Friday, June 8, 2018

ရမှအေးတာ ရအောင်လုပ်၊ စွန့်မှအေးတာ ရအောင်စွန့်

ရမှအေးတာ ရအောင်လုပ်၊ စွန့်မှအေးတာ ရအောင်စွန့်

 ဦး ... ။ ။အိမ်အလုပ်လေးတွေ ခဏထားခဲ့ပြီး တရားစခန်း (၂) ပတ်လောက် သွားဝင်မလို့ပါ ဘုရား။
အရှင် ။ ။ကောင်းပါတယ် ဒကာကြီး။
 ဦး ... ။ ။ငွေရတာတော့ မှန်ပါရဲ့၊ တစ်ခါတစ်ခါကျတော့လည်း တစ်နေ့တစ်နေ့ ဒီလုပ်ငန်းတွေနဲ့ပဲ အချိန်ကုန်သွားရတော့မလားလို့ အတွေးတွေ ဝင်မိပါတယ်။ အသက်ကလေးကလည်းရလာတော့ ကိုယ်နဲ့ ရွယ် တူတွေဆိုတာလည်း သေသွားသူတွေက မနည်းတော့ဘူး ဘုရား။
ကိုယ့်အလှည့်ကလည်း ဘယ်နေ့ရောက်မယ်ဆိုတာ မပြောနိုင်ဘူး။ ဟိုတစ်လောကကိုပဲ အစားမှားသွားတာနဲ့ အတော်လေး ခံလိုက်ရ တယ်။ အိမ်စီးပွားရေးကလည်း အချမ်းသာကြီး မဟုတ်ပေမယ့်၊ အထိုက်အလျောက်ကလေး အဆင်ပြေလာတော့ ဘုရားတရား အလုပ်ဘက်ကို ပိုပြီးအချိန်ပေးတော့မယ်လို့ စဉ်းစားထားပါတယ် ဘုရား။

အရှင် ။ ။ကောင်းပါတယ် ဒကာကြီး။ လောကမှာက 'ရမှအေးတာ ရှိသလို၊ စွန့်မှအေးတာလည်း ရှိပါတယ်'။ ရသင့် ရထိုက်တာတွေကို ရ အောင်ရှာပြီး စွန့်သင့်စွန့်ထိုက်တာတွေကို စွန့်နိုင်အောင် ကြိုးစား နိုင်တယ်ဆိုရင် အဲဒါ လူသာဓုခေါ်၊ နတ်သာဓုခေါ်တဲ့ အလုပ်ပါပဲ ဒကာကြီး။

ဦး ... ။ ။မှန်ပါ့ဘုရား။ အရှင် ။ ။စီးပွားဥစ္စာရယ်၊ ကိုယ်ကျင့်တရားရယ်၊ အသိပညာရယ် ဆိုတဲ့ ဒီ သုံးပါးမယ် ... စီးပွားဥစ္စာဆိုတာက ရမှအေးတဲ့အရာမိုျးလည်း ဖြစ်သလို၊ စွန့်မှအေးတဲ့အရာမိုျးလည်း ဖြစ်တယ်။ ကိုယ်ကျင့်တရား နဲ့ အသိပညာကတော့ ရမှအေးတဲ့အရာမိုျးတွေဖြစ်ပါတယ် ဒကာကြီး။

 ဦး .. ။ ။မှန်ပါ့ဘုရား။

အရှင် ။ ။အဏဏသုခ - ကြွေးမြီမရှိတဲ့ ချမ်းသာဆိုတာ စီးပွားဥစ္စာကို သမ္မာအာဇီဝကျကျရှာဖွေရယူတတ်သူတွေမှာသာ ဖြစ်ပေါ်ရရှိနိုင်တဲ့ ချမ်းသာမိုျးပါပဲ။ တစ်ခါ အဲဒီကိုယ်ရလာတဲ့ စီးပွားဥစ္စာ (တစ်နည်း အားဖြင့်) အဲဒီစီးပွားရေးလုပ်ငန်းကို အတိုင်းအတာတစ်ခု၊ အချိန် ကာလတစ်ခုအထိ မစွန့်လွှတ်နိုင်ဘူးဆိုပြန်ရင်လည်း သမာဓိ၊ ပညာ လုပ်ငန်းဖက်မှာ ရင်းနှီးမြှုပ်နှံချိန်မရတဲ့အတွက် အဲဒီကြွေးမြီ မရှိတဲ့ ချမ်းသာထက် သာလွန်တဲ့ သမာဓိကြောင့် ဖြစ်တဲ့ချမ်းသာ၊ ပညာ ကြောင့်ဖြစ်တဲ့ချမ်းသာမိုျးကို မရနိုင်ပြန်ဘူး။ ဒါကြောင့် စီးပွားဥစ္စာ ဆိုတာ 'ရမှအေးတဲ့ အရာမျိုးလည်း ဖြစ်သလို၊ စွန့်မှအေးတဲ့ အရာ မျိုးလည်း ဖြစ်တယ်'လို့ ဆိုတာပေါ့ ဒကာကြီး။

ဦး ... ။ ။မှန်ပါတယ်ဘုရား။ အဲဒါကြောင့်မို့လည်း ဘယ်လောက်ပဲ ဈေး ရောင်းကောင်းပါတယ် ဆိုဆို၊ ဥပုသ်နေ့တိုင်းဟာ တပည့်တော်တို့ မိသားစုရဲ့ဈေးပိတ်ရက်ပါပဲ ဘုရား။ အပတ်စဉ် ဥပုသ်နေ့တိုင်း တပည့်တော်တို့မိသားစုတစ်စုလုံး ဈေးရောင်းမထွက်ဘဲ၊ မပျက် မကွက် ဥပုသ်စောင့်၊ တရားအားထုတ်ကြပါတယ်။ တရားစခန်း ကတော့ အခါအားလျော်စွာ သူတစ်လှည့်ကိုယ်တစ်လှည့် ဝင်ဖြစ် ကြပါတယ်။ အလှူဒါနဆိုတာကတော့ ကိုယ်နိုင်သလောက် လှူဒါန်းကြပါတယ် ဘုရား။

အရှင် ။ ။ဟန်ကျလိုက်တာ ဒကာကြီး။ သာဓု သာဓု သာဓု ပါ ဒကာကြီး။

 မေတ္တာဖြင့်

 အရှင်ဝိသာရဒ(ရမ္မာဝတီ) ၀၂/၀၅/၂၀၁၄