

★ မသိလို့ပဲ မကြာသေးခင် မြတ်စွာဘုရား နောက်ထပ်ရက်ပိုင်းပဲလိုတော့တယ် ဘုရားဖြစ်တော့မှာ၊ အဲ့ဒီဘုရားဖြစ်တာကို သူတို့ မမြင်လိုက်ရဘူး။ မကြိုက်ဘူး အစာပြန်ပြီးတော့စားတာကို မကြိုက်ဘူး၊ ဒုက္ကစရိယာ မကျင့်တော့တာကို မကြိုက်တော့ဘူး စိတ်ပျက်တယ် မကြိုက်ဘူး။ အဲ့ဒေါသတွေ တခုပြီးတခုဖြစ်နေတယ်။ စိတ်ထဲကနေပြီးလည်း တွေးပြီးရင်းတွေး တွေးပြီးရင်းတွေး တွေးပြီးတော့ ဘာဖြစ်သွားတုန်း သူတို့ ဘုရားဖြစ်မယ့် ရဟန်းဂေါတမကို စွန့်ခွာသွားတယ်။

★ ဗုဒ္ဓဂါယာရောက်ဖူးတဲ့သူတွေ သိမှာပါ နေရဥ္စရာမြစ်နဲ့ သူတို့ထွက်ခွာသွားတဲ့ ဗာရာဏသီ မိဂဒါဝုန် ဘယ်လောက်ဝေးလဲ အခု လမ်းကောင်းကောင်း ကားကောင်းကောင်းသွားတာလေ ငါးနာရီ ခြောက်နာရီခရီးစီးရတယ်။ ခရီးသွားရတယ် မော်တော်ကားနဲ့ လမ်းကောင်းကောင်း။ ဘုန်းဘုန်းတို့ ဗုဒ္ဓဂါယာစရောက်တဲ့ ၉၃-ခုနှစ်တုန်းကဆိုရင် အဲ့ဒီတုန်းက လမ်းတွေက အဲ့ဒီလိုမကောင်းသေးဘူး အကြာကြီးစီးရတယ်။ ကားကလည်း ဒီလိုကားကောင်းကောင်းတွေ သိပ်မရှိသေးဘူး။ အကြာကြီးစီးရတယ် ခါးနာနေအောင် စီးရတာ။ ပြီးခဲ့ နှစ်၂၅၀၀ က ပဥ္စဝဂ္ဂီများ လမ်းလျှောက်သွားတာ အဲ့ဒီလမ်းကို အကြာကြီးသွားတာ။ မြတ်စွာဘုရား ဘုရားဖြစ်တာနဲ့ ဓမ္မစကြားတရားဟောတာနဲ့ဆို ရက်ပေါင်း(၆၀)ကွာတယ်၊ ရက်-၆ဝထဲမှာ ၄၉-ရက်နုတ်တဲ့အခါကြတော့ (၁၁)ရက်ရှိတယ်။

★ အဲတော့ မြတ်စွာဘုရားက ဗုဒ္ဓဂါယာကနေပြီးတော့ ဗာရာဏသီကို ခရီးထွက်တာလေ ရောက်အောင်သွားတယ် ခြေကျင်နဲ့ရောက်အောင်သွားတာ အနဲဆုံး ၁၀-ရက် ၁၁-ရက်လောက်ကြာတယ်။ ၁၁-ရက်အများဆုံးပေါ့နော် အနည်းဆုံးဘယ်နှစ်ရက်လောက်ကြာမလဲဆိုတော့ ဖြစ်နိုင်ချေကတော့ ၁၀-ရက် ပတ်ဝန်းကျင်လောက်ပေါ့ လမ်းလျှောက်ရတာ။ ဘုရားဖြစ်မယ့် ဘုရားလောင်း ရဟန်းဂေါတမကို ဒီတိုင်းပစ်ထားပြီးတော့ သူတို့ကထွက်သွားလို်က်တာ ဘာဖြစ်လို့တုန်းဆိုတော့ အင်္ဂလိပ်လို Motivation ဆိုတာလေ လုပ်ချင်အောင်အားပေးတဲ့ဟာ ကိုယ့်ကိုယ်ကို အားပေးတဲ့စိတ် Motivation မရှိတော့ဘူး။ ဒါကြောင့် EQ မရှိတဲ့သူတွေဟာ အလုပ်ကောင်းကိုလုပ်နေရင်းနဲ့ ဒီလိုပဲ အခက်အခဲ အနဲအပါး တွေ့လာပြီဆိုရင် စိတ်ဓာတ်တွေကျပြီးတော့ ရှေ့ဆက်ပြီး လုပ်ချင်တဲ့စိတ်တွေ ကြက်ပျောက် ဌက်ပျောက် ပျောက်သွားတယ်။

★ ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး ပရဟိလုပ်ငန်းတွေ လုပ်လာတာ ခေတ်အဆက်ဆက် အခက်အခဲအမျိုးမျိုးကို ကျော်လွှားတာ ခုလေးတင် အုန်းချော သီတဂူဆေးရုံ ရောက်ခဲ့တယ် အဲ့ဒါကြည့်ပြီး ဆရာတော်ကြီး Motivation။ You know how to motivate yourself ကိုယ့်ဟာကို ဘယ်လိုအားပေးရမယ်၊ အလုပ်တခုကိုလုပ်တယ်ဆိုရင် ကိုယ့်ဟာကို အားပေးတတ်မှ ဖြစ်တာ သိန္နဋ္ဌာန်လို့လဲခေါ်တယ်။

★ ဒီနေရာမှာ ဘုရားလောင်းဂေါတမ မြတ်စွာဘုရားကတော့ သူ့ကိုစွန့်ခွာသွားတဲ့ ပဥ္စဝဂ္ဂီငါးဦးကို စိတ်မပျက်ဘူး၊ သူကနားလည်တယ်။ အော် သူတို့ကမှ ဒုက္ကရစရိယာ အလုပ်မဖြစ်ဘူးဆိုတာ သူတို့ကမှ မသိတာ ဒါလေးကို သူတို့ အဟုတ်ထင်နေတာ ဒါလေးကို ငါကလည်း အဟုတ်ထင်ပြီး တကယ်လုပ်ခဲ့တာ တကယ်လက်တွေ့လည်းစမ်းကြည့်ရော ဒီဟာ မဟုတ်ဘူးဆိုတာ ငါ သိပြီ၊ သူတို့က မသိဘူး။ သူတို့ကို နားလည်ပေးတယ် အဲ့ဒါကို အသိဉာဏ်လို့ခေါ်တယ်။ ဘုရား မဖြစ်သေးဘူးနော် ဒေါသမဖြစ်အောင်လည်း နေတတ်တယ်။ ပဥ္စဝဂ္ဂီတွေ သူရဲ့အလုပ်အကျွေး ပဥ္စဝဂ္ဂီတွေ ဒေါသဖြစ်နေတယ်ဆိုတာကို သူတို့ရဲ့ emotion သူတို့ရဲ့ စိတ်ခံစားမူ ကိုလည်း သိတယ် နားလည်တယ်။

 ★ အဲ့ဒါကြောင့် ကိုယ့်စိတ်ခံစားမူကိုလည်း သိတယ် သူများစိတ်ခံစားမူကိုသိတာ အဲ့ဒါ EQ။ သိပြီးတော့ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သိတယ်။ မြတ်စွာဘုရားက ဒီနေရမှာကြတော့ သူ့ကိုယ်ကိုယ်သူ ကိုင်တွယ်နိုင်တယ်။ ဘုရားမဖြစ်သေးတော့ ပဥ္စဝဂ္ဂီငါးဦးအတွက်ကိုတော့ မကိုင်တွယ်နိုင်သေးဘူး။ သူတို့ကလည်း ထွက်သွားတယ် နားလည်အောင် ပြောလည်း သူတို့က လက်မခံဘူး သူတို့ကထွက်သွားတယ်။

★ အဲ့ဒါနဲ့ မြတ်စွာဘုရားက “အတ္တာဟိ အတ္တနောနာထော” သူ့ကိုယ်ကိုယ်ကို ပြန်ပြီးအားကိုးရတယ် အဲ့ဒီအချိန်မှာ Motivation ပဥ္စဝဂ္ဂီငါးဦးဆီကနေ မလာတော့ဘူးဆိုတော့ ဘယ်သူ့ဆီကနေ လာသလဲ? သူ့ရင်ထဲကနေ သူ့နုလုံးသားကနေလာတယ် သူ့ကိုယ်သူ ပြန်အားပေးရတယ်။ အဲ့ဒီလိုပဲ တရားပရိတ်သတ်တို့ ဘဝမှာ တခါတခါ မိတ်ဆွေတွေက ကိုယ်လုပ်တာကို နားမလည်ဘူးဆိုရင် အဲ့ဒီအချိန်မှာ နံပါတ် (၁) သူတို့ကိုပြန်ပြီးတော့ အထင်မလွှဲနဲ့ သူတို့ကို နားလည်အောင်ကြိုးစားပါ။ သူတို့ကို နားလည်မှ ကိုယ်ကလည်းပဲ လုပ်နေတဲ့အလုပ်ကို ဆက်ပြီးလုပ်ချင်တဲ့ Motivation ရှိမယ်။ ဒီနှစ်ခုက ဆက်စပ်နေတယ်။

★ သူတို့ကို ကိုယ်က ဒေါသဖြစ်လိုက်ပြီ အထင်လွှဲလိုက်ပြီဆိုရင် ဒီအလုပ်ကိုဆက်လုပ်ဖို့ motivation စိတ်ဓာတ်အင်အားကလည်းပဲ နည်းသွားတယ်။ သူတို့က တခုခုပြောတယ်ဆိုလည်း သူတို့က ငါ့ကို တိုက်ခိုက်ပြန်ပြီ မကူညီနိုင်ရုုံတင်မကဘူး ပြန်ပြီး တိုက်ခိုက်နေပြီဆိုပြီးတော့ ကိုယ်က သူတို့ကို ပြန်ပြီးတော့ မကောင်းတာပြော သူတို့ကို ကိုယ့်ကို ပြန်မကောင်းတာပြော အဲ့ဒီလို လုပ်တယ်ဆိုရင် နှစ်ဖက်စလုံးက အချင်းချင်း မကောင်းပြောနေကြတာ ကဲ့ရဲ့နေကြတာ အတူတူအနူနူပဲတဲ့။ ဘယ်သူကမှ ဘယ်သူ့ထက် မသာဘူး။

 ★ ဒီနေရာမှာ မြတ်စွာဘုရား ပဥ္စဝဂ္ဂီထက် သာတယ်ဆိုတာက မြတ်စွာဘုရားက စိတ်ဓာတ်မကျဘူး၊သူတို့က စိတ်ဓာတ်ကျတယ်။ မြတ်စွာဘုရားက သူ့ကိုယ်ကိုယ်သူ အားပေးတဲ့ Motivation ရှိတယ်။ ပဥ္စဝဂ္ဂီငါးဦးက Motivate လုပ်လို့ motivate ရှိနေတာ မဟုတ်ဘူး သူ့ကိုယ်သူ Motivate လုပ်တာ။ ဘာလို့တုန်းဆိုတော့ သူလုပ်ချင်တာသူသိတယ် သူ့စိတ်ခံစားမူ သူ့ emotion ကိုသူသိတယ်။ ပဥ္စဝဂ္ဂီတွေရဲ့ reaction သူတို့ရဲ့ စိတ်ခံစားမူ emotion ကိုလည်း သိတယ်တဲ့။ အဲ့ဒါ နောက်ဆုံးကျော်ရတဲ့ ကုန်းပဲ။ အဲ့ဒီတောင် နောက်ဆုံးကျော်ရတဲ့တောင်။

★ အဲ့ဒီတောင်ကို ကျော်ပြီးတော့ ဗောဓိပင်အောက်မှာ ထိုင်တဲ့အခါကြတော့ စိတ်ထဲမှာ အနုသယခေါ်တာပေါ့ နက်နက်နဲနဲ တည်ရှိတဲ့ negative emotion တွေ စိတ်ခံစားမူအဆိုးကြီးတွေ အင်မတန်မှ အားကောင်းတဲ့ မှန်ပြောင်းနဲ့တူတဲ့ ဆန္ဒတရားတွေ သတိတရားတွေ မဂ္ဂင်ရှစ်ပါးထဲမှာပါတဲ့ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပဆိုတဲ့ ပညာတရားတွေ၊ အဲ့ဒီတရားတွေနဲ့ ကြည့်လိုက်တဲ့အခါကြတော့ နောက်ဆုံးခေါင်းမော့လာတဲ့ အနုသယ အဲ့ဒီ အနုသယကို ပုံဖော်ထားတာ မြတ်စွာဘုရားကို စစ်လာတိုက်တယ်လို့ ပြောတယ်လေ။

 ★ အဲ့ဒီမာရ်နတ်စစ်တပ်က ပစ်ပစ်သမျှလက်နက်တွေက ဘာဖြစ်သွားတုန်း ပန်းပဲဖြစ်သွားတယ်။ မြတ်စွာဘုရား စိတ်နုလုံးတော်ကို အန္တရယ်မပြုနိုင်တော့ဘူး။ ဘာလို့မပြုနိုင်လဲ အော် မြတ်စွာဘုရား ဒီထဲမှာ ဖြစ်နေတဲ့ ငါ့ရင်ထဲမှာ ဖြစ်နေတဲ့ အနုသယတွေ ဒီအနုသယတွေ ဒါတွေက စိတ်ခံစားမူ မဟုတ်ဘူး အရင်းအမြစ်တွေ အရမ်းကို လေးလေးနက်နက် အမြစ်တွယ်နေတဲ့ အရင်းအမြစ်တွေပဲ အဲ့ဒါကိုကြည့် ကြည့်ပြီးတော့ ဒုက္ခအနေနဲ့မြင်တယ် ကြည့်ပြီးတော့ သမုဒယအနေနဲ့ မြင်တယ် ကြည့်ရင်းကြည့်ရင်းနဲ့ အဲဒီလို ဒုက္ခနိရောဓကိုရောက်သွားတာ။

★ ရောက်သွားပြီးတော့ မြတ်စွာဘုရားကို ဘယ်ကိုကြွတုန်း (၄၉)ရက် ဗုဒ္ဓဂါယာမှာနေပြီးတော့ ဗာရာဏသီကိုကြွတယ် ပဥ္စဝဂ္ဂီငါးဦးဆီကြွတယ်။ ပြန်ပြီးတော့ စဉ်းစားကြည့် မိတ်ဆွေဟောင်းနဲ့ ပြန်ပြီးတော့တွေ့တာ မြတ်စွာဘုရားက သူတို့ကို လာခဲ့ ငါတရားတွေသိပြီး ငါ့ဆီလာခဲ့ ငါ နင့်တို့ကို ပြောပြမယ် ဒီလိုခေါ်တာ မဟုတ်ဘူး။ စာနဲ့ ဆင့်ဆိုတာမျိုးမဟုတ်ဘူးပေါ့။ လှမ်းခေါ်တာ မဟုတ်ဘူး။

 ★ အဲ့လိုလှမ်းခေါ်မယ့်အစား မြတ်စွာဘုရားက သူတို့ဆီကို ကြွသွားတယ်။ လူနှစ်ယောက်ရန်ဖြစ်တယ်၊ လူတစ်ယောက်က ထွက်သွားတယ် ထွက်သွားတဲ့သူနောက်ကို နောက်တစ်ယောက်က လိုက်သွားတယ်ဆိုရင် အဲ့ဒါကို မြန်မာလိုဘယ်လိုပြောတုန်း ပြန်ချော့တယ်လို့ပြောတယ်။ ဒီနေရာမှာလည်းပဲ ပဥ္စဝဂ္ဂီငါးဦးကို ကရုဏာနဲ့ ပြန်ချော့တယ်လို့ ကလေးစကားပြောမယ်ဆို ပြောနိုင်တာပေါ့။ မြတ်စွာဘုရားက ကရုဏာနဲ့ သစ္စာလေးပါးဆေးကို ချော့ပြီးတော့တိုက်တာ။

★ မြတ်စွာဘုရား ကြွလာတာမြင်တော့ ဟေး ဟိုမှာ ဇိမ်ခံတဲ့ ပုဂ္ဂိုလ်ကြီး အစားအသောက်အကောင်းတွေစားတဲ့ လူကြီးလာနေပြီ ဘယ်သူမှ မကြိုဆိုနဲ့ ဂတိတွေက လုပ်လိုက်သေးတယ်။ အနားရောက်လာတဲ့ အခါကြတော့ ဘယ်သူမှ မနေနိုင်ဘူး။ ဘာလို့မနေနိုင်လဲ မြတ်စွာဘုရားက သူ့မှာရှိတဲ့ စိတ်ခံစားမူက မေတ္တာတွေ ကရုဏာတွေနဲ့ အဲ့ဒါတွေနဲ့ လာတာ။ တင်းမာတဲ့ လက္ခဏာ လုံးဝမရှိဘူး။ လုံးဝမရှိယုံတင်မကဘူး မျက်နှာကလည်း ကြည်လင်နေတာ။

★ ဒါနဲ့ နေရာပေးတဲ့သူကပေး ခြေဆေးတဲ့သူက ခြေဆေး သောက်ရေခပ်တဲ့သူကခပ် အဲ့ဒါနဲ့ သူတို့ကို တရားဟောမယ်လုပ်တဲ့အခါကြတော့ သူတို့ကို လက်မခံချင်သေးဘူး စိတ်ထဲမှာ ခိုးလိုးခိုးလုဖြစ်နေတာတွေက ရှိနေသေးတာ သိပ်မယုံချင်သေးဘူး အဲ့ဒီ emotion တွေကို မြတ်စွာဘုရားကသိတယ်။ အဲ့ဒါနဲ့ မြတ်စွာဘုရားက ဘယ်လိုပြောတုန်း ဒီမှာကြည့် အခု ငါပြောတဲ့ဟာက ငါတို့နင်တို့ အတူတူခြောက်နှစ်လောက်နေလာတာ ငါ ဒီစကားမျိုးပြောဖူးလို့လား?

★ ငါ အခု အသစ်အဆန်းတွေ့လာတယ် တရားတွေ့လာတယ်။ အချိန်လေးပေးပြီးတော့ နားထောင်ကြည့်စမ်းပါ တခါထပ်ချော့တာ ပဥ္စဝဂ္ဂီငါးဦးကို။ အဲ့လိုချော့ပြီးတော့ ပြောပြတဲ့အခါကြတော့ ဓမ္မစကြာတရားဖြစ်လာတယ်။ ဓမ္မစကြာတရားဟောတာနဲ့ တခြားတရားတွေဟောတာ တခြားသုတ္တံ ဘာကွာတုန်းဆိုတော့ ဓမ္မစကြာဟောတာ မြတ်စွာဘုရားက သူ့ကိုယ်တွေ့အနေနဲ့ဟောတာ။ တရားနာတဲ့ပုဂ္ဂိုလ်ကို တရားသင်ပေးတဲ့ ပုံစံမျိုးထက် သူ့ကိုယ်တွေ့အနေနဲ့ ဟောပြတာ။

★ ဒါကြောင့် သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် ဆိုတာ ဓမ္မစကြာထဲမှာ ရှိတယ်။ အဲ့ဒီချိန်မှာလေ ကတဉာဏ်ဆိုတာလေ သစ္စာလေးပါးထဲမှာ ဒုက္ခသစ္စာကို သိပြီးပြီ၊ သမုဒယသစ္စာကို ပယ်ပြီးပြီ၊ နိရောဓကို ဆိုက်ရောက်ပြီးပြီ မျက်မှောက်ပြုပြီးပြီ၊ မဂ္ဂသစ္စာကို ပွားများပြီးပြီဆိုတာ ဘယ်သူပဲရှိတုန်း ခြောက်ယောက်ရှိတယ် အဲ့မှာ ပဥ္စဝဂ္ဂီငါးပါး နဲ့ မြတ်စွာဘုရား ခြောက်ပါးရှိတာ။

 ★ ဘယ်သူကပဲ ကတဉာဏ်လုပ်ပြီးတော့ မြတ်စွာဘုရားကပဲလုပ်ပေးတာ။ ကတဉာဏ် မြတ်စွာဘုရားပဲရှိတယ်။ အဲ့ဒီအချိန်မှာ သူ့ကိုယ်တွေ့ကို သူပြောပြတယ်။ ပြသာနာရှိလာပြီ ဒုက္ခရှိလာပြီဆိုရင် ဘယ်လိုကိုင်တွယ်ရမလဲ စိတ်ခံစားမူဘယ်လိုကိုင်တွယ်ရမယ် ဘယ်လို emotion ဖြစ်ရင် ဘယ်လို manage လုပ်ရမယ် ကိစ္စဉာဏ်၊ အဲ့ဒီ ကိစ္စဉာဏ်ကိုလည်းပဲ ဘယ်သူကပဲသိလဲ မြတ်စွာဘုရားကပဲသိတယ်။

★ ဒုက္ခကိုသိတာ ပဥ္စဝဂ္ဂီငါးဦးကလည်းသိတာပေါ့ ဒုက္ခကိုသိလို့ သူတို့တောထွက်ကြတယ်လေ။ တရားတွေအားထုတ်ကြတာ။ သစ္စာဉာဏ်တော့ သူတို့လည်းသိတယ် သိတဲ့အတိုင်းအတာတော့ ကွာချင်ကွာမှာပေါ့ မြတ်စွာဘုရားနဲ့ ဒါပေမဲ့ သူတို့လည်းသိတယ်။ ဆိုလိုတာက ဓမ္မစကြာကို မြတ်စွာဘုရားက ပဥ္စဝဂ္ဂီငါးဦးကို ပြောပြတဲ့နေရာမှာ ပဥ္စဝဂ္ဂီငါးဦးကို ဟောတာထက် ပဥ္စဝဂ္ဂီငါးဦးက သူ ဘုရားဖြစ်ပြီ သဗ္ဗညုတဉာဏ်ရပြီဆိုတာကို နားလည်အောင် ယုံကြည်အောင် မြတ်စွာဘုရားက သူရဲ့ကိုယ်တွေ့ တရားရတဲ့ကိုယ်တွေ့ကို ပြန်ပြီးတော့ ပြောပြတာ။ ဒါကြောင့်သစ္စာလေးပါး ဟောတာခြင်းတူရင် တခြားသုတ္တံ နဲ့ ဓမ္မစကြာသုတ်နဲ့ကွာတာ ဒီဟာလေးကွာတယ်။ ဒီဟာကြ မြတ်စွာဘုရား သူရဲ့ကိုယ်တွေ့ဟောတာ။

★ မြတ်စွာဘုရား သူရဲ့ကိုယ်တွေ့ဟောတာတွေ တခြားသုတ္တံတွေလည်းရှိပါတယ် ဥပမာ ဘုရားအလောင်းဖြစ်စဉ်တုန်းက ဘယ်လိုကျင့်တယ် အဲ့ဒါမျိုးတွေ ပြောပြတာတွေရှိပါတယ်။ ဒီနေရာမှာ ဆိုချင်တာက မြတ်စွာဘုရားက ပဥ္စဝဂ္ဂီငါးဦးကို သူ့ကိုပြန်ပြီးတော့ နားထောင်ချင်အောင် သူ့အပေါ်မှာ ပြန်ပြီးတော့ ယုံကြည်မူရှိအောင် မြတ်စွာဘုရားက ပဥ္စဝဂ္ဂီငါးဦးရှိတဲ့နေရာကို ကြွသွားလိုက်တယ်။ နောက်တခုက သူတို့ကိုပြောတာက ဒီမှာကြည့်စမ်းပါအုန်း ဒါအရင်တုန်းက ပြောဖူးလို့လား မပြောဖူးဘူး။

 ★ အဲ့လိုထောက်ပြတော့ ပဥ္စဝဂ္ဂီငါးဦးက တကယ့်သူတော်ကောင်းတွေ တကယ့်သမာဓိရှိတဲ့ပုဂ္ဂိုလ်တွေ တရားကိုယုံကြည်လေးလေးစားစားနဲ့ ရှာနေတဲ့ပုဂ္ဂိုလ်တွေဆိုတော့ သူတို့ချက်ခြင်းသိတယ်။ တကယ့်ပညာရှိကြီးတွေ။ "ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု” ဘယ်သူမှ မကြားဘူးဖူး။ သူတို့ထွက်ခွါပြီးမှ မြတ်စွာဘုရားကသိတဲ့တရား သစ္စာလေးပါးတရား။ အဲ့လိုပြောပြီးတော့ သူတို့ရဲ့ attention သူတို့ဂရုစိုက်မူ သူ့တို့နားထောင်ချင်အောင် မြတ်စွာဘုရားက ပြောနိုင်တယ်။

★ တနည်းအားဖြင့် ပြောမယ်ဆိုရင် သူတို့စိတ်ထဲမှာ ဘယ်လောက်ထိ စိတ်ဓာတ်ကျထားတယ် အခု ထက်ပြီးတော့ သူတို့ဆီရောက်လာတော့ စိတ်ဓာတ်လေးကနည်းနည်းလေးမြင့်လာတယ် အခု ငါ့ကို နေရာပေးပြီ နေရာထိုင်ခင်းပေးပြီး ဒါပေမဲ့ ဘယ်လောက်က ကျနေသေးတယ် ဘယ်လောက်ကမြင့်နေသေးတယ် သူတို့စိတ်ဓာတ် ဘယ်အနေအထားမှာ ရှိနေသးတယ် စိတ်ခံစားမူ သူတို့ရဲ့စိတ်ခံစားမူကို မြတ်စွာဘုရားက အတတ်သိတော်မူတယ်။

★ ဒါကြောင့် မြတ်စွာဘုရားက သူတို့ကို တရားဟောလိုက်တော့ သူတို့တရားတွ ရသွားတယ်တဲ့ ဓမ္မစကြာသုတ်နဲ့ အနတ္တလက္ခသုတ်၊ ပြီးလည်းပြီးရာ ရဟန္တာတွေဖြစ် နောက်ထပ်ဆက်ပြီးဟောတာ ရဟန္တာအပါးခြောက်ဆယ်ပြီးသွားတဲ့အခါမှာ မြတ်စွာဘုရားက အဲ့ဒီ ရဟန္တာမထေရ်အပါးခြောက်ဆယ် ဒီအတိုင်း အေးအေးဆေးဆေး ဖိုလ်ဝင်စားပြီး အေးအေးဆေးဆေး မနေအောင်၊ အဲ့လိုနေမယ့်အစား လူတွေကြားထဲ ဒီတိုင်းသွားပြီး လူတွေကိုကူညီအောင် တရားဟောအောင် မြတ်စွာဘုရားက ဘယ်လို Motivation ပေးတုန်း ဘယ်လို Motivate လုပ်တုန်း ဘယ်လိုအားပေးတုန်း ဘယ်လိုဆွဲဆောင်တုန်း ဘယ်လို စည်းရုံးတုန်း သင်တို့ကလည်းပဲ လွတ်မြောက်ပြီတဲ့ ငါကလည်း လွတ်မြောက်ပြီ တူတူပဲ။

★ အဲ့ဒီစကားလေးက မြတ်စွာဘုရားက emotion managment မှာ အရမ်းကောင်းတယ် ရဟန္တာမထေရ်မြတ်တွေကို ထပ်ပြီးတော့အားပေးလိုက်တာ တရားကျင့်အောင်တော့ အားပေးပြီးပြီ တရားရပြီးပြီ တရားထပ်ပြီးတော့ဟောအောင် အပင်ပန်းခံပြီးတော့ ဟောအောင် ပြောတဲ့နေရမှာ မြတ်စွာဘုရား emotion managment ဘယ်လောက်ကောင်းတုန်း။ ငါကလည်း ကိလေသာကနေ အကုန်လုံးလွတ်မြောက်ပြီ နင်တို့ကလည်းပဲ လွတ်မြောက်ပြီ ဒါတူတူပဲ ဆိုလိုတာက ကိုယ့်ဟာကိုယ်ယုံကြည်ပါ သွားပြီးတော့ အလုပ်လုပ်ပါ။

★ တစ်ကြောင်းထဲကို နှစ်ပါးမသွားနဲ့ တစ်ပါးတည်းသွား လူကနဲကို နဲနဲနဲ့ကျဲကျဲဝိုင်းတယ်။ နဲနဲနဲ့ ကျဲကျဲဝိုင်းတဲ့ ပုဂ္ဂိုလ်တွေမှာ အများကြီးဝန်ထုပ်ဝန်ပိုးထမ်းရတယ်၊ အဲ့လိုထမ်းခိင်အောင် ခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်က motivate လုပ်ရတယ် စည်းရုံးရတယ် မြတ်စွာဘုရား စည်းရုံးတာ ဘယ်လောက်တော်လဲ။ တရားမသိသေးတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကရုဏာဖြစ်တယ် အဲ့ဒီ မဟာကရုဏာတော်နဲ့ စည်းရုံးတယ်။

 ကျေးဇူးတော်ရှင်Oxfordဆရာတော်ဒေါက်တာဓမ္မသာမိ 🙏 🙏 🙏

“စိတ်ခံစားမှု မျက်လုံးကောင်းအင်အား - The Power of Emotionally Intelligent Eyes (၂၄.၁၂.၂၀၁၇)” တရားတော် မှ ကောက်နှုတ်ဖော်ပြပါသည်။

 credit to #ThazinHteik