သမာဓိကိုအားပြုသူနှင့် သတိကို အားပြုသူ
ကိုထူး ။ ။တရားအားထုတ်တဲ့အခါ ပြင်လိုက်ရင် အစကို ပြန်ရောက်သွားသလို ခံစားရပါတယ်။ မပြင်ပြန်တော့လည်း မခံနိုင်ဘူး။ အဲဒါ ဘယ်လို ဖြစ်လို့ပါလဲဘုရား။အရှင် ။ ။သမာဓိကိုအားပြုပြီး အားထုတ်လို့ပါ။ သမာဓိကို အားပြုပြီး အား ထုတ်တဲ့သူတွေဟာ မခံနိုင်လို့ပြင်လိုက်ရင် အစကို ပြန်ရောက်သွား သလို ခံစားရတတ်ပါတယ်။ သတိကို အားပြုပြီး အားထုတ်တဲ့ ယောဂီတွေကျတော့ ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ အစကို ပြန်ရောက်သွားသလို မခံစားကြရပါဘူး။ ဒီနေရာမှာ 'သမာဓိကို အားပြုပြီးအားထုတ်တယ်'ဆိုတာနဲ့ 'သတိကို အားပြုပြီး အားထုတ် တယ်'ဆိုတာကို
ကွဲကွဲပြားပြား နားလည်ထားသင့်ပါတယ်။ တကယ် တော့ ဝီရိယရယ်၊ သတိရယ်၊ သမာဓိရယ်ဆိုတဲ့ တရားသုံးပါးဟာ 'သမာဓိမဂ္ဂင်' ၃ ပါးစာရင်းဝင် ဖြစ်ကြလေတော့ သမာဓိနဲ့ သတိတို့ ဟာ တစ်အုပ်စုတည်းဖြစ်တဲ့တရားတွေပါပဲ။
ကိုထူး ။ ။တင်ပါ့ဘုရား။
အရှင် ။ ။အဲဒီ ၃ ပါးမှာ အားထုတ်တယ်ဆိုတာက ဝီရိယ၊ အာရုံပေါ်တိုင်း ပေါ်တိုင်း အာရုံအပေါ်မှာကပ်ကပ်ပြီး သိသိပေးနေတာက သတိ၊ အဲဒီ ၂ ခုပေါင်းစုအားကြောင့် အာရုံအပေါ်မှာ တည်ကြည်ငြိမ်သက် လာတာကတော့ သမာဓိပေါ့။
ကိုထူး ။ ။တင်ပါ့ဘုရား။
အရှင် ။ ။အဲဒီမယ် .. သမာဓိရရေးကို ဦးတည်ပြီး အားထုတ်တဲ့သူတွေမှာ လှုပ်လိုက်ပြီ၊ ပြင်လိုက်ပြီဆိုရင် စိတ်ထဲမှာ ကိုယ့်ကိုယ်ကို အားမလို အားမရတဲ့သဘောတစ်မိုျး ဖြစ်လာတတ်တယ်။ အဲဒီသဘောကို ကုက္ကုစ္စလို့ ခေါ်တယ်။ ငြိမ်နေရာကနေ လှုပ်လိုက်တာမို့ (လှုပ်လိုက် တဲ့အပေါ်မှာ သတိသာ မထားမိရင်) စိတ်ပျံ့လွင့်သွားမှု သဘောပါ ဝင်လာတတ်တယ်။ အဲဒီသဘောကိုတော့ ဥဒ္ဓစ္စလို့ ခေါ်တယ်။
ကိုထူး ။ ။တင်ပါ့ဘုရား။
အရှင် ။ ။အဲဒီ ၂ ပါးဟာ မငြိမ်သက်မှုသဘော၊ စိတ်မချမ်းသာစရာကိုသာ ကြံစည်တတ်တဲ့သဘော၊ သမာဓိရဲ့ဆန့်ကျင်ဘက်တွေချည်း ဖြစ်ကြ တဲ့သဘော၊ အဲသလို သဘောတရားတွေချင်းတူတဲ့အတွက် အဲဒီ ၂ပါးကိုပေါင်းပြီး ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏလို့ ခေါ်တယ်။ နီဝရဏ ဆို တာက ကုသိုလ်စိတ်ကို-ပိတ်ဆို့-တားမြစ်-ညစ်ညူးစေတတ်တဲ့ တရား၊ ပညာရဲ့အားနည်းမှုကိုပြုတတ်တဲ့တရားပါ။ အဲဒီ နီဝရဏ သဘောဝင်ရောက်လာပြီဆိုတာနဲ့ စောစောက ရထားခဲ့တဲ့ သမာဓိ အားတွေဟာ ယုတ်လျော့သွားတော့တာပဲ။ အဲသလို သမာဓိအား တွေ လျော့ကျသွားတဲ့အတွက်ကြောင့်ပဲ ပြင်လိုက်ရင် အစကို ပြန် ရောက်သွားသလို ခံစားရတတ်ကြတာ ဖြစ်ပါတယ်။ ဒါဟာ သမာဓိကို အားပြုပြီး အားထုတ်တဲ့သူတွေမှာ ဖြစ်တတ်တဲ့သဘောပါပဲ။
ကိုထူး ။ ။တင်ပါ့ဘုရား။
အရှင် ။ ။သတိကို အားပြုပြီး အားထုတ်တယ်ဆိုတာက ငြိမ်သက်မှုသမာဓိ ကို ရရေးထက် ဘာပေါ်ပေါ် လိုက်လိုက်သိနေနိုင်ဖို့ အလေးထားပြီး အားထုတ်တာမိုျးကို ဆိုလိုတယ်။ ဝင်လေထွက်လေ၊ ဝင်လေထွက် လေ၊ ဝင်လေထွက်လေ ... စသည်ဖြင့် တူညီတဲ့အာရုံတစ်ခုတည်း မှာပဲ သတိကိုကပ်ထားပြီး ရှုမှတ်တာမိုျး မဟုတ်ဘူး။ သူ့ကျတော့ ဝင်လေထွက်လေကိုလည်း ရှုမှတ်တယ်၊ လက်လှုပ်ရင်လည်း ရှုမှတ် တယ်၊ ခေါင်းငဲ့ရင်လည်း ရှုမှတ်တယ်၊ ကွေးရင် ဆန့်ရင်လည်း ရှု မှတ်တယ်။ ဆိုလိုတာက စိတ်ကို တစ်နေရာတည်းမှာပဲ တည်ငြိမ် နေစေဖို့ထက်၊ အမှတ်သတိမလွတ်ဖို့ကို ပိုပြီး အရေးထားတယ်။ အဲသလိုသူမိုျးတွေကတော့ မခံသာလို့ ပြင်လိုက်ရသော်လည်း သမာဓိရရေးကို အလေးထားပြီး အားထုတ်သူတွေလို အစကို ပြန် ရောက်သွားတယ်ဆိုတာမိုျး သိပ်မခံစားကြရတတ်ပါဘူး။
ကိုထူး ။ ။တင်ပါ့ဘုရား။
အရှင် ။ ။ဒါဖြင့် ဒီနေရာမှာ၊ သတိကိုအားပြုပြီး ရှုတဲ့သူတွေမှာ သမာဓိဆိုတာ မဖြစ်တော့ဘူးလားလို့ မေးစရာရှိလာပြန်တယ်။ တကယ်တော့ သတိ နဲ့ ဝီရိယ အားကောင်းရင် သမာဓိဆိုတာ ဖြစ်လာစမြဲပါပဲ။ သို့သော် သူတို့မှာဖြစ်တဲ့ သမာဓိက ဝင်လေထွက်လေ၊ ဝင်လေထွက်လေ၊ ဝင်လေထွက်လေစတဲ့ တူညီတဲ့အာရုံတွေပေါ်မှာတည်တဲ့ သမာဓိမိုျး မဟုတ်ဘဲ အသစ်အသစ်သော အမိုျးစားတူ၊အမိုျးအစားကွဲ အာရုံ တွေအပေါ်မှာ စိတ်ကိုတည်ငြိမ်အောင် ပြုတတ်တဲ့ သမာဓိမိုျးပဲ ဖြစ်တယ်။ အဲသလို အမိုျးအစားတူ၊အမိုျးအစားကွဲ အာရုံတွေ အပေါ်မှာ ခဏတိုင်း ခဏတိုင်း လိုက်လိုက်ကပ်ထားတဲ့ သတိကို အခြေခံပြီး ဖြစ်လာတဲ့ သမာဓိမိုျးကို ခဏိကသမာဓိ (သို့မဟုတ်) ၀ိပဿနာသမာဓိလို့ ခေါ်တယ်။ အာရုံတစ်ခုတည်းအပေါ်မှာ ကပ် ထားတဲ့သတိကို အခြေခံဖြစ်လာတဲ့ သမာဓိမိုျးတွေကိုတော့ ဥပစာရ သမာဓိနဲ့ အပ္ပနာသမာဓိလို့ ခေါ်တယ်။
ကိုထူး ။ ။တင်ပါ့ဘုရား။
အရှင် ။ ။ဆိုတော့ အမိုျးအစားတူ၊ အမိုျးအစားကွဲ အာရုံတွေအပေါ်မှာ ခဏတိုင်း ခဏတိုင်း လိုက်လိုက်ကပ်ထားတဲ့ သတိကို အခြေခံပြီး အားထုတ်တဲ့သူတွေအဖို့ရာမှာတော့ မခံသာလို့ ပြောင်းလိုက်ပြင် လိုက်ရသော်လည်း ခဏိက သမာဓိနဲ့သွားနေတာမို့လို့ အစကို ပြန် ပြန်ရောက်သွားသလို မခံစားကြရပေဘူး။
ကိုထူး ။ ။မှန်ပါ့ဘုရား။
အရှင် ။ ။အမိုျးအစားတူ အာရုံတစ်ခုတည်းအပေါ်မှာ စိတ်ကိုတည်ငြိမ်စွာ ထားနိုင်ဖို့ (တစ်နည်းအားဖြင့်) ဥပစာရသမာဓိ၊ အပ္ပနာသမာဓိမိုျး ဖြစ်အောင်ထူထောင်နိုင်ဖို့ ကြိုးစားနေကြသူတွေအဖို့ရာမှာတော့ မခံသာလို့ပြောင်းလိုက်ပြင်လိုက်ရပြီဆိုရင် (သတိနဲ့လည်း အထိန်း အသိမ်းမတတ်သေးရင်) အစကိုပြန်ပြန်ရောက်သွားသလိုမိုျး ခံစား ရတတ်ကြတယ်လို့ မှတ်ပါ။
ကိုထူး ။ ။မှန်ပါ၊ သဘောကျကျေနပ်ပါပြီဘုရား။
မေတ္တာဖြင့်
အရှင်ဝိသာရဒ(ရမ္မာဝတီ) ၁၇/၀၁/၂၀၁၄